ဟောင်ကောင်တွင် ၁၆ ပေ× ၈ ပေ အကျယ်ရှိသည့် ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း( မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်) ဖြင့် အရောင်းအဝယ်ဖြစ်

ဟောင်ကောင်တွင် ၁၆ ပေ× ၈ ပေ အကျယ်ရှိသည့် ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း( မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
28 Jun 2018 12:26 pm တွင် တင်ခဲ့သည်
3812 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် ၁၆ ပေ× ၈ ပေ အကျယ်ရှိသည့် ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း( မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်) ဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း တရုတ်ပြည် ရှန်ဟိုင်းမြို့ အခြေစိုက် ယိစိုင်းဂလိုဘယ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဟောင်ကောင်ရှိ ဇနီးမောင်နှံစုံတွဲသည် လွန်ခဲ့သော ၉ လခန့်က ဝယ်ယူထားခဲ့သည့် အဆိုပါ ကားရပ်နားရန်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း (ကန်ဒေါ်လာ ၇၆၀၀၀၀- မြန်မာငွေ ၁၀၄၃၃ သိန်း) ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။
ယခုအရောင်းအဝယ်မှာ ယခင်က ဟောင်ကောင်တွင် ဈေးအမြင့်ဆုံးရရှိသည့် ကားပါကင်နေရာ၏ စံချိန်ကို ဖြတ်ကျော်သွားသည်။

၁၆ ဒသမ ၄ ပေ× ၈ ဒသမ ၂ ပေ ကျယ်ဝန်းသည့် ကားရပ်နားရန်နေရာကို ရောင်းချရာတွင် ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၆ သန်း အမြတ်အစွန်းရခဲ့သည်ဟု ဆိုသည်။

တည်နေရာမှာ ဟောင်ကောင်၏ နာမည်ကျော် ကောင်လွန်းအရပ်ရှိ Ultima အမည်ရှိ ဇိမ်ခံလူနေအိမ်ရာတွင် တည်ရှိသည်။
Ultima သည် Sun Hung Kai Properties မှ ဆောက်လုပ်ခဲ့သော လူနေအိမ်ရာဖြစ်သည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းအရ စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၄၄၄၄၄ (မြန်မာငွေ ၇၈ သိန်းနီးပါး- ဟောင်ကောင် ၁ ဒေါ်လာ= မြန်မာငွေ ၁၇၅ ကျပ်) နှုန်း ကျသင့်နေသည်။

နိုင်ငံတကာ တန်ဖိုးနည်းအိမ်ရာစစ်တမ်းတစ်ရပ်ဖြစ်သော Demographia International Housing Affordability Survey အရ ဟောင်ကောင်သည် အိမ်ခြံမြေဈေးနှုန်း ဈေးသက်သာသည့် မြို့ကြီးများတွင် အောက်ဆုံးအဆင့်တွင် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ်အတွင်းတွင်လည်း ဟောင်ကောင်အိမ်ရာဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် ဆက်လက်မြင့်တက်လာမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။

ဟောင်ကောင်တွင် နေထိုင်သူများမှာ ငွေကြေးချမ်းသာကြွယ်ဝကြပြီး နေအိမ်ဝယ်ယူရန်အတွက် မည်မျှကုန်ကျသည်ဖြစ်စေ ဂရုမထားကြချေ။

အိမ်ခန်းတစ်ခန်းအတွက် ငွေမည်မျှပေးရသည်ဆိုသည်ထက် ပိုမို၍ သက်တောင့်သက်သာဖြစ်မှုကိုသာ အာရုံထားကြကြောင်း Centaline Property Agency မှ အိမ်ခြံမြေအကျိုးဆောင် Sandia Lau က ပြောကြားသည်။

ယခု အရောင်းအဝယ်မတိုင်မီ ဟောင်ကောင်တွင် ဈေးအကြီးဆုံး ကားပါကင်အဖြစ် ဟောင်ကောင်၏ အနောက်မြောက်ဘက် သမိုင်းဝင်နေရာတစ်ခုဖြစ်သော ဆိုင်းယင်ပန်အရပ်ရှိ မြေနေရာကို ကုမ္ပဏီအမှုဆောင်တစ်ဦးက ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့မှု ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်တွင် ၁၆ ပေ× ၈ ပေ အကျယ်ရှိသည့် ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း( မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်တွင် ၁၆ ပေ× ၈ ပေ အကျယ်ရှိသည့် ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၆ သန်း( မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service