မာနကြီးပြီး ငွေမရှိသည့် လူငယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အိမ်လခမပေးသောကြောင့် သူ၏အိမ်ရှင်က လာရောက်တွေ့ဆုံရာတွင် အိမ်လခမပေးဘဲ စကားရှည်နေသဖြင့် အိမ်ရှင်မှာ စိတ်မရှည်တော့ချေ။
လူငယ်က “နောက်..လာမယ့်နှစ် အနည်းငယ်လောက်ဆိုရင် လူတွေဟာ ဒီအခန်းကို လက်ညှိုးထိုးပြီး …ကြည့်စမ်း တချိန်တုန်းက အဲ့ဒီအခန်းမှာ နာမည်ကြီးအိမ်ခြံမြေကုမ္ပဏီပိုင်ရှင်ကြီး အိမ်ငှားနေသွားခဲ့တာ..လို့ ပြောကြတော့မယ်” ဟု ပြောရာ အိမ်ရှင်က ပြောလိုက်ပုံကား…
“ဒီညအထိ ငါ့ရဲ့ အိမ်ငှားခကို မပေးဘူးဆိုရင် မနက်ဖြန်မှာပဲ သူတို့ ပြောကြတော့မယ်” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)