အင်္ဂလန် developer ထံမှ ကြိုပွိုင့်ဝယ်ယူထားသည့် ဟောင်ကောင်ဝယ်လက်များ ဒေါ်လာ သန်း ၅၀၀ ဖိုး လိမ်လည်ခံရ

အင်္ဂလန် developer ထံမှ ကြိုပွိုင့်ဝယ်ယူထားသည့် ဟောင်ကောင်ဝယ်လက်များ ဒေါ်လာ သန်း ၅၀၀ ဖိုး လိမ်လည်ခံရ - Property News in Myanmar from iMyanmarHouse.com
23 Mar 2017 11:13 am တွင် တင်ခဲ့သည်
1465 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် ပြည်ပအိမ်ရာစီမံကိန်းများတွင် နေအိမ်ခန်းများ ကြိုပွိုင့်ဝယ်ယူထားသည့် ဝယ်လက်များ ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ခန့် ဆုံးရှုံးရဖွယ်ရှိနေသည့်အရေးနှင့် စပ်လျဉ်း၍ ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအရာရှိများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဥပဒေပြုကောင်စုအဖွဲ့ဝင်ဖြစ်သူ ဂျိမ်းစ် တိုကန်ဆန်က ပြောကြားရာတွင် ယခုအမှုနှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ရန် ဟောင်ကောင် လုံခြုံရေးနှင့် အနာဂတ်ကော်မရှင် (SFC) နှင့် တွေ့ဆုံဆွေးနွေးရာတွင် တိုက်တွန်းခဲ့ကြောင်း ပြောကြားသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရာဇဝတ်မှုဗြူရို (CCB) ကလည်း ယခုအမှုကို စုံစမ်းလျက်ရှိသည်။
“CCB က ဒီအမှုကို စစ်ဆေးရာမှ ပထမဆင့်အပြီးသတ်သွားပါပြီ။ ဒီအမှုကို တရားစွဲဆိုဖို့အတွက် လက်ရှိအားဖြင့် တရားရေးဌာနကနေ ဥပဒေအကြံပြုချက်တောင်းခံထားပါတယ် ” ဟု တိုကန်ဆန်က ပြောကြားသည်။

ဟောင်ကောင်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လျက်ရှိခြင်းကြောင့် ဟောင်ကောင်သားတို့မှာ ပြည်ပအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလာကြခြင်း ဖြစ်သည်။

ယခုလိမ်လည်မှုတွင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မလေးရှားတို့မှ ရင်းနှီးမြှုပ်နှံသူပေါင်း ၁၀၀၀ ကျော် အထိနာခဲ့ကြပြီး ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ (ကန်ဒေါ်လာ ၆၄ သန်း) ခန့် နစ်နာဖွယ်ရှိနေသည်။

၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် အိမ်ခြံမြေစီမံကိန်းများမှာ လက်ရှိအားဖြင့် ဆောက်လုပ်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းသွားသည့် စီမံကိန်းများ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ Angelgate ဇိမ်ခံလူနေအိမ်ရာစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူတို့သည် ရဲတပ်ဖွဲ့ရုံးချုပ်သို့ စုဝေးချီတက်ကာ ၎င်းတို့ နစ်နာခဲ့သည့် ကန်ဒေါ်လာ ၃၆ ဒသမ ၄ သန်းခန့်အတွက် စုံစမ်းစစ်ဆေးပေးပါရန် တောင်းဆိုခဲ့ကြသည်။

ဟောင်ကောင်နှင့် ဗြိတိန်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယခုအမှုကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
တိုကန်ဆန်က ပြောကြားရာတွင် ယခုလိမ်လည်မှု၌ အိမ်ခြံမြေအကျိုးဆောင်နှင့် developer တို့သာမကဘဲ ပတ်သက်ပါဝင်သူအားလုံးကို တရားစွဲဆိုသင့်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန် developer ထံမှ ကြိုပွိုင့်ဝယ်ယူထားသည့် ဟောင်ကောင်ဝယ်လက်များ ဒေါ်လာ သန်း ၅၀၀ ဖိုး လိမ်လည်ခံရ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service