နယူးယောက်တွင် တစ်လလျှင် ငှားရမ်းခ ၃၃၂၃ ဒေါ်လာ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) ဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများခေါ်ယူ

နယူးယောက်တွင် တစ်လလျှင် ငှားရမ်းခ ၃၃၂၃ ဒေါ်လာ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) ဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Feb 2018 11:43 am တွင် တင်ခဲ့သည်
5235 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၊ East Harlem တွင် တစ်လလျှင် ငှားရမ်းခ ကန်ဒေါ်လာ ၃၃၂၃ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ကန်ဒေါ်လာ ၆၁၃ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) မျှဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်သည်။

ယခုအစီအစဉ်မှာ ဝင်ငွေနည်းပါးသည့် မိသားစုများအတွက်သာ ရည်ရွယ်ခြင်းဖြစ်ရာ တစ်နှစ်လျှင် ဝင်ငွေ ကန်ဒေါ်လာ ၃၀၅၆၀ အောက် ဝင်ငွေရှိသူများသာ လျှောက်ထားနိုင်မည်ဟု ဆိုသည်။

လူနေခန်းများ ငှားရမ်းပေးမည့် အဆောက်အအုံမှာ the Aspen ဟု အမည်ရပြီး လက်ရှိအားဖြင့် စတူဒီယိုခန်းနှင့် အိပ်ခန်းတစ်ခန်းပါ လူနေခန်းများအတွက် လျှောက်လွှာများ လက်ခံနေပြီ ဖြစ်သည်။

ယင်းအဆောက်အအုံကို Costas Kondylis နှင့် Magnusson Architecture and Planning တို့က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ပဌမရိပ်သာလမ်း ၊ အမှတ် ၁၉၅၅ တွင် တည်ရှိပြီး ၇ ထပ်အဆောက်အအုံဖြစ်ကာ လူနေခန်းပေါင်း ၂၃၂ ခန်းပါဝင်သည်။

နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ ၂၂၉၀၃ မှ ၂၆၇၂၀ ကြားရှိသူတို့သည် စတူဒီယိုခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာဖြင့် ငှားရမ်းခွင့်ရမည် ဖြစ်သည်။

နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ ၂၅၅၄၉ မှ ၃၀၅၆၀ ကြားရရှိသူများမှာမူ အိပ်ခန်းတစ်ခန်းပါ လူနေခန်းများကို တစ်လလျှင် ကန်ဒေါ်လာ ၆၅၉ ဖြင့် ငှားရမ်းခွင့်ရမည် ဖြစ်သည်။

ယင်းအဆောက်အအုံကို ယခင်က ၈၀/၂၀ အဆောက်အအုံဟု ခေါ်ခဲ့သည်။
ဝင်ငွေနည်းပါးသူများအတွက် အဆောက်အအုံ၏ စုစုပေါင်းအခန်းအရေအတွက်မှ ၂၀ ရာခိုင်နှုန်းကို ငှားရမ်းပေးရန်နှင့် ကျန်သည့် ၈၀ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ၅၀ /၃၀ /၂၀ အဖြစ် ပြောင်းလဲခဲ့ပြီး ဝင်ငွေသတ်မှတ်ချက်နယ်ပယ်ချဲ့ထွင်ပေးခဲ့သည်။

ယင်းအစီအစဉ်အရ အခန်းအရေအတွက်၏ ၅၀ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် ငှားရမ်းမည်ဖြစ်ပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း တစ်ခန်းပါ အခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၂၂၁၅ ၊ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါအခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၃၃၂၃ တို့ဖြင့် ငှားရမ်းပေးရန် စီစဉ်ခဲ့သည်။

အဆောက်အအုံတည်ရှိရာနေရာသည် ရှေးယခင်က ဘေ့စ်ဘောကစားကွင်းအဖြစ် အသုံးပြုခဲ့သည်။

အဆောက်အအုံတွင် ဂိုဒေါင်တစ်လုံး၊ ကျန်းမာရေးလေ့ကျင့်မှု စင်တာ၊ အဝတ်လျှော်ခန်းတို့ ပါဝင်သည်။

လျှောက်ထားလိုသူများသည် MBreger@phippsny.org သို့ အီးမေးလ်ဖြင့် ဆက်သွယ်ကာ လျှောက်လွှာပုံစံ download ရယူနိုင်သည်။

ထို့အပြင် Aspen Management Office
1955 1st Avenue
New York, NY 10029
လိပ်စာသို့လည်း စာရေးသားဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တွင် တစ်လလျှင် ငှားရမ်းခ ၃၃၂၃ ဒေါ်လာ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) ဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တွင် တစ်လလျှင် ငှားရမ်းခ ၃၃၂၃ ဒေါ်လာ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) ဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တွင် တစ်လလျှင် ငှားရမ်းခ ၃၃၂၃ ဒေါ်လာ (မြန်မာငွေ ၄၄ သိန်းကျော်) အထိ ပေါက်ဈေးရှိသော အဆောက်အအုံတွင် လူနေခန်းများကို တစ်လလျှင် ၆၁၃ ဒေါ်လာ (မြန်မာငွေ ၈ သိန်း ၁ သောင်းဝန်းကျင်) ဖြင့် ငှားရမ်းပေးရန်အတွက် လျှောက်လွှာများခေါ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service