သီလဝါ စီးပွားရေးဇုန်နှင့် ဆက်စပ်သည့် လယ်မြေ ၆ဝ၆ ဧကအနက် ဦးပိုင်မှ ဒုတိယအကြိမ် အဖြစ် ၆၈ ဧကအား လျော်ကြေးပေးမည်

သီလဝါ စီးပွားရေးဇုန်နှင့် ဆက်စပ်သည့် လယ်မြေ ၆ဝ၆ ဧကအနက် ဦးပိုင်မှ ဒုတိယအကြိမ် အဖြစ် ၆၈ ဧကအား လျော်ကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
17 Nov 2017 10:10 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး
သီလဝါစီးပွားရေးဇုန်နှင့် ဆက်စပ်မြေ နေရာဖြစ်သော လယ်မြေ ၆ဝ၆ ဧကအနက် ဦးပိုင်မှ ဒုတိယအကြိမ်အဖြစ် ၆၈ ဧကအား ဒီဇင်ဘာလအတွင်း ပေးလျော်သွားမည်ဖြစ် ကြောင်း လယ်ယာလျော်ကြေးရရှိမည့် ဒေသခံများထံမှသိရသည်။

အဆိုပါ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ သီလဝါစီးပွားရေးဇုန်နှင့် ဆက်စပ်မြေဖြစ် သော လယ်မြေ ၆ဝ၆ ဧကအနက်၊ ပထမအကြိမ်တွင် ဧကတစ်ရာအား ပေးလျော်ခဲ့ပြီးဖြစ်သလို ယခု ဒုတိယအကြိမ်အဖြစ် လယ် ၆၈ ဧကအား ဒီဇင်ဘာလအတွင်း ပေးလျော်ရန် စီစဉ်နေကြောင်းသိရသည်။

''လယ်ယာလျော်ကြေးကိစ္စက ၆၈ ဧက ကို ဒီဇင်ဘာပထမပတ်၊ ဒါမှမဟုတ် ဒုတိယပတ်ထဲမှာ နောက်ဆုံးထားပြီးပေးမယ်လို့ ဦးတို့ကို ဖုန်းဆက်အကြောင်းကြားတယ်။ ၆၈ ဧကအတွက်ကတော့ဦးတို့က ပြင်ဆင်ထား ပြီးပြီ။ လယ်သမားတွေရဲ့ ကိုယ်ရေးရာဇဝင် တွေ၊ မှတ်ပုံတင်တွေ၊ မိသားစုသန်းခေါင်စာ ရင်းတွေ၊ လယ်ယာမြေကိုရိုက်ပြီးတော့ သီးနှံ တွေနဲ့ရိုက်ပြီးတော့ တင်ပေးထားတဲ့ ဓာတ်ပုံ တွေနဲ့ဆိုတော့ အားလုံး အကုန်အဆင်ပြေသွား ပြီဆိုတော့ ပေးသွားမှာပါ။ ပေးဖို့ကျန်တဲ့လယ်ယာတွေကိုလဲ ထပ်ပြီးရိုက်တင်ဖို့ပြောနေပြီ'' ဟု သီလဝါအထူးစီးပွားရေးဇုန်ထဲတွင် ပါဝင်သည့် ကျောက်တန်းမြို့နယ် သီတာမြိုင် ကျေးရွာနေ လယ်သမားကြီးဦးအေးဌေးက ပြောသည်။

သီလဝါစီးပွားရေးဇုန်နှင့် ဆက်စပ်လယ် မြေဧက ၆ဝ၆ ဧကအား ဦးပိုင်မှ သိမ်းယူခဲ့သည့် ဧကတစ်ရာကို ကနဦးလျော်ကြေးငွေအဖြစ် တစ်ဧကလျှင် ကျပ်သိန်းနှစ်ရာ့ငါးဆယ် နှုန်းဖြင့်၂ဝ၁၇ ခုနှစ် ဧပြီလအတွင်၌ပေးလျော်ခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းယူခဲ့သည့် လယ်မြေဧက ၆ဝ၆ ဧကမှာ သီတာမြိုင်ရပ်ကွက်နေ လယ်သမားတချို့ပိုင်ဆိုင်သည့် လယ်မြေဧကများသာ ဖြစ်ပြီး အဆိုပါရပ်ကွက်မှ လယ်သမားများပိုင်ဆိုင်သည့် လယ်မြေဧကပေါင်းမှာ ဧက လေးထောင်ခန့်ရှိကြောင်း သိရသည်။

သီတာမြိုင်ကျေးရွာမှ လယ်သမားကြီးများပိုင်ဆိုင်သည့် လယ်မြေဧကမှာ ဧကလေး ထောင်ရှိပြီး ယင်းဧကများအား လေးပိုင်းခွဲကာသိမ်းယူခဲ့ပြီး ထိုသို့သိမ်းယူခဲ့သူများမှာ မြန်မာ့စီးပွားရေးဦးပိုင်မှ ၆ဝ၆ ဧက၊ ၂ဝ၁၄- ၂ဝ၁၅ တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဧက ၂၈ဝ အား လျော်ကြေးရခဲ့ပြီး မွေးမြူရေးဇုန်ထဲတွင် ဧက ၁၃ဝဝ နှင့် ကျန်မြေများဖြစ်သည့် သီလဝါစက်မှုဇုန်ထဲတွင် ပါဝင်သွားခြင်းဖြစ် ကြောင်းသိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service