နောက်ဆုံး အကြံဥာဏ် ( အိမ်ခြံမြေလောက အသောအထေ့ဟာသများ)

နောက်ဆုံး အကြံဥာဏ် ( အိမ်ခြံမြေလောက အသောအထေ့ဟာသများ) - Property News in Myanmar from iMyanmarHouse.com
30 Jul 2018 12:29 pm တွင် တင်ခဲ့သည်
1992 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ထွက်တော့မည်ဖြစ်သော မန်နေဂျာသည် အစားထိုးဝင်ရောက်မည့် မန်နေဂျာသစ်နှင့်အတူ တစ်လခန့်လက်တွဲလုပ်ကိုင်နေရင်း နောက်ဆုံးနေ့သို့ ရောက်ရှိလာ၏။

ထိုနေ့တွင် အလုပ်ထွက်တော့မည်ဖြစ်သော မန်နေဂျာက ပြောသည်မှာ..

“ဒီအံဆွဲထဲမှာ ကျွန်တော် စာအိတ် ၃ ခု ထည့်ခဲ့တယ်။ ခင်ဗျားမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာတစ်ခုကြုံရင် စာအိတ်တစ်လုံးကို ဖွင့်ကြည့်လိုက်ပါ။ စာအိတ်တွေကို နံပါတ်စဉ်တပ်ပေးထားပါတယ်” ဟု မှာကြားကာ နှုတ်ဆက်သွားလေသည်။

သုံးလခန့်ကြာသောအခါ မန်နေဂျာသစ်အတွက် အလွန်ခေါင်းခြောက်ဖွယ်ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရ၏။

မန်နေဂျာသစ်က ယခင်မန်နေဂျာဟောင်း မှာကြားခဲ့သည့်စကားများကို အမှတ်ရပြီး နံပါတ် ၁ စာအိတ်ကို ဖွင့်ကြည့်လိုက်၏။

စာအိတ်အတွင်းမှ စာရွက်တွင် ရေးသားထားသည်မှာ ..

“အရင်လူကို အပြစ်ပုံချလိုက်ပါ” ဟု ဖြစ်၏။

သို့နှုင့် မန်နေဂျာသစ်လည်း မန်နေဂျာဟောင်းအပေါ် အပြစ်ပုံချလိုက်ရာ ပြဿနာတစ်ခုအေးသွားလေသည်။

နောင် ၆ လကြာသောအခါ ရောင်းအားအလွန်အမင်းကျဆင်းသည့်ဖြစ်ရပ်နှင့် ရင်ဆိုင်ရပြန်သည်။

မန်နေဂျာလည်း နံပါတ် ၂ စာအိတ်ကို ဖွင့်ဖတ်လိုက်ရာ စာအတွင်းရေးသားထားသည်မှာ .. “ သင့်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပါ” ဟု ဖြစ်၏။

မန်နေဂျာသစ်လည်း ကုမ္ပဏီတွင် နေရာအပြောင်းအလဲများ ပြုလုပ်၍ ပြန်လည်ဖွဲ့စည်းလိုက်ရာ ရောင်းအားအလျင်အမြန် ပြန်တက်လာလေသည်။

နောက်ထပ် ၃ လခန့်အကြာတွင် အကျပ်အတည်း တစ်ခု ထပ်မံရင်ဆိုင်ရပြန်သည်။

သို့နှင့် နောက်ဆုံးစာအိတ်ကို ဖွင့်ဖတ်လိုက်ရာ စာအတွင်း ရေးသားထားသည်ကား….

“နောက်ဆုံးအကြံပေးရမယ်ဆိုရင်တော့…အရင်ဖတ်ရှုခဲ့သည့် စာများအတိုင်း စာအိတ် ၃ လုံး ရေးသားပြီး အံဆွဲထဲ ပြန်ထည့်ထားပါ” ဟူသတည်း။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service