ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ငါးနိုင်ငံထဲမှာ မကြာခင် ပါလာနိုင်တော့မယ့် အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ငါးနိုင်ငံထဲမှာ မကြာခင် ပါလာနိုင်တော့မယ့် အိန္ဒိယ - Property News in Myanmar from iMyanmarHouse.com
3 May 2017 10:52 am တွင် တင်ခဲ့သည်
1914 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယအနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဂျာမနီကို
ကျော်ဖြတ်ပြီး ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး
စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်လာဖို့ ရှိနေပြီး
ဗြိတိန်နိုင်ငံကိုပါ ယင်း ထိပ်တန်းငါးနိုင်ငံစာရင်းကနေ
ဖယ်ထုတ်လိုက်နိုင်ဖို့ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ
ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ထုတ်ပြန်လိုက်တဲ့
စီးပွားရေးတိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်တစ်ခုအရ
သိရပါတယ်။

ဒါပေမယ့်သော်ငြားလည်း အဲဒီလို ထိပ်တန်းငါးနိုင်ငံ စာရင်းမှာ
ပါနိုင်ဖို့အတွက်ကတော့ တောင်အာရှနိုင်ငံ အိန္ဒိယအတွက်
ကတော့ ထပ်မံလုပ်ဆောင်စရာ ကိစ္စရပ်တွေ များစွာ
ရှိနေသေးတယ်လို့ သိရပါတယ်။

ယင်း ပြင်ဆင်လုပ်ဆောင်စရာ ကိစ္စရပ်တွေထဲမှာတော့
အခွန်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အလုံးစုံ ပြင်ဆင်
သတ်မှတ်ကျင့်သုံးရမယ့် ကိစ္စ၊ အဓိကစီးပွားရေး
လုပ်ငန်းတွေထဲမှာ ရှိနေတဲ့ မသင့်လျော်တဲ့
ပိုင်ဆိုင်မှုပစ္စည်း အရှုပ်ထုပ်တွေကို ခွဲထုတ်ရှင်းလင်းဖို့
ကိစ္စ၊ နှေးကွေးနေတဲ့ ကုန်ထုတ်လုပ်မှုပိုင်းကို
ပြန်လည်တက်ကြွလာအောင် လုပ်ဆောင်ဖို့ကိစ္စ၊
အလုပ်အကိုင်အခွင့်အလမ်းပိုင်း ရေရှည်တိုးတက်စေနိုင်ဖို့
ကိစ္စ၊ ကော်ပိုရေးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေကို
တွန်းအားပေးဖို့ ကိစ္စ၊ အခြေခံအဆောက်အအုံ ပိုင်းမှာ
ကျဆင်းနေတာကို ကျော်ဖြတ်ဖို့ ကိစ္စ စတာတွေ
ပါဝင်နေပါတယ်။

အလားတူ ယမန်နှစ်ကုန်ပိုင်းလောက်က နိုင်ငံတွင်းမှာ
လည်ပတ်အသုံးပြုနေတဲ့ ငွေကြေးထဲက ၈၆ ရာခိုင်နှုန်းလောက်ကို
ဖယ်ထုတ်လိုက်တဲ့ မူဝါဒလုပ်ဆောင်မှုကနေ ဖြစ်ခဲ့တဲ့
အကျိုးဆက်တွေအောက်ကနေ စီပွားရေးပိုင်းအရ
ပြန်လည်နာလန်ထူဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ လက်ရှိအနေအထားအရ ရင်းနှီးမြှုပ်နှံမှုပိုင်း
နှေးကွေးနေရတဲ့အပြင် ပြည်တွင်းက လုပ်သားတွေရဲ့
ထုတ်လုပ်နိုင်စွမ်းအားကလည်း အားနည်းနေတာကြောင့်
တိုးတက်နိုင်မှုအပေါ် အကန့်အသတ်ဖြစ်စေလျက်ရှိပြီး
အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြင့်ရရှိဖို့အတွက်ကလည်း
အဟန့်အတားဖြစ်နေလျက်ရှိပါတယ်။

ဒါပေမယ့်လည်း ယခုလို ကျော်ဖြတ်ရမယ့် ကိစ္စတွေ
ရှိနေလင့်သော်ငြားလည်း နိုင်ငံတွေ၊ ဒေသတွေကို
ယင်းတို့ရဲ့ ဂျီဒီပီအရ အဆင့်ခွဲခြားတိုင်းတာခဲ့ရာမှာတော့
ယခု ၂၀၁၇ နဲ့ လာမယ့် ၂၀၂၂ ကြားကာလအတွင်း
အိန္ဒိယအနေနဲ့ တစ်နှစ်ကို တိုးတက်မှုနှုန်း ၉ ဒသမ ၉
ရာခိုင်နှုန်းထိ ရှိပြီး ၂၀၂၂ အရောက်မှာ အင်အားကြီး
ဂျာမနီကို ကျော်တက်မယ်လို့ IMF က ခန့်မှန်းတွက်ချက်လိုက်ပြီ
ဖြစ်ပါတယ်။

ယခုလို လက်ရှိ ကမ္ဘာ့စတုတ္ထအင်အားကြီး စီးပွားရေးနိုင်ငံ
ဂျာမနီကို အိန္ဒိယက ကျော်တက်ပြီး ၀င်နေရာယူ
လိုက်နိုင်တော့မယ့်အခြေအနေကြောင့်လည်း
လက်ရှိအဆင့်ငါးနေရာမှာ ရှိတဲ့ ဗြိတိန်တို့အနေနဲ့ကတော့
၂၀၁၇ နောက်ပိုင်းမှာ ကမ္ဘာ့ထိပ်သီးစီးပွားရေးငါးနိုင်ငံစာရင်းကနေ
ဖယ်ရှားခံရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service