ချီကာဂို၏ နာမည်ကျော်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် အရောင်းဈေးကွက် ဝင်လာ

ချီကာဂို၏ နာမည်ကျော်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
27 Jun 2017 11:11 am တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့တွင် တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေထိုင်ခဲ့ဖူးသည့် ဘရွတ်ကလင်းနေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နယူးယောက်မြို့၊ ဂါးရ်ဖီးလ်ဒ်အရပ်၊ အမှတ် ၂၁ နေအိမ်သည် အယ်လ်ကပုန်း ချီကာဂိုသို့ မပြောင်းရွှေ့မီ နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်ပြီး
ကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်းဈေးခေါ်ထားသည်။

အယ်လ်ကပုန်းသည် အရက်ပုန်း၊ ပြည့်တန်ဆာနှင့် လောင်းကစားလုပ်ငန်းတို့၏ ခေါင်းဆောင်ကြီးအဖြစ်
နာမည်ကျော်ခဲ့သည်။နေအိမ် ပြင်ပအသွင်အပြင်မှာ အထင်ကြီးဖွယ်မရှိသော်လည်း အတွင်းပိုင်းတွင်မူ
နောက်ဆုံးပေါ် နည်းပညာ၊ အသုံးအဆောင်တို့ဖြင့်
မွမ်းမံထားသည်။

အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းနှင့် ပန်းဥယျာဉ်တစ်ခုတို့ ပါဝင်သည်။
“ကပုန်းသာ ဒီကနေ့ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် အရက်ကို ခိုးကြောင်ခိုးဝှက်ရောင်းစရာ မလိုတော့ပါဘူး” ဟု အရောင်းဈေးကွက် တင်သွင်းသူ ဘရန်း ဆာလာမွန်က ပြောကြားသည်။

ယခင်က အမေရိကတွင် အရက်ရောင်းချခွင့် ပိတ်ပင်ခဲ့ဖူးသည်။
အယ်လ်ကပုန်း၏ အမည်အပြည့်အစုံမှာ အယ်လ်ဖွန်စီ ဂါဘရီယယ် ကပုန်းဖြစ်ပြီး ၁၈၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။ အမေရိကတွင် အရက်ကို ပိတ်ပင်ခဲ့သည့်ကာလအတွင်း ချီကာဂိုရှိ Chicago Outfit ဂိုဏ်းခေါင်းဆောင်အဖြစ် နာမည်ကျော်ခဲ့ပြီး
ခေါင်းဆောင်အဖြစ် ၇ နှစ်သာ ကြီးစိုးခွင့်ရခဲ့သည်။

ကပုန်း၏ မိဘများသည် အီတလီမှ ရွှေ့ပြောင်းအခြေချသူများဖြစ်ပြီး
ကပုန်းကို နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်တွင် မွေးဖွားခဲ့သည်။
အသက် ၂၀ ဝန်းကျင်တွင် ကပုန်းသည် ချီကာဂိုသို့ ပြောင်းရွှေ့ခဲ့ပြီး
ချီကာဂိုတွင် တရားမဝင်အရက်ဖြန့်ဖြူးနေသည့်
ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ဂျွန်နီ တော်ရီယို၏ သက်တော်စောင့် လူယုံဖြစ်လာခဲ့သည်။

တော်ရီယို ပစ်ခတ်သတ်ဖြတ်ခြင်းခံရသောအခါ ကပုန်းက ဂိုဏ်းခေါင်းဆောင်အရိုက်အရာကို ဆက်ခံခဲ့သည်။
ကပုန်းသည်ထိုစဉ်က ချီကာဂိုမြို့တော်ဝန် ဝီလျံဟေးလ် သွမ်ပ်ဆင်၊ ရဲတပ်ဖွဲ့တို့နှင့် အကျိုးတူဆက်ဆံရေးမျိုး
တည်ဆောက်ထားသဖြင့် ဥပဒေစက်ကွင်းမှ လွတ်ကင်းနေခဲ့သည်။

ယင်းနောက်ပိုင်း ဒုစရိုက်ဂိုဏ်းအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာတွင် လူပေါင်းများစွာသေဆုံးခဲ့မှုကြီးဖြစ်ပေါ်သောအခါ သတင်းစာများက အယ်လ်ကပုန်းကို ဘုံရန်သူနံပါတ်တစ်အဖြစ် ရေးသားကြရာ အစိုးရက အယ်လ်ကပုန်းကို အခွန်ရှောင်လွှဲမှုဖြင့် ၁၉၃၁ ခုနှစ်တွင် တရားစွဲခဲ့သည်။
အယ်လ်ကပုန်းသည် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် လေဖြတ်ခြင်း၏ နောက်ဆက်တွဲ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချီကာဂို၏ နာမည်ကျော်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ချီကာဂို၏ နာမည်ကျော်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service