နေအိမ်ကို နှစ်ချုပ်စနစ်ဖြင့် ငှားရမ်းခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
1712 Views

နေအိမ်ကို နှစ်ချုပ်စနစ်ဖြင့် ငှားရမ်းခြင်း

Knowledge | Posted by Aye Myat Thu

ယခုအခါ စပေါ်စနစ်၊ အပျောက်စနစ်သာမက နှစ်ချုပ်ငှားစနစ်ကိုပါ ကျင့်သုံး လာကြသည်ကို တွေ့ရသည်။ နှစ်ချုပ်စနစ်တွင် စပေါ်မရှိ၊ အပျောက်မရှိ၊ ငှား ရမ်းခကို တစ်နှစ်စာ ကြိုတင် ပေးထားရသော စနစ် ဖြစ်သည်။ တချို့မှာ နှစ် ဖက်ညှိနှိုင်းချက်အရ ခြောက်လ ချုပ်သည်လည်း ရှိသည်။ အိမ်ငှားအနေဖြင့် မိမိ ငှားရမ်းနေထိုင်မည့် ကာလတစ်ခုလုံးအတွက် အိမ်ငှားရမ်းခအားလုံးကို တစ်ကြိမ်တည်း အကြေအလည် ပေးထားရခြင်းဖြစ်သည်။

များသောအားဖြင့် နှစ်ချုပ်ငှားရမ်းခြင်းစနစ်အရ စာချုပ်သက်တမ်း မကုန်ဆုံးမီ ကာလအတွင်း အကြောင်းကြောင်းကြောင့် ဆက်လက်ငှားရမ်းခြင်းမပြုပါက အိမ်ရှင်ဖြစ်သူမှ အိမ်ငှားဖြစ်သူသို့ ကျန်ရှိသည့် အိမ်ငှားကာလအတွက် အိမ် ငှားခများကို ပြန်အမ်းပေးခြင်းမရှိပေ။ အိမ်ငှားစာချုပ် သက်တမ်းမစေ့မီ ဆက်လက် ငှားရမ်းလိုခြင်း ရှိမရှိနှင့် အချိန်မစေ့မီ အိမ်ငှားအနေဖြင့် ဆက်လက် ငှားရမ်းခြင်း မပြုတော့ပါက အိမ်ငှားခ ပြန်အမ်း၊ မအမ်းမှာ စာချုပ်ပါ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဖက် သဘောတူညီမှု ရှိခဲ့သည့် အတိုင်းပင် ဖြစ်သည်။

အိမ်ငှားရမ်းခြင်းနှင့် ပတ်သက်၍ အိမ်ငှားကာလ သက်တမ်းမစေ့မီ အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ရှင်ဘက်မှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက အိမ်ငှားခ ကျန်ရှိငွေ အားလုံးကို အိမ်ရှင်ဘက်မှ ပြန်လည်
ပေးအပ်ရန်နှင့် အိမ်ငှားဖြစ်သူမှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါ က ပေးချေပြီးဖြစ်သည့် ကျန်ရှိသည့်အိမ်ငှားခကို အိမ်ငှားဖြစ်သူအနေဖြင့် ဆုံးရှုံးခံရန်ဟူ၍ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆိုခဲ့ပါက စာချုပ်ပါ အ တိုင်း ဆောင်ရွက်ရန်ပင်ဖြစ်ပေသည်။

သို့တည်းမဟုတ် မည်သူ၏ ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ စာချုပ်သက်တမ်းကာ လ မကုန်ဆုံးမီ ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက ကျန်ရှိသည့် အိမ်ငှား ခငွေများကို အိမ်ရှင်မှ အိမ်ငှားဖြစ်သူသို့ ပြန်လည်ပေးလျော်ရန် မလိုကြောင်း ထည့်သွင်းဖော်ပြချုပ်ဆိုကြတာလည်း ရှိသည်။

အိမ်ငှားရမ်းသည့် သက်တမ်းကာလပြီးဆုံးပြီးနောက် ဆက်လက်ငှားရမ်း မည့်ကိစ္စမှာ နောက်ထပ်၍ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးနှစ်ဖက်၏ သဘော တူညီချက်အရသာ ဖြစ်ပေသည်။ ဆက်လက်ငှားရမ်းသည့်တိုင် အိမ်ငှားခကို ယခင်ငှားရမ်းခနှုန်းအတိုင်းဖြစ်မဖြစ်မှာလည်း အဓိကအားဖြင့် အိမ်ရှင်ဖြစ် သူ၏ သဘောဆန္ဒအရသာဖြစ်သည်။

နှစ်ချုပ်စနစ်၏ အားသာချက်မှာ အိမ်ငှားဖြစ်သူအနေဖြင့် မိမိဆက်လက် ငှားရမ်းနေထိုင်လိုခြင်း မရှိတော့သောအချိန်တွင် စပေါ်ငွေပြန်မရမည်ကို ပူပန်ရန်မလိုတော့သကဲ့သို့ အိမ်ရှင်အနေဖြင့်လည်း လစဉ်အိမ်လခမှန်မှန် မရမည်ကို ပူပန်ရန် မလိုတော့ခြင်း၊ စပေါ်ငွေကဲ့သို့ အိမ်ငှားဖြစ်သူ သို့ ငွေအလုံးအရင်းဖြင့် ပြန်အမ်းရမည်ကို ပူပန်ရန်မလိုခြင်းပင် ဖြစ်ပေသည်။


Credit: Winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service