အမေရိကန်ပြည် ဖလင့်ထ်မြို့ရှိ နေအိမ်တစ်လုံး ၁၈၈ ဒေါ်လာ (မြန်မာငွေ နှစ်သိန်းခွဲဝန်းကျင်) ဖြင့် ရောင်းချမည်

အမေရိကန်ပြည် ဖလင့်ထ်မြို့ရှိ နေအိမ်တစ်လုံး ၁၈၈ ဒေါ်လာ (မြန်မာငွေ နှစ်သိန်းခွဲဝန်းကျင်) ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
28 Dec 2017 11:38 am တွင် တင်ခဲ့သည်
3483 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ဂျဲနက်ဆီခရိုင်တွင် ဖလင့်ထ်အမည်ရှိ မြို့ကလေးတစ်မြို့တည်ရှိသည်။

ဖလင့်ထ်မြစ်ကမ်းတစ်လျှောက်တွင် တည်ရှိပြီး ဒက်ထရွိုက်မြို့၏ အနောက်မြောက်ဘက် ၆၆ မိုင်အကွာတည်ရှိသည်။

ယခုရောင်းချမည့်နေအိမ်မှာ မီချီဂန်ပြည်နယ်၏ အမှတ် ၅၉ လမ်းမကြီးအနီးတွင် တည်ရှိပြီး ဝန်းကျင်တွင် ပုံစံတူနေအိမ်များစွာ ရှိနေသည်။
ဖလင့်ထ်၏ လူဦးရေသည် ၁၉၆၀ ပြည့်နှစ်တွင် ၁၉၆၀၀၀ ဦးကျော်ရှိခဲ့ရာမှ နောက်ပိုင်းတွင် တစ်သိန်းပင် မရှိတော့ချေ။

ဖလင့်ထ်၏ လူလတ်တန်းစားဝင်ငွေမှာ ကန်ဒေါ်လာ ၂၇၀၀၀ ကျော်သာရှိပြီး တစ်နိုင်ငံလုံး၏ တစ်ဦးချင်းပျှမ်းမျှဝင်ငွေမှာ ကန်ဒေါ်လာ ၅၁၀၀၀ ဖြစ်သည်။
ဖလင့်ထ်၏ စီးပွားရေးအခြေအနေမှာ အလွန်ယိုယွင်းသွားခဲ့ပြီးနောက် ဒေသတွင်း နေ့စဉ်ထုတ်သတင်းစာဖြစ်သော Flint Journal မှာ တစ်ပတ်လျှင် ၃ ရက်သာ ထွက်ရှိနိုင်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ဖလင့်ထ်တွင် စက်ရုံအလုပ်သမားပေါင်း ၁၄၀၀၀ ခန့် လာရောက်အလုပ်လုပ်ကိုင်ခဲ့ကြကာ General Motors Corp. အတွက် မော်တော်ကားအစိတ်အပိုင်း သန်းပေါင်းများစွာကို ထုတ်လုပ်ခဲ့ကြသည်။
၂၀၀၅ ခုနှစ်တွင် စက်ရုံအလုပ်ရုံများ ပြောင်းရွှေ့ကုန်ကြသဖြင့် မြို့မှာ ပျက်လုနီးပါးဖြစ်ကျန်ခဲ့သည်။

အလုပ်သမားများကိုလည်း တစ်ဦးတစ်လေမျှပင် မတွေ့ရတော့ချေ။
လက်ရှိအားဖြင့် အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၀၀၀ ခန့်ဖြင့် ရရှိနိုင်ပြီး နေအိမ်ဈေးနှုန်း အနည်းပါးဆုံးဖြစ်သည်ဟု ဆိုနေကြသော်လည်း ဖလင့်ထ်ရှိ ယခုနေအိမ်မှာမူ ၁၈၈ ဒေါ်လာ( မြန်မာငွေ နှစ်သိန်းခွဲကျော်) သာ ဈေးခေါ်ထားသည်။

နေအိမ်တည်နေရာမှာ ဖလင့်ထ်မြို့၊ Dakota Ave လမ်း၊ အမှတ် ၂၅၁၈ တွင် တည်ရှိသည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၂၅ ပေ ရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း တစ်ခန်း ပါဝင်သည်။ခြံဝန်းအကျယ်မှာ ၅၆၆၃ စတုရန်းပေရှိပြီး နေအိမ်ကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်းတစ်ဦး၏ ပြောကြားချက်အရ ယင်းနေအိမ်မှာ လူမနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး မီး ၂ ကြိမ်လောင်ကျွမ်းခဲ့ဖူးသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service