အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
588 Views

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း

Knowledge | Posted by Si Thu Aung

ခေတ်ပြောင်းအခြေအနေအရ တချို့အရာများ မဖြစ်နိုင်သော်ငြား ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုပေါ့ ကိုယ့်လူမျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းအစဉ်လာကို လိုက်နာထိမ်းသိမ်းတဲ့သဘောပါ.......

သစ်ပင်ပန်းမန်ဆိုတာလူတွေအတွက်ကောင်းမွန်တဲ့အရာပါ။သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလိုသတ္တဝါတွေကိုလည်းအကျိုးပြုစေပါတယ်။မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊ အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရမိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့အပင်တချို့ရှိပါတယ်။သိပ္ပံခေတ်ကြီးထဲမှာဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို၊ရှေးထုံးကိုလည်း မပယ်နဲ့ ဆိုတဲ့ စကားဘဲပြောပြော ဗဟုသုတ အဖြစ်နဲ့ပဲဖြစ်ဖြစ် သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ

အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင် ၊သပြေပင်များမစိုက်ရ။စီးပွားပျက်တတ်သည်။အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင် တောင်ဘက်တွင် သျှစ်သျှားပင် ဖီးခြမ်းငှက်ပျောသင်္ဘောပင်များ မြောက်ဘက်တွင် ထန်းပင် ဆန်းပင် သဖန်းပင်နှင့် သျှစ်သျှားပင် အဆိုပါအပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်မည်ရောပါဘယထူပြောမည်။အိမ်တွင်းအိမ်ပြင်ဆူပူတတ်သည်။အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။

အိမ်ဆောက်ရက် ရွေးနည်း

တနင်္ဂနွေ ဒုက္ခဆင်းရဲ ရောက်တတ်သည်။တနင်္လာနှစ်လမြောက်တွင်သားသမီးဖွားမြင်သော်ချမ်းသာကြွယ်ဝမည်။

အင်္ဂါဆန်ရေစပါး ပေါများကြွယ်ဝမည်။

ဗုဒ္ဓဟူး၊စနေသုခချမ်းသာရမည်။

ကြာသာပတေးချမ်းသာကြွယ်ဝမည်။

သောကြာသုံးလကြာလျှင်သုခပွားမည်။

အိမ်ဆောက်လ ရွေးနည်း

တန်ခူးလချမ်းသာကြွယ်ဝမည်။

ကဆုန်လဆန်ရေစပါး ပေါကြွယ်ဝမည်။

ဝါခေါင်လဥစ္စာတိုးပွားမည်။နတ်တော်လထင်ပေါ်ကျော်စောမည်။

ပြာသိုလ လူအများချီးမွမ်းမှုရမည်။

တပေါင်းလချမ်းသာကြွယ်ဝမည်။ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။

ယနေ့ခေတ်မှာအိမ်ကိုသစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ ပရိဘောဂတွေမှာတော့တွင်တွင်ကျယ်ကျယ်သုံးနေကြသေးတာကြောင့်သစ်ဟာအိမ်တစ်အိမ်ရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်။ရှေးမြန်မာလူကြီးများကတော့အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။

မသုံးအပ်သော သစ်(၈) မျိုးမှာ

၁။ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်(သစ်ဆွဲချ) ၂။သစ်ခွသစ်ကိုင်းကြားတို့တွင်တင်နေသောသစ်(လူကောင်တင်) ၃။အဖျားကြီး၍အရင်းရှူးသောသစ်(သစ်ဘီလူး)။ ၄။အရင်းအဖျားရှူး၍အလယ်တွင်ကြီးသောသစ်(သစ်နပုန်း) ၅။လမ်းကူးချောင်းကူးသစ်(သစ်တံတား(ခ)သစ်လမ်းကူး) ၆။အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်(သစ်ကြိတ်) ၇။အပင်တွင်နွယ်ရစ်ပတ်နေသောစ်(သစ်နဂါး) ၈။မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်(သစ်စည်ယို)

အိမ်၊ ကျောင်း ဆောက်ရာတွင်မသုံးအပ်သောသစ် (၁၁) မျိုး

၁။မိကျောင်း

၂။မအူ

၃။သခွတ်

၄။ ညောင်

၅။သျစ်သျား

၆။သီး(သား)

၇။သပြေ

၈။သစ်စိမ်ရေသား

၉။ ကေလာ

၁၀။လက်ပံ

၁၁။လဲ

အိမ်၊ ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ

၁။တိုင်ဟောင်းကိုပန်းမဆွဲရ။ ၂။ထုပ်မစွပ်ခင်ယက်မမတင်ရ။ ၃။တိုင်တို( ထောက်တို)ကိုကြမ်းပေါ်မပိုစေရ။ ၄။ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။ ၅။ ခေါင်လျှောက်ခွတင်မပြီးခင်ကြမ်းမဖောက်ရ။ ၆။တိုင်ထူရာတွင်တိုင်ချင်းမထိရ။ ၇။အိမ်ဆောက်မပြီးခင်ဝန်းမခတ်ရ။ ၈။ထုပ်၊ လျှောက်၊ဒိုင်း၊ မြားခါးပန်းတို့ကိုအလယ်တည့်တည့်တွင်မဆက်ရ။ ၉။အမျိုးမတူသောသစ်ချင်းမဆက်ရ ၁၀။အိမ်ဟောင်း၏ လျှောက်ပေါ်တွင်အိမ်သစ်၏လျှောက်ကိုတင်၍မဆက်ရ။

တိုးတက်လာသော ယနေ့ခေတ်အနေအထားအရအထက်ပါအကြောင်းအရာတို့အားလုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။ဒါပေမယ့်လို့ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုမျိုးပါဘဲ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကိုမျှ ဝေချင်တဲ့သဘောပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service