စတော့အိတ်ချိန်းစာရင်းမဝင်သေးတဲ့ အများပိုင်လုပ်ငန်းတွေ SECM ခွင့်ပြုချက်ရမှသာ ရှယ်ယာထုတ်ရောင်းခွင့်ရမယ်

စတော့အိတ်ချိန်းစာရင်းမဝင်သေးတဲ့ အများပိုင်လုပ်ငန်းတွေ SECM ခွင့်ပြုချက်ရမှသာ ရှယ်ယာထုတ်ရောင်းခွင့်ရမယ် - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 10:04 am တွင် တင်ခဲ့သည်
864 ကြိမ် ကြည့်ရှု့ပြီး
အများပိုင်လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံငွေကြေးသက်သေခံ
လက်မှတ်ကြီးကြပ်ရေးကော်မရှင်(SECM)ခွင့်ပြုချက်ရမှာသာ
အများပြည်သူထံကို အစုရှယ်ယာထုတ်ရောင်းခွင့်ရမယ်လို့
ထုတ်ပြန်လိုက်ပါတယ်။

အများပိုင်လုပ်ငန်းတွေအနေနဲ့ စတော့အိတ်ချိန်းစာရင်းမဝင်သေး
သော်လည်း ကော်မရှင်ရဲ့ကြီးကြပ်မှုကို ခံယူ ရမှာဖြစ်ပြီး မိမိတို့ရဲ့ငွေချေးသက်သေခံလက်မှတ်တွေကို ပြည်သူတွေထံ ကမ်းလှမ်းရောင်းချခြင်းမပြုမီ ကော် မရှင်တင်ပြပြီး ရက်ပေါင်း ၆၀
အတွင်း ကော်မရှင်က အဆုံးအဖြတ်ပေးမယ်လို့ ဖော်ပြပါတယ်။

စတော့အိတ်ချိန်းစာရင်းမဝင်သေးတဲ့ အများပိုင်ကုမ္ပဏီလုပ်
ငန်းတွေအနေနဲ့ အများပြည်သူကို ငွေချေးသက် သေခံလက်မှတ်
ထုတ်ရာင်းရားမှာလည်း ကုမ္ပဏီရဲ့သင်းဖွဲ့မှတ်တမ်း၊စည်းမျဉ်း
ကုမ္ပဏီရဲ့အရေးကြီးတဲ့ အချက်လက်နဲ့ အလားအလာ
ညွှန်းတမ်းတွေကိုပါ တစ်ပါတည်းဖော်ပြပေးရမှာဖြစ်ပြီး
ယင်းအချက်အလတ်တွေမပါ ပါက ရှယ်ယာရင်းနှီးမြုပ်နှံ
မယ့်ပြည်သူတွေ သတိထားဖို့လိုပါတယ်လို့လည်း
ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ဒါ့အပြင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းလိုင်စင်ရ
ထားတဲ့ကုမ္ပဏီကို နိုင်ငံခြားတိုင်းပြည်မှာ ကိုယ်စား လှယ်ရုံးခွဲဖွင့်လှစ်ခွင့်ပေးထားသော်လည်း ကော်မရှင်က
ခွင့်ပြုတဲ့ လုပ်ငန်းကိုသာဆောင်ရွက်ခွင့်ပေးပြီး ငွေချေး
သက်သေခံလက်မှတ်လုပ်ငန်းကိုတော့ ဆောင်ရွက်ခြင်း
မပြုဘူးလို့လည်း ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်မှာ
ဖော်ပြပါတယ်။

လက်ရှိမှာလည်း လုပ်ငန်းလိုင်စင်ရထားထဲ့မည်
သည့်ကုမ္ပဏီကိုမှ နိုင်ငံခြားတိုင်းပြည်မှာ ကိုယ်စား
လှယ်ရုံးခွဲဖွင့်လှစ်ခွင့်ပေးထားခြင်းမရှိဘူးလို့လည်း
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပ
ဒေအရ မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ်ကြီး ကြပ်ရေးကော်မရှင်
ဟာ ပြည်သူတွေထံကို အစုရှယ်
ယာရောင်းချတဲ့ လုပ်ငန်းကုမ္ပဏီတွေကို ကြီးကြပ်ဖို့တာဝန်
ရှိနေပြီး ကော်မရှင်ရဲ့ခွင့်ပြုချက်မယူပဲ လုပ်ကိုင်ကြတဲ့လုပ်ငန်း
ကုမ္ပဏီတွေကို ဥပဒေအရအရေးယူဆောင်ရွက် သွားမယ်လို့
ထုတ်ပြန်လိုက်တာပါ။

Credit: SFJ Strategy First Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service