ပြည်တွင်း၌ ဒေါ်လာဖြင့် ငွေပေးချေမှု တားမြစ်ပြီး မလိုက်နာလျှင် အရေးယူရန်အပါအဝင် အချက် ၁၂ ချက်ကို UMFCCI အကြံပြုဟုဆို

ပြည်တွင်း၌ ဒေါ်လာဖြင့် ငွေပေးချေမှု တားမြစ်ပြီး မလိုက်နာလျှင် အရေးယူရန်အပါအဝင် အချက် ၁၂ ချက်ကို UMFCCI အကြံပြုဟုဆို - Property News in Myanmar from iMyanmarHouse.com
27 Aug 2018 11:41 am တွင် တင်ခဲ့သည်
2421 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း၌ အမေရိကန် ဒေါ်လာဖြင့် ငွေပေးချေမှုများကို တားမြစ်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူမှုများဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ပြည်တွင်း၌ ဒေါ်လာသုံးစွဲမှု မပြုလုပ်ရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားစာများ ထုတ် ပြန်ထားသော်လည်း လိုက်နာမှု အားနည်းသဖြင့် အရေးယူသင့်ကြောင်း UMFCCI ၏ အစိုးရထံ တင်ပြချက်တွင် ပါဝင်သည်။

၂၀၁၅ က ဒေါ်လာတန်ဖိုး တက်ပြီး ကျပ်ငွေတန်ဖိုး ကျချိန် တွင် ဗဟိုဘဏ်က ပြည်တွင်း၌ ဒေါ်လာသုံးစွဲမှု လျှော့ချရေး ငွေပေးချေမှုများကို ကျပ်ငွေတစ်မျိုး သာ သုံးစွဲရန် ညွှန်ကြားစာထုတ် ပြန်ခဲ့သည်။

ပြည်ပမှ ကားတင်သွင်းရန် ကြိုတင်ငွေပေးသွင်းရာတွင်ကန် ဒေါ်လာဖြင့် ပေးဆောင်နေရခြင်း ကို ကျပ်ငွေဖြင့် ပြောင်းလဲပေး ဆောင်စေခဲ့သည်။ ဗဟိုဘဏ်ညွှန်ကြားချက်ကို အစိုးရက လိုက်နာ ဆောင်ရွက်ခဲ့သော်လည်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအချို့က လိုက်ပါပြောင်းလဲခြင်း မရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ထို့ကြောင့် လက်ရှိ ကန်ဒေါ် လာတန်ဖိုး မြင့်တက်ပြီး မတည် မငြိမ်ဖြစ်နေချိန်တွင် ဒေါ်လာသုံးစွဲ မှု လျှော့ချနိုင်ရန် UMFCCI က အထက်ပါအချက်အပါအဝင် ၁၂ ချက်ကို အစိုးရထံ အကြံပြုတင်ပြထားကြောင်း အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ပြောသည်။

‘‘ပြည်တွင်းမှာ ဒေါ်လာဈေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ရင် လည်း အကြံပြုတင်ပြဖို့တွေရှိပါတယ်’’ဟု ဒေါက်တာမောင်မောင် လေးက ပြောသည်။

ထို့အပြင် တရားဝင်ကုန် သွယ်ရေးဖြစ်လာစေရန် ကုန် သွယ်ဖက်နိုင်ငံများနှင့် ဦးစားပေး ညှိနှိုင်းဆောင်ရွက်ပြီး နယ်စပ် ကုန်သွယ်မှုတွင် ဘဏ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးရန် အကြံပြုချက် ၁၂ ချက်တွင် ပါဝင်သည်။

ပြည်တွင်း၌ ထုတ်လုပ်နေသော ကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းမည်ဆိုပါက ခွဲတမ်း သတ်မှတ်ချက်၊ အခွန်နှင့် အကောက်ခွန်စနစ်တို့ဖြင့် ထိန်းရန်လည်း အကြံပြုထားသည်။

နိုင်ငံခြားဘဏ်များမှ ကုန်သွယ်ရေးချေးငွေစနစ် ပိုမိုကျယ် ပြန့်စွာဆောင်ရွက်ရန်၊ ကုန်သွယ် ဖက်နိုင်ငံများနှင့် ညှိနှိုင်း၍ ကုန်ပစ္စည်းများ ရောင်းဝယ်ရာတွင် ကန်ဒေါ်လာအစား သက်ဆိုင်ရာ နိုင်ငံ၏ ငွေကြေးကို အစားထိုး သုံးစွဲရန်၊ ဘဏ်တစ်ဘဏ်နှင့် တစ်ဘဏ်အကြား ငွေကြေးဈေးကွက် ပိုမိုဖွံ့ဖြိုးစေရေး ဗဟိုဘဏ်က ဆောင်ရွက်ပေးရန်တို့လည်း ပါဝင်သည်။

ပို့ကုန်မြှင့်တင်ရေးကို ဦးစား ပေးသည့်အနေဖြင့် အခွန်သက် သာခွင့်၊ ဦးစားပေးအစီအစဉ်များ ဆောင်ရွက်ပေးရန်နှင့် အမျိုးသား ပို့ကုန် မဟာဗျူဟာကို ဖွဲ့စည်းပြီး နိုင်ငံတကာသို့ ထိုးဖောက်၍ ကုန် သွယ်ရေးညှိနှိုင်းမှုများ ဆောင် ရွက်ရန်တို့လည်း အကြံပြုချက် တွင် ပါဝင်သည်။

ပြည်ပရောက် မြန်မာနိုင်ငံ သားများ လုပ်ခလစာငွေ ပြည် တွင်းသို့ အလုံးအရင်းဖြင့် ပြန် လည်ဝင်ရောက်နိုင်ရေး ပုဂ္ဂလိက နိုင်ငံခြားငွေလွှဲလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခွင့်ပေးရန်၊ မြေအသုံး ချမှုအပါအဝင် ခက်ခဲနေသော စီးပွားရေးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေး ရန်၊ ပြည်ပပို့ကုန်လုပ်ငန်းများအတွက် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းအင်အား တိုးချဲ့ပြီး ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနိုင်ရေး စီစဉ်ပေးရန်၊ အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပြည်ပမှ ချေးငွေများ၊ မ,တည်ရင်းနှီးငွေ များ ဝင်ရောက်လာမှုကို ဗဟို ဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လျင်မြန်စွာ စိစစ် ခွင့်ပြုပေးရန် စသည့်အချက်များ အကြံပြုထားသည်။

UMFCCI က အစိုးရထံ တင်ပြသည့် အချက် ၁၂ ချက်နှင့်ပတ် သက်၍ ဩဂုတ်အတွင်း အစည်း အဝေးအချို့ ပြုလုပ်ပြီး ညီနောင်အသင်းဝင် စီးပွားရေးလုပ်ငန်းရှင် များ၊ အသင်းချုပ်မှ အလုပ်အမှု ဆောင်များ၏ အကြံပြုချက်များ ကိုစုပေါင်းတင်ပြခြင်းဖြစ်သည် ဟု ဒေါက်တာမောင်မောင်လေး က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service