မန္တလေးတိုင်းရှိ ရွှေ ဆိုင်များတွင် လက်ဝတ်ရတနာ များ ရောင်းချရာ၌ အခွန် တံဆိပ် ခေါင်းများ ကပ်ခြင်းမရှိပါက ဒဏ် ငွေရိုက်ကာ အရေးယူခြင်းအပြင် ဆိုင်နာမည်နှင့်တကွ နိုင်ငံပိုင် သတင်းစာများ၌ ထည့်သွင်းကာ ကြေညာ ချက်ထုတ်ပြန်မည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန (မန္တလေး)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
‘‘ဒီလ ၂ ရက်နေ့က ရွှေဆိုင် တွေအားလုံးကိုခေါ်ပြီး အစည်းအ ဝေးလုပ် ထား တယ်။ အခွန်တံဆိပ် ခေါင်း မကပ်ရင် မြန်မာ့အလင်းနဲ့ ရတနာပုံသတင်း စာထဲမှာ ဆိုင်နာ မည်ကအစ အကုန်ဖော်ပြပြီး တော့ ကြေညာသွားမယ်။ ဘယ် ဆိုင်တွေက အခွန်ပျက်ကွက်တဲ့ အတွက် ဒဏ်တပ်ရိုက်လိုက်တယ် ဆိုပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြော သည်။
ပြည်တွင်းအခွန်များဦးစီး ဌာနသည် ယခုနှစ် ဇွန်လကစ၍ ရွှေဝယ်သူများထံမှ ကုန်သွယ် လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း ကောက် ခံရန် မန္တလေးတိုင်းရှိ ရွှေဆိုင် များ ကို အခွန်တံဆိပ်ခေါင်းများ ထုတ်ပေးထားပြီး လက်ရှိတွင် ရွှေရောင်း အားကျဆင်းနေသည့် ကာလဖြစ်၍ ရွှေဆိုင်များ၌ အခွန်တံဆိပ် ခေါင်း ကပ်ြ ခင်း ရှိ၊ မရှိကို စောင့်ကြည့်ကာ အရေးယူမည်ဖြစ် သည်။
‘‘လက်ရှိမှာ အခွန်တံဆိပ် ခေါင်းမကပ်တဲ့ ဆိုင်တွေလည်း ရှိနေတာ တွေ့တဲ့ အတွက် ကွက် ကျားမိုးရွာသလိုမဟုတ်ဘဲ အမှန် တကယ်ပဲ အခွန်တံဆိပ်ေ ခါင်း မကပ်တဲ့ဆိုင်တွေကို ထိထိရောက်ရောက် အရေးယူပေးရမယ်။ အဲဒီ လိုမှမဟုတ်ရင် ဖောက်သည်အ ပျက်ခံပြီး တံဆိပ်ခေါင်းကပ် ရောင်းနေတဲ့ ဆိုင်တွေလည်း မိုးခါးရေသောက်သွားမယ်ဆိုရင် နိုင်ငံ တော်အတွက် ရသင့် တဲ့ အခွန်တွေ ပိုပြီး နစ်နာနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များ အသင်း ဒုဥက္ကဋ္ဌ (၂)နှင့် အောင်သမာဓိရွှေ ဆိုင်လုပ်ငန်းပိုင်ရှင် ဦးအောင် ဆန်းဝင်းက ပြောသည်။
လက်ရှိတွင် အောင်သမာဓိ ရွှေဆိုင်လုပ်ငန်းသည် ရွှေဆိုင်များမှ တစ်လအ တွင်း အခွန်တံဆိပ် ခေါင်းကပ်၍ ရွှေရောင်းချခြင်း မှ ရရှိသည့် အခွန်ငွေ ကျပ်သိန်း တစ်ထောင်ခန့်ကို နိုင်ငံသို့ပေး သွင်းပြီးဖြစ်ပြီး ရွှေဆိုင်များအား လုံးတွင် အခွန်တံဆိပ်ခေါင်းများ ကပ်၍ ရောင်းချခြင်းကို တစ်ပြေး ညီဖြစ်စေ ရန် အခွန်ဦးစီးဌာနမှ ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ရန် လိုအပ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
‘‘တစ်လအတွင်းမှာ ကျပ် သိန်းတစ်ထောင်နီးပါးဆိုတာ အရင်က ခြောက်လ စာလောက် အခွန်ဆောင်ရတဲ့ ငွေနဲ့တောင် သွားပြီး ညီမျှပါတယ်။ အခွန်ေ ကာက် တဲ့အပေါ်မှာ ဝယ်သူတွေက အရမ်းကြီးမဆောင်ချင်တာမျိုး မတွေ့ေ ပမယ့် အရင်ကထက် ၂၅ ရာခိုင်နှုန်းလောက်တော့ ရောင်းအား ကျသွားပါ တယ်။ ဝယ်သူတွေကို ဒီထက်အခွန်ပိုဆောင်ဖို့အ တွက်ဆိုရင် အခွန်ကောက် တဲ့နှုန်း ကို ၀ ဒသမ ၅ ရာခိုင်နှုန်းထားပေး တာပဲဖြစ်ဖြစ်၊ ပိဿာချိန်များများ ဝယ်တဲ့လူတွေကို ရာခိုင်နှုန်းလျှော့ပေးတာမျိုး လုပ်မယ်ဆိုရင်တော့ အခွန် ပိုပြီး ဆောင်လာပြီး ဆိုင်တွေ လည်း အဆင်ပြေလာနိုင်ပါ တယ်’’ဟု ဦးေ အာင်ဆန်းဝင်းက ပြောသည်။
Credit: 7DayDaily