သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း

သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2017 11:44 am တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ပင်ပန်းမှု မဖြစ်စေဘဲ စကေးတက်လာအောင်နဲ့ လုပ်ရည်ကိုင်ရည်လည်း တက်လာအောင် အလေ့အထလေး တစ်ခုအဖြစ် ဖန်တီးပေးနိုင်တဲ့အတွက် တော်တော်လေးကို အကျိုးကျေးဇူး ဖြစ်စေတယ်လို့ ဆိုရမှာပဲ။

ဒီနည်းကို မိုက်ကယ် ဆိုင်မွန် (Michael Simmons) က ရှာတွေ့ခဲ့ပြီး ၅ နာရီစည်းမျဉ်း (5-hours rule) လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်ဝေါ်သုံးနှုန်းခဲ့တယ်။
တစ်ချိန်က အများစုအသုံးပြုနေကြတဲ့ 10,000-hour rule ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ဒီနည်းကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းမှာက လေ့လာလေ့ကျင့် လုပ်ဆောင်ဖို့ရာအတွက် တစ်ပတ်မှ ၅-နာရီ (သို့) တစ်ရက်မှ တစ်နာရီလောက်ပဲ အချိန်ပေးရတာမို့ အားလုံးအတွက်လည်း တော်တော်ကို အဆင်ပြေပါတယ်။
ပြောရရင်တော့ ဒီနည်းလမ်းဟာ အမြဲတမ်း တွေးခေါ်မှုတွေနဲ့ ပြည့်နက်နေရတဲ့ ဦးနှောက်လည်း ပင်ပန်းမှု မဖြစ်စေဘဲ စကေးတက်လာအောင်နဲ့ လုပ်ရည်ကိုင်ရည်လည်း တက်လာအောင် အလေ့အထလေး တစ်ခုအဖြစ် ဖန်တီးပေးနိုင်တဲ့အတွက် တော်တော်လေးကို အကျိုးကျေးဇူး ဖြစ်စေတယ်လို့ ဆိုရမှာပဲ။

ပြီးတော့ ဒီနည်းလမ်းကို ပုံမှန်လေးနဲ့လုပ်ယူရတဲ့ လေ့ကျင့်ခန်းတစ်ခုလိုပဲ သဘောထားလုပ်ဆောင်နိုင်ဖို့ ဆိုင်မွန်က ရည်ရွယ်အကြံပြုပေးထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကောင်းကောင်း လှုပ်ရှားလုပ်ဆောင်နိုင်အောင် တစ်ရက်မှာ လေ့ကျင့်ခန်းလေးတစ်ခုလောက်တော့ အနည်းဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်သလိုပဲ အသစ်အသစ်သော အိုင်ဒီယာတွေ၊ စိတ်ကူးကြံဆမှုတွေ ထုတ်လုပ်နိုင်ဖို့ရာ အတွက်လည်း အခြေခံအားဖြင့်တော့ နေ့စဉ်နဲ့အမျှ ဆန်းသစ်များပြားနေတဲ့ စိန်ခေါ်မှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဥနှောက်တွေကို လှုံ့ဆော်ပေးနေဖို့လိုပါတယ်။ ဒါကြောင့် အခုဖော်ပြလိုက်တဲ့ တစ်ပတ် ၅-နာရီ နည်းလမ်းလေးဟာ သိပ်ကို အကျိုးကျေးဇူးဖြစ်ထွန်းစေအတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အောက်မှာ ရှင်းပြပေးထားပါတယ်။

၁။ သတိမြဲအောင် လေ့ကျင့်ပါ

အောင်မြင်သူအများစုဟာ နေ့စဉ်နေ့တိုင်းလိုလို အချိန်ပိုင်းတရားထိုင်တာ၊ ယောဂကျင့်တာ၊ ဒါမှမဟုတ် သူတို့ရဲ့ဥနှောက်ကို တည်ငြိမ်အေးချမ်းနေအောင် ကူညီပေးနိုင်တဲ့ အရာတွေမှာ အာရုံစူးစိုက်ထားတာမျိုး စတဲ့ လုပ်ဆောင်ချက်လေးတွေအတွက် အချိန်ပေးလေ့ရှိကြတယ်။ ဒီလိုလုပ်ပေးခြင်းက သူတို့ရဲ့ နေ့စဉ်စိန်ခေါ် မှုတွေပေါ်မှာလည်း ပိုပြီး အာရုံစူးစိုက်နိုင်စွမ်း ရှိလာစေပါတယ်။ သတိတရားပိုကောင်းလာလေလေ ထုတ်လုပ်နိုင်စွမ်းလည်း ပိုကောင်းလာလေလေဖြစ်ပြီး ဘယ်လိုစကေးမျိုးကိုပဲဖြစ်ဖြစ် တိုးတက်ဖြစ်ထွန်း လာစေပါတယ်။ ဒါကြောင့် အသစ်အသစ်သော နေ့တွေများစွာအတွက် ကျွန်တော်တို့ရဲ့ စိတ်တွေကို နေ့စဉ်ပုံမှန်လေး အချိန်ပေးပြင်ဆင်ကြဖို့ လိုပါတယ်။

၂။ စာဖတ်ပါ

စာဖတ်တဲ့အလေ့အကျင့်ကို ပြုစုပျိုးထောင်ပါ။ စာဖတ်ခြင်းဟာ အကောင်းဆုံး သင်ယူမှုတစ်ခုပဲဖြစ်ပါတယ်။ Oprah Winfrey၊ David Rubenstein နဲ့ Dan Gilbert တို့လို အောင်မြင်သူတွေအားလုံးဟာ တစ်ရက်မှာ အနည်းဆုံး တစ်နာရီစာလောက်တော့ စာဖတ်လေ့ရှိကြပါတယ်။ စာဖတ်ခြင်းကလည်း အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့စကေးတွေလည်း ပိုမိုတိုးတက်လာစေပါတယ်။

၃။ ချိန်ညှိပါ

အအောင်မြင်ဆုံးပုဂ္ဂိုလ် တော်တော်များများကတော့ အောင်မြင်ဖို့ရာအတွက် အလုပ်တစ်ခုခုမှာ ကျားကုတ်ကျားခဲ ကြိုးစားနေဖို့ထက် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေးကိုပဲ လုပ်ဆောင်ကြဖို့ အကြံပြု တိုက်တွန်းကြလေ့ရှိပါတယ်။ သူတို့ဟာ မိသားစုနဲ့ အလုပ်ကြားမှာ ဘယ်လိုချိန်ညှိရမလဲဆိုတာကို လေ့လာကြံဆရင်း သင်ယူလေ့ရှိကြသူတွေဖြစ်ပါတယ်။ သူတို့အများစုဟာ သူတို့ရဲ့စိတ်တွေကို ပစ္စုပ္ပန်မှာပဲ ထားလေ့ရှိပြီး သူတို့ဘဝရဲ့အရေးပါတဲ့ ကဏ္ဍတစ်ခုစီအတွက်လည်း အပြည့်အဝ နှစ်မြှုပ်နိုင်ကြသူတွေ ဖြစ်ပါတယ်။

Credit: Lifehack
သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
သက်သောင့်သက်သာနဲ့ အောင်မြင်စေမယ့် တစ်ပတ် ၅ နာရီ နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service