ဗဟုသုတ | Posted by ရွှေစင်ဝင်း
အရှည် 8 ပေကျော်အထိ ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကိုပိုင်ဆိုင်ထားတဲ့ ယူကရိန်းသူလေးကတော့ တကယ့်ကမ္ဘာထဲက Repunzel လေး အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါပြီ။ ကျန်းမာလှပတဲ့ ဆံပင်ပိုင်ဆိုင်နိုင်ဖို့က အမျိုးသမီးတိုင်းရဲ့ အိမ်မက်ဖြစ်ပါတယ်။ အရှည် 257.33 စီတီမီတာ ( 8 ပေ 5.3 လက်မ) အရှည်ထိ ဆံပင်ရှည်ကြီးဟာ သူမအပြင်ထွက်တဲ့အခါ လမ်းမပေါ်အထိ တင်ကျန်နေတာပါ။
သူမရဲ့အရပ်ထက် 3 ပေ ပိုမိုရှည်လျားတဲ့ ဆံပင်ရှည်ကြီးကို ထိန်းသိမ်းရတာ အတော်ခက်ပါလိမ့်မယ်။ ဆံပင်ရှည်ကြီးကို ကျန်းမာသန်စွမ်းအောင်ထိန်းသိမ်းနည်းအား မိန်းကလေးငယ်များအတွက်မျှဝေပေးထားပါတယ်။
ပထမတစ်ချက်က တစ်ပတ်မှာတစ်ခါ ခေါင်းလျှော်ပါတယ်။ သူမရဲ့ ဆံပင်အစအဆုံးသန့်စင်သွားဖို့အတွက် ခေါင်းလျှော်ချိန်က တစ်နာရီဝန်းကျင်ကြာမြင့်ပါတယ်။ ထိုနောက် ဆံပင်ပေါင်းဆေးဖြင့် ဆံပင်ကို ပျော့ပျောင်းရှင်းလင်းစေပါတယ်။ ဆံပင်အခြောက်ခံရာမှာ အပူဓာတ်ကို အသုံးမပြုပဲ သဘာဝနည်းအတိုင်း အခြောက်ခံပါတယ်။
ဆီထည့်ပြီး ဆံပင်ရှင်းလင်းတဲ့နေရာမှာလည်း သဘာဝအုန်းဆီကိုသာ အသုံးပြုတယ်လို့ဆိုပါတယ်။ သူမရဲ့အမေနဲ့အဘွား မျိုးရိုးစဉ်ဆက်အလိုက် ဆံပင်ကောင်းမွန်သူများဖြစ်ကာ သူမကတော့ ဆံပင်အရှည်ဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com