အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်ဘူတာကြီးစီမံကိန်း ရှစ်နှစ်အတွင်း အပြီးဆောင်ရွက်မည် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဟု ကုမ္ပဏီထုတ်ပြန်

အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်ဘူတာကြီးစီမံကိန်း ရှစ်နှစ်အတွင်း အပြီးဆောင်ရွက်မည် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဟု ကုမ္ပဏီထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 10:12 am တွင် တင်ခဲ့သည်
7290 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်ဘူတာကြီးဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ ပြီးပြတ်ပါက တည်ဆောက်ရေးလုပ်ငန်း များကို ရှစ်နှစ်အတွင်း အပြီးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာ ပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

လက်ရှိတွင် အဆိုပါစီမံ ကိန်း အကောင်အထည်ဖော်ရန် Central Transport Develop-ment Consortium (CTDC)ကုမ္ပဏီကို ကနဦးရွေးချယ်ထား သော်လည်း ဆက်လက်ညှိနှိုင်းရန် ကျန်နေသေးသဖြင့် လုပ်ကိုင်ခွင့်ရရှိပြီဟု ယူဆ၍ မရသေးကြောင်း၎င်းက ဖေဖော်ဝါရီ ၂၀ ရက်၌ ပြုလုပ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

‘‘နိုင်ငံတော်အဆင့် စီမံကိန်း ကြီးဖြစ်နေတာကြောင့် ကျွန်တော် တို့ဘက်က ထပ်ပြီးညှိနှိုင်းတောင်း ဆိုရမှာတွေ ရှိသေးတယ်။ ညှိနှိုင်းမှုတွေ အဆင်ပြေပြီဆိုရင်တော့ နှစ်ဖက် သဘောတူစာချုပ်ချုပ်မယ်။ ပြီးရင် စီမံကိန်းစလုပ်မယ် ပေါ့။ ညှိနှိုင်းမှုက အဆင်မပြေဘူး ဆိုရင် ရွေးချယ်ရေးလုပ်ငန်းစဉ်ဖျက်ပြီး တင်ဒါပြန်ခေါ်သင့်ရင် ပြန်ခေါ်မယ်’’ဟု ဦးထွန်းအောင်သင်းက ပြောသည်။

ကုမ္ပဏီဘက်က တင်ပြထားသည့် အဆိုပြုလွှာနှင့်လူတွေ့စစ်ဆေးဖြေကြားချက်များအရ အ ကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်များသည် မြန်မာ့မီးရထားက မျှော်မှန်းထားသည့်အတိုင်း အားရစရာကောင်းကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်းမှ ပြည် တွင်းအလုပ်အကိုင် တစ်သိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း CTDC က ထုတ်ပြန်ထားသည်။

CTCD သည် ရန်ကုန်ဘူတာ ကြီး ဧရိယာအတွင်း မြန်မာ့မီးရထားပိုင်မြေ ၆၃ ဧကပေါ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် အကုန်ကျခံကာ ရထားနှင့်အများသုံး သယ်ယူပို့ဆောင်ရေး စနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ်တစ်ခု အပါအဝင် အိမ်ရာနှင့် စီးပွားရေးလုပ်ငန်းများအတွက် နေရာများ တည်ဆောက်မည်ဖြစ်သည်။

ယခုစီမံကိန်းမှာ မီးရထားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အခြားသော အများပြည်သူအသုံး ပြုနိုင်မည့် ဆက်သွယ်ရေးနည်း လမ်းပေါင်းစုံစုဝေးရာ ပို့ဆောင် ရေး အချက်အချာနေရာတစ်ခုဖြစ် လာမည့်အပြင် ဒီဇိုင်းအားဖြင့် ရှေးမူလက်ရာ ရန်ကုန်ဘူတာကြီး ဟောင်းနှင့် ခေတ်သစ်လက်ရာ ဘူတာရုံအသစ်ကို အချိုးကျနစွာ ပေါင်းစပ်ဖွဲ့စည်းထားရှိမည်ဖြစ် ကြောင်း ကုမ္ပဏီဘက်က ထုတ် ပြန်ထားသည်။ အများပြည်သူ တန်ဖိုးထားသည့် ၁၉၅၄ က တည်ဆောက်ခဲ့သည်။ လက်ရှိ ရန်ကုန် ဘူတာကြီး အဆောက်အအုံကို လည်း ရှေးမူမပျက် ထိန်းသိမ်း သွားမည်ဖြစ်ပြီး ၂၁ ရာစု၏ နောက်ဆုံးပေါ်လက်ရာတစ်ခုအဖြစ် အ ထင်ကရဖြစ်လာမည့် ဗိသုကာ အခေါ် 'Rotunda' ဟုခေါ်သည့် ဘဲဥပုံသဏ္ဌာန် အမိုးခုံးနှင့် ဘူတာရုံ အသစ်တို့ကိုလည်း မီးရထားလမ်းပေါ်တွင် အုပ်မိုး၍ ထပ်မံဆောက်လုပ်မည် ဖြစ်ရာ အဟောင်းနှင့်အသစ် တစ် ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုနိုင် မည့် ထူးခြားလှပသည့် အဆောက်အအုံတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ယခု ဘက်စုံစီမံကိန်း (mix-use development) တစ်ခုလုံး တွင် ကြမ်းခင်းဧရိယာ စတုရန်းမီ တာ ၁ ဒသမ ၀၉ သန်း ကျယ်ဝန်း မည်ဖြစ်ပြီး ဇုန်ခြောက်ခုပါဝင် မည်ဖြစ်သည်။ ထိုဇုန်များတွင် အထင်ကရ ညီနောင်တာဝါရုံးခန်း အဆောက်အအုံများ၊ အိမ်ရာ များ၊ ဟိုတယ်များနှင့် ဝန်ဆောင် မှုပါ တိုက်ခန်းများ ပန်းခြံနှင့် ပြတိုက်တို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်မှုအတွက် ခန့်မှန်းကြာ မြင့်ချိန် ရှစ်နှစ်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ခန့်မှန်းသည်။

မြန်မာ့မီးရထားပိုင်မြေကို တစ်ဧကလျှင် ကန်ဒေါ်လာ သုံး သန်းဖြင့် နှစ် ၅၀ ငှားရမ်းလုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း ဦးထွန်းအောင် သင်းက ပြောသည်။

မြန်မာ့မီးရထားသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၄ ကတည်းက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး ပထမအကြိမ် တင်ဒါ ခေါ်စဉ်က လိုအပ်ချက်များရှိခဲ့၍ တင်ဒါလုပ်ငန်းစဉ် ဖျက်သိမ်းခဲ့ သည်။

ထို့နောက် ၂၀၁၅ တွင် ဒုတိ ယအကြိမ် EOI ခေါ်ယူခဲ့ရာ တင် သွင်းလျှောက်ထားသည့် ကုမ္ပဏီ အဖွဲ့အစည်း ၃၄ ဖွဲ့ရှိပြီး ၁၈ ဖွဲ့ ရွေးချယ်ခံရကာ နောက်ဆုံးအ ဆင့် တင်ဒါကို ကုမ္ပဏီသုံးခုသာ တင်သွင်းခဲ့သည်။ ကုမ္ပဏီများကို အဆင့်ဆင့်စိစစ်မှုများပြုလုပ်ပြီး နောက် CTDC ကို တင်ဒါအောင် မြင်သည့်ကုမ္ပဏီအဖြစ် ဖေဖော် ဝါရီ ဒုတိယပတ်က အတည် ပြုဆုံးဖြတ်ခဲ့သည်။

Central Transport Deve-lopment Consortium တွင် မြန်မာနိုင်ငံမှ မင်းဓမ္မကုမ္ပဏီက ၄၀ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင် မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို စင်ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် Sino Great Wall ကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ် သည်။ မင်းဓမ္မတကုမ္ပဏီသည် မုတ္တမဟိုးလ်ဒင်း၏ လက်အောက် ခံ ကုမ္ပဏီခွဲ ၂၃ ခုအနက် တစ်ခု ဖြစ်သည်။

‘‘အသစ်တည်ဆောက်မယ့် အဆောက်အအုံတွေမှာ ဆေးရုံ တွေ၊ မီးသတ်စခန်းတွေလည်း ပါဝင်တယ်။ ကုမ္ပဏီဘက်က အဆိုပြုရာမှာ မြန်မာ့မီးရထားဝန် ထမ်းတွေအတွက် အိမ်ရာတည် ဆောက်ပေးရေး ကဏ္ဍတွေလည်း ပါဝင်ပါတယ်’’ဟု ၎င်းက ဆို သည်။ စီမံကိန်းပြီးစီးပါက သုံးစွဲ မည့် ရေ၊ လျှပ်စစ်မီးနှင့် ရေဆိုး စွန့်ပစ်မှုများနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က ရေးဆွဲထား ကြောင်း ဦးထွန်းအောင်သင်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service