ဗဟုသုတ | Posted by ဇာနည်ကျော်
အုတ်စီရာတွင် ဘိလပ်မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူများအတွက် ပြန်တင်ပေးတာပါ။
၉'' လက်မ အုတ်ရှိးစီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ
အလျား = ၂၆ ခဲ အနံ = ၄၉ ခဲ
၂၆×၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄''လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျနည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။
(၁၀×၁၀) ပတ်လည် ၄'' လက်မခွဲ အုတ်စီရာတွင် အလျား....=၁၃ ခဲ ၅မူး
၅မူး ဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။
အနံ (မြင့်) ၄၀ ခဲ ၁၃/၅×၄၀ = ၅၄၀ ကုန်ပါတယ်။
၉'' လက်မအုတ် ရိုးစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိတ်ကုန်ပါတယ်။
၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိတ်တစ်ပိုင်း ကုန်ပါတယ်။
၉'' လက်မအုတ် ရိုးစီရာတွင် အလွှားမထပ်ရာအောင် ' စုံ ' ' မ ' ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။
၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရပါမည်။
၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။
အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည်။
နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။
ဂျပန်ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။
တရုပ်ကွက်တွင် အဲ့လိုမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ် ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး အလျား ၂ ခဲ အနံ ၂ခဲ စီရင်ပိုခိုင်ပါတယ်။
Credit: original writer