နေအိမ်ကို နှစ်ချုပ်စနစ်ဖြင့် ငှားရမ်းခြင်း

နေအိမ်ကို နှစ်ချုပ်စနစ်ဖြင့် ငှားရမ်းခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2017 12:51 pm တွင် တင်ခဲ့သည်
1710 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ယခုအခါ စပေါ်စနစ်၊ အပျောက်စနစ်သာမက နှစ်ချုပ်ငှားစနစ်ကိုပါ ကျင့်သုံး လာကြသည်ကို တွေ့ရသည်။ နှစ်ချုပ်စနစ်တွင် စပေါ်မရှိ၊ အပျောက်မရှိ၊ ငှား ရမ်းခကို တစ်နှစ်စာ ကြိုတင် ပေးထားရသော စနစ် ဖြစ်သည်။ တချို့မှာ နှစ် ဖက်ညှိနှိုင်းချက်အရ ခြောက်လ ချုပ်သည်လည်း ရှိသည်။ အိမ်ငှားအနေဖြင့် မိမိ ငှားရမ်းနေထိုင်မည့် ကာလတစ်ခုလုံးအတွက် အိမ်ငှားရမ်းခအားလုံးကို တစ်ကြိမ်တည်း အကြေအလည် ပေးထားရခြင်းဖြစ်သည်။

များသောအားဖြင့် နှစ်ချုပ်ငှားရမ်းခြင်းစနစ်အရ စာချုပ်သက်တမ်း မကုန်ဆုံးမီ ကာလအတွင်း အကြောင်းကြောင်းကြောင့် ဆက်လက်ငှားရမ်းခြင်းမပြုပါက အိမ်ရှင်ဖြစ်သူမှ အိမ်ငှားဖြစ်သူသို့ ကျန်ရှိသည့် အိမ်ငှားကာလအတွက် အိမ် ငှားခများကို ပြန်အမ်းပေးခြင်းမရှိပေ။ အိမ်ငှားစာချုပ် သက်တမ်းမစေ့မီ ဆက်လက် ငှားရမ်းလိုခြင်း ရှိမရှိနှင့် အချိန်မစေ့မီ အိမ်ငှားအနေဖြင့် ဆက်လက် ငှားရမ်းခြင်း မပြုတော့ပါက အိမ်ငှားခ ပြန်အမ်း၊ မအမ်းမှာ စာချုပ်ပါ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဖက် သဘောတူညီမှု ရှိခဲ့သည့် အတိုင်းပင် ဖြစ်သည်။

အိမ်ငှားရမ်းခြင်းနှင့် ပတ်သက်၍ အိမ်ငှားကာလ သက်တမ်းမစေ့မီ အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ရှင်ဘက်မှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက အိမ်ငှားခ ကျန်ရှိငွေ အားလုံးကို အိမ်ရှင်ဘက်မှ ပြန်လည်
ပေးအပ်ရန်နှင့် အိမ်ငှားဖြစ်သူမှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါ က ပေးချေပြီးဖြစ်သည့် ကျန်ရှိသည့်အိမ်ငှားခကို အိမ်ငှားဖြစ်သူအနေဖြင့် ဆုံးရှုံးခံရန်ဟူ၍ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆိုခဲ့ပါက စာချုပ်ပါ အ တိုင်း ဆောင်ရွက်ရန်ပင်ဖြစ်ပေသည်။

သို့တည်းမဟုတ် မည်သူ၏ ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ စာချုပ်သက်တမ်းကာ လ မကုန်ဆုံးမီ ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက ကျန်ရှိသည့် အိမ်ငှား ခငွေများကို အိမ်ရှင်မှ အိမ်ငှားဖြစ်သူသို့ ပြန်လည်ပေးလျော်ရန် မလိုကြောင်း ထည့်သွင်းဖော်ပြချုပ်ဆိုကြတာလည်း ရှိသည်။

အိမ်ငှားရမ်းသည့် သက်တမ်းကာလပြီးဆုံးပြီးနောက် ဆက်လက်ငှားရမ်း မည့်ကိစ္စမှာ နောက်ထပ်၍ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးနှစ်ဖက်၏ သဘော တူညီချက်အရသာ ဖြစ်ပေသည်။ ဆက်လက်ငှားရမ်းသည့်တိုင် အိမ်ငှားခကို ယခင်ငှားရမ်းခနှုန်းအတိုင်းဖြစ်မဖြစ်မှာလည်း အဓိကအားဖြင့် အိမ်ရှင်ဖြစ် သူ၏ သဘောဆန္ဒအရသာဖြစ်သည်။

နှစ်ချုပ်စနစ်၏ အားသာချက်မှာ အိမ်ငှားဖြစ်သူအနေဖြင့် မိမိဆက်လက် ငှားရမ်းနေထိုင်လိုခြင်း မရှိတော့သောအချိန်တွင် စပေါ်ငွေပြန်မရမည်ကို ပူပန်ရန်မလိုတော့သကဲ့သို့ အိမ်ရှင်အနေဖြင့်လည်း လစဉ်အိမ်လခမှန်မှန် မရမည်ကို ပူပန်ရန် မလိုတော့ခြင်း၊ စပေါ်ငွေကဲ့သို့ အိမ်ငှားဖြစ်သူ သို့ ငွေအလုံးအရင်းဖြင့် ပြန်အမ်းရမည်ကို ပူပန်ရန်မလိုခြင်းပင် ဖြစ်ပေသည်။


Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service