ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ၂၈ ကျပ်တက်

ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ၂၈ ကျပ်တက် - Property News in Myanmar from iMyanmarHouse.com
25 May 2018 10:19 am တွင် တင်ခဲ့သည်
2382 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်လာဝယ်လိုအားများ လာခြင်းကြောင့် ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းက သင်္ကြန်နောက် ပိုင်း တစ်လကျော်အတွင်း တစ် ဒေါ်လာ ၂၈ ကျပ် မြင့်တက်လာသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းဈေး သည် မေလ ၂၄ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၃၅၃ ကျပ် သတ်မှတ် ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ် လာ ၁,၃၄၈ ကျပ်ခန့်ဈေးရှိနေ သည်။ ထို့ကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် သင်္ကြန် ပိတ်ရက်အပြီး တစ်ဒေါ်လာလျှင် ၁,၃၂၅ ကျပ်ရှိရာက စတင်မြင့် တက်လာပြီး တစ်လကျော်အတွင်း တစ်ဒေါ်လာလျှင် ၂၈ ကျပ်မြင့်တက်ခဲ့သည်။

လက်ရှိနိုင်ငံတကာ ဈေး ကွက်တွင် ရေနံစိမ်းတစ်စည်လျှင် ၆ ရာခိုင်နှုန်းခန့်ဈေးတက်လာ ကြောင်း၊ ထို့ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက စက်သုံးဆီကြိုတင်တင်သွင်းရန် ဗဟို ဘဏ်က ဒေါ်လာများဝယ်ယူခြင်း ကြောင့် ဈေးမြင့်တက်ခြင်းဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဓာတ် ဆီနှင့် ဒီဇယ်တစ်လလျှင် တန်ချိန် ၆၀၀,၀၀၀ ခန့်၊ ကန်ဒေါ်လာ ၅၄ သန်းကျော်ဖိုး တင်သွင်းနေသည်။ မြန်မာနိုင်ငံ၏ ဒီဇယ်နှင့် ဓာတ်ဆီ သုံးစွဲမှုပမာဏသည် တစ်ရက်လျှင် ပျမ်းမျှတန်ချိန် ၂၀,၀၀၀ ခန့်ရှိပြီး ဒေါ်လာ ၁၈ သိန်းကျော်ဖိုး တင်သွင်းနေသည်။

မြန်မာနိုင်ငံတွင် မေလကုန် ပိုင်းသည် ကျောင်းအပ်ရာသီဖြစ် ခြင်းကြောင့် ပြည်တွင်းထုတ်ကုန် များဝယ်လိုအားကျဆင်းချိန် ဖြစ် သည်။ ထိုအချိန်တွင် ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် ပြည်ပ သွင်းကုန်များဈေးနှုန်း မြင့်တက် ပြီး ရောင်းချရန်ပိုခက်ခဲလာသည် ဟု မြ၀တီမှ သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စက်သုံးဆီဈေး၊ ဒေါ်လာ ဈေးမြှင့်တက်မှုကြောင့် အပိုလူ သုံးကုန်ပစ္စည်းများ ၀ယ်ယူမှု လျော့ကျလာသည်ဟု ပြည်တွင်း ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ငွေ ကြေးဖောင်းပွမှုကို ၄ဒသမ၉ ရာ ခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။ သို့ သော် နိုင်ငံခြားငွေ ကန်ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service