သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား

သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
24 Jan 2018 10:48 am တွင် တင်ခဲ့သည်
5036 ကြိမ် ကြည့်ရှု့ပြီး
မာစီယို မာတိုလီယာစ်သည် ခေါင်းပေါ်တွင် သရဖူတစ်ခုကို ဆောင်းထား၏။
အနီးဝန်းကျင်တွင်ကား ဇန်နဝါရီ၏ ပူပြင်းလှသော နေမြင့်ချိန်နေပူရှိန်အား အံတုကာ ပင်လယ်ကမ်းခြေရေတိမ်ပိုင်းတွင် ရေကူးနေကြသူများရှိနေ၏။မာစီယိုက သဲဖြင့် ဆောက်လုပ်ထားသော သူ၏ရဲတိုက်ကို တူရွင်းပြားဖြင့် ပြန်လည်ချောမွတ်ပုံဖော်ခြင်းများ ပြုလုပ်လျက်ရှိသည်။

လူတစ်ဦး၏ နေအိမ်၏ သူ၏ရဲတိုက်ပင်ဖြစ်သည်ဟု ဆိုကြသည်။
မာစီယိုသည်ကား ဘရာဇီးနိုင်ငံမြို့တော် ရီယို ဒီ ဂျနေးရိုး ပင်လယ်ကမ်းခြေတွင် သဲဖြင့် ရဲတိုက်အသွင် ဆောက်လုပ်နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ရီယိုဒီဂျနေးရိုးတွင် ဘာရာ ဒါ တီဂျူကာ ကမ်းခြေဒေသမှာ ချမ်းသာကြွယ်ဝသူတို့ အခြေချနေထိုင်ရာဖြစ်ပြီး ဒေသခံများနှင့် မိတ်ဆွေများက မာစီယိုကို “ဘုရင်ကြီး” ဟု အမည်ပေးထား၏။

မာစီယိုသည် သဲရဲတိုက်ကြီးရှေ့ ရာဇပလ္လင်ပေါ်တွင် နှင်တံကြီးတစ်ခုကို ကိုင်ကာ ဘုရင်ကြီးတစ်ပါးဟန်ဖြင့် ဖြတ်သွားဖြတ်လာများကို မိန့်မိန့်ကြီး ပြုံးပြတတ်၏။

ခိုင်မာသည့် ဘဝနေထိုင်မှု ပုံစံမျိုးမဟုတ်သော်လည်း အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် မာစီယိုကမူ အခြားပုံစံဖြင့် ပြောင်းလဲနေထိုင်ရန် တစ်ခါမျှ မတွေးခဲ့ဖူးချေ။
“ပင်လယ်ကမ်းခြေမှာ နေထိုင်နိုင်ဖို့အတွက် လူတွေဟာ အိမ်ငှားခတွေ မတန်တဆပေးပြီး နေနေကြတယ်။ ကျွန်တော်ကတော့ တစ်ပြားမှ မပေးရဘဲ ကောင်းကောင်းနေရတယ်လေ” ဟု မာစီယိုက ဆိုသည်။

သူ၏ ရဲတိုက်တွင် မျှော်စင်များ၊ ဂိတ်တံခါးများ ထည့်သွင်းပုံဖော်ထားပြီး နေ့စဉ်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရ၏။ပူပြင်းလှသော အပူချိန်အောက်တွင် သူ၏ရဲတိုက်ပြိုကျမသွားစေရန် နံရံများကို ရေဖြင့် မကြာခဏဖြန်းရ၏။

မကြာသေးမီရက်ပိုင်းအတွင်း အဆိုပါဒေသ၏ မွန်းလွဲချိန်အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ( ၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ခန့် ရှိနေသည်။

သဲရဲတိုက်မှာ အပြင်ပန်းတွင် အလွန်လှပသော်လည်း နေထိုင်ရန် ပြုလုပ်ထားသည့်အတွင်းပိုင်းနေရာမှာမူ ကျပ်တည်းကျဉ်းမြောင်းလှပြီး စတုရန်းမီတာ ၃ မီတာ ( ၃၂ စတုရန်းပေ) ခန့်သာ ကျယ်ဝန်းသည်။

မာစီယိုသည် တစ်ကိုယ်ရည်သမားဖြစ်ပြီး ကလေးများလည်း မရှိချေ။
သူ့တွင် စာအုပ်အမြောက်အမြားရှိပြီး ငါးဖမ်းပြီးချိန်များတွင် စာအုပ်များနှင့် အချိန်ကုန်လေ့ရှိသည်။

အိပ်စက်လျှင် ရဲတိုက်အတွင်း ပြုလုပ်ထားသည့် အခန်းငယ်တွင် သဲပြင်ပေါ်၌ အခင်းတစ်ခုခင်းကာ အိပ်စက်၏။ရေချိုးလိုပါက မီတာ ၃၀ ခန့်အကွာတွင် တည်ရှိသော မီးသတ်ဌာန၌ အကြွေအနည်းငယ်ပေးကာ ရေချိုးသည်။
သူ့အတွက် လိုအပ်သည့်အရာတိုင်း ပြည့်စုံသည်ဟု မာစီယိုက ယုံကြည်နေသည်။

သို့ရာတွင် တစ်ခုတည်းသော ပြဿနာမှာ နွေနေ၏ အပူရှိန်ကို မခံနိုင်ခြင်း ဖြစ်သည်။“သဲတွေက အပူကို စုပ်ယူထားတာဆိုတော့ တခါတလေမှာ ကျွန်တော်အိပ်လို့မရဘူး။ အဲလိုကျရင် သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သွားအိပ်ပါတယ်။ ဒါပေမယ့်ကျွန်တော်က ဒီမှာနေထိုင်ရတာကိုပဲ ပိုကြိုက်ပါတယ်”
မာစီယိုသည် ဘရာဇီးတောင်ပိုင်း ဒက်ခ်ဒီ ကာဇီးယက်စ်မြို့မှ ရီယိုဒီဂျနေးရိုးသို့ အခွင့်အလမ်းသစ်များရှာရန် ထွက်လာခဲ့ခြင်းဖြစ်သော်လည်း လမ်းပေါ်တွင်သာ နေထိုင်နိုင်သည့် အခြေအနေမျိုးကြုံရသည်။

တစ်နေ့တွင်မူ သူငယ်ချင်းတစ်ဦးက သဲဖြင့်ရဲတိုက်တစ်လုံးမည်သို့ဆောက်လုပ်ရသည်ကို သင်ပေးခဲ့ပြီးနောက်ပိုင်း သူ၏ဘဝနေထိုင်မှု အခြေအနေပြောင်းလဲသွားခဲ့သည်။

မြို့တော်ဝန်ရုံးကလည်း မိမိရဲတိုက်ဆောက်လုပ်နေထိုင်မှုအပေါ် ပြဿနာမရှာကြောင်း မာစီယိုက ပြောကြားသည်။
“ကျွန်တော့်ရဲ့ ရဲတိုက်က တနည်းတဖုံအားဖြင့် ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်ပေးတဲ့နေရာတစ်ခုဖြစ်လာပါတယ်”ဟု ဆိုသည်။

မာစီယိုက သူ၏သဲရဲတိုက်အဝင်ဝတွင် အလှူခံပုံးတစ်ခု ထားရှိထားကာ ဘဝနေထိုင်မှုအတွက် ငွေရှာရ၏။

မကြာသေးမီရက်ပိုင်းများကမူ သူ၏သဲရဲတိုက်ကို ကမ္ဘာလှည့်ခရီးသည်တို့ ဓာတ်ပုံရိုက်ကြသော်လည်း ထောက်ပံ့လှူဒါန်းငွေ ထည့်သူမရှိချေ။

မာစီယိုကား စိုးရိမ်ပူပန်ဟန်မရှိ။ “ကမ်းခြေကိုလာတဲ့သူ တချို့ဆိုရင် အလှူခံပုံးကို လုပြီးထွက်ပြေးတာမျိုးတောင်ရှိပါတယ်။ ကျွန်တော်လည်း ဒေါသတွေထွက်ခဲ့တာပေါ့။ သူတို့တွေ ပုံးကိုမယူအောင် အိပ်ရင်တောင် ကျောက်ခဲကိုင်ပြီး အိပ်ဖို့စဉ်းစားမိတယ်။ ဒီလိုနဲ့ တခြားသူတွေ အန္တရာယ်ပေးမှာကို ကြောက်တဲ့ စိတ္တဇရောဂါလို ဖြစ်လာတယ်။ ကျွန်တော်က ဒီလိုခံစားချက်မလိုချင်ဘူး။ ဒါကိုကျွန်တော်က အပျော်အနေနဲ့လုပ်တာပါ” ဟု မာစီယိုက ဆိုသည်။

မာစီယိုက သူ၏ရဲတိုက်ကို တာရှည်ခံသည့်အရာမျိုးဖြစ်စေချင်သည်။ နာရီပေါင်း ၂၀ ခန့် တည်ဆောက်ထားရသည်များမှာ မိုးရွာပါက မိနစ်အနည်းငယ်အတွင်း ပျက်စီးသွားလေ့ရှိရာ ပြန်လည်ဆောက်လုပ်ရခြင်းဖြင့် သံသရာလည်နေသည်။
လာမည့်နှစ်တွင်ကား သူ၏ အိပ်မက်အကောင်အထည်ပေါ်လာမည်ဟု ယုံကြ
ည်နေသည်။

မိတ်ဆွေတစ်ဦး၏ မြေနေရာတွင် အခြားအိမ်ဆောက်ပစ္စည်းများပါ တွဲဖက်အသုံးပြုကာ တာရှည်ခံမည့် ရဲတိုက်တည်ဆောက်နိုင်ရန် မျှော်မှန်းထားသည်။
လက်ရှိတွင်ကား သူ၏ ဓားတစ်ချောင်း၊ ဂေါ်ပြားတစ်ခုတို့ဖြင့် မဆုံးနိုင်သည့် မွမ်းမံဆောက်လုပ်မှုများ နေ့စဉ် ပြုလုပ်နေလေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
သဲဖြင့် ရဲတိုက်ကြီး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service