တာဝန်ကျေနိုင်ငံသားဖြစ်ဖို့ စားသောက်ဆိုင်နှင့် ဟိုတယ်များမှ အခွန်တံဆိပ်ခေါင်းပြေစာများ မဖြစ်မနေတောင်းရန်လိုအပ်

တာဝန်ကျေနိုင်ငံသားဖြစ်ဖို့ စားသောက်ဆိုင်နှင့် ဟိုတယ်များမှ အခွန်တံဆိပ်ခေါင်းပြေစာများ မဖြစ်မနေတောင်းရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
6 Jul 2017 9:28 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
စားသောက်ဆိုင် နှင့် ဟိုတယ်များ အခွန်တံဆိပ်ခေါင်း ကပ်ပြေစာ မဖြစ်မနေပေးရမည်ဖြစ် သော်လည်း လက်တွေ့တွင်တောင်း မှပေးနေဟု ပြည်ထောင်စုပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီဒုတိယ ဥက္ကဋ္ဌ(၂) ဦးအောင်မင်းက လွှတ် တော်သို့ အစီရင်ခံပြောကြားသည်။

ထို့ကြောင့် တာဝန်ကျေပွန် သောနိုင်ငံသားများဖြစ်ဖို့ ပြေစာ များကို မဖြစ်မနေတောင်းခံရန် ၄င်းက လွှတ်တော်အတွင်းမှ ပြည်သူများကို ပန်ကြားခဲ့သည်။ ဇူလိုင် ၄ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်လျာထားချက်အပေါ် အခွန် ကောက်ခံရရှိမှုအခြေအနေနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတင်သွင်းပြီး ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''နိုင်ငံတစ်ဝန်းမှာရှိတဲ့ပြည်သူများကို အသိ ပေးပန်ကြားလိုတဲ့အချက်ကတော့ တာဝန်ကျေတဲ့ နိုင်ငံသားတွေဖြစ်ဖို့ ပြေစာတွေကို မဖြစ်မနေ တောင်းခံဖို့နဲ့ ပြေစာတွင်ဖော်ပြထားတဲ့ ကုန် သွယ်လုပ်ငန်းခွန်အတိုင်း တံဆိပ်ခေါင်းကပ်၊ မကပ်စစ်ဆေးပြီးမှ ကျသင့်ငွေကိုပေးချေဖို့ဖြစ် ပါတယ်'' ဟု ဦးအောင်မင်းက ဆိုသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးစားသောက်ဆိုင်၊ အမြန်လမ်း ၁၁၅ မိုင်ရှိ စားသောက်ဆိုင်တို့တွင် အခွန်ကပ်ပြေစာကို တောင်းမှပေးနေမှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရဟု ၄င်းက ပြောသည်။

''အခွန်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ စား သောက်ဆိုင်များ၊ ဟိုတယ်များသည် ပြေစာကပ်ထားတဲ့အခွန်ကို မဖြစ်မနေပေးကိုပေးရမှာပါ။ တကယ်လက်တွေ့မှာတော့ တောင်းမှပေးနေတဲ့ အနေအထားကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ အခွန်ပြေစာတွေ ကို တောင်းကိုတောင်းဖို့ အခုလို တိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ပါတယ်''ဟု ဦးအောင် မင်းက ထပ်လောင်းပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ အခွန်ကောက်ဥပဒေအရ အခွန်အမျိုးအစား ၇၁ မျိုးကောက်ခံလျက်ရှိပြီး အဓိကအခွန်ခုနစ်မျိုးရှိကာ ကုန်သွယ်လုပ် ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန် စသော အခွန်သုံးမျိုးမှာ နိုင်ငံတော်၏အဓိကအခွန်ဖြစ် သဖြင့် အရေးကြီးပြီး ကုန်သွယ်လုပ်ငန်းခွန်သည် စုစုပေါင်းရောင်းရငွေအပေါ် ငါးရာခိုင်နှုန်းကောက် ခံခြင်းဖြစ် ကြောင်းသိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service