ကုမ္ပဏီများ ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် အသက်ဝင်လာဖွယ် ရှိဟု ကုန်သည်စက်မှုအသင်းချုပ် ခန့်မှန်း

ကုမ္ပဏီများ ဥပဒေ ပြဋ္ဌာန်းပြီးမှသာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် အသက်ဝင်လာဖွယ် ရှိဟု ကုန်သည်စက်မှုအသင်းချုပ် ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 9:51 am တွင် တင်ခဲ့သည်
4690 ကြိမ် ကြည့်ရှု့ပြီး
ကုမ္ပဏီများဥပဒေပြဋ္ဌာန်းပြီးမှသာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီများဥပဒေကို စောင့်ကြည့်လေ့လာသုံးသပ်ပြီးမှ ရင်းနှီးမြှုပ်နှံမှုများကို ဆုံးဖြတ်လုပ်ကိုင်ကြမည်ဖြစ်ခြင်းကြောင့် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ''ရင်းနှီးမြှုပ်နှံမှုသဘောကတော့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာလည်း ရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်ဆိုင်း နေကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပြီးနောက်မှာ ပိုများလာတယ်။ အခုတစ်ခါလည်း ကုမ္ပဏီများအက်ဥပဒေက နှစ်ပေါင်း ၁ဝဝ ကျော်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီကုမ္ပဏီများ အက်ဥပဒေကို လည်း ပြန်ဆွဲနေပါတယ်။

ဥပမာ-ကုမ္ပဏီများဥပဒေထဲမှာရှိနေတဲ့ လက်ရှိတည်ဆဲဥပဒေအရဆိုရင် နိုင်ငံခြားသားရှယ်ယာတစ်စုပါရင် ဒီကုမ္ပဏီက နိုင်ငံခြားသားနဲ့ joint venture ကုမ္ပဏီဖြစ်သွားပါတယ်။ ဒါပေမဲ့ လက်ရှိထွက်လာမယ့်ဥပဒေသစ်မှာတော့ ရာခိုင်နှုန်းတစ်ခုကို ခွင့်ပြုပေးပြီးတော့ သူတို့သည်နိုင်ငံသားကုမ္ပဏီပဲဖြစ်အောင် ဒါမျိုး ဥပဒေရေးဆွဲတာရှိပါတယ်။ ဒါကိုသူတို့တွေစောင့်နေကြတယ်လို့ ပြောပါတယ်။ အဓိပ္ပာယ်ကတော့ရင်းနှီးမြှုပ်နှံမှုအားလုံး ဒီဥပဒေ ထွက်လာပြီးနောက်မှာ သူတို့ဆောင်ရွက်ကြမယ်လို့သိရပါတယ်''ဟု နိုဝင်ဘာ ၉ ရက်ကပြောသည်။ ယင်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဝင်ရောက်လာချိန်တွင် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားများကို အဓိကပြင်ဆင်ထားရန်လိုအပ်ကြောင်း သိရသည်။

ဦးအောင်ကြည်စိုးက ''ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာမှာနဲ့ပတ်သက်ပြီး ပြင်ဆင်စရာတွေတော်တော်များပါတယ်။ အဓိကအကျဆုံး ဖြစ်တဲ့ကျွမ်းကျင်လုပ်သားပါ။ ကျွမ်းကျင်လုပ်သားသည် ကျွန်တော်တို့ နိုင်ငံအတွက်အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ အခုလိုပဲရင်းနှီးမြှုပ်နှံမှုလာတဲ့အချိန်မှာ တယ်လီနောလာတယ်။ အူရီဒူးလာတယ်။ သူတို့ တွေသည် ကမ္ဘောဒီးယားကဖြစ်စေ၊ ဖိလစ်ပိုင်ကဖြစ်စေခေါ်လာကြပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ဆီမှာ လေ့ကျင့်သင်ကြားပြီး ပျိုးထောင်ထားတဲ့ ကျွန်တော်တို့ရဲ့အင်ဂျင်နီယာတို့ စက်မှုလက်မှု ပညာရှင်တို့က လိုအပ်ချက်နဲ့ Ready မဖြစ်ပါဘူး။ Ready မဖြစ်တဲ့ အတွက်ကြောင့် ခေါ်လာတာဖြစ်တယ်။ ဒါကြောင့် အားလုံးပြင်ဆင် ဆောင်ရွက်သွားရမှာဖြစ်တယ်။ လက်ရှိကျွန်တော်တို့နိုင်ငံကို အာဆီယံ၊ ဂျပန်၊ ကိုရီးယား၊ အီးယူစိတ်ဝင်စားကြပါတယ်။ ဒီနိုင်ငံတွေအားလုံးက ဥပဒေခိုင်ခိုင်မာမာရှိမှုအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လေ့ရှိကြပါတယ်'' ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော်လည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီများဥပဒေကိုစောင့်ကြည့် လေ့လာသုံးသပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုများ ဆုံးဖြတ်လုပ်ကိုင်ကြ မည်ဖြစ်ခြင်းကြောင့် အစိုးရအနေဖြင့် လာမည့်နှစ်တွင်ယင်းဥပဒေ ကိုပြဋ္ဌာန်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service