ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
319 Views

ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

ကုန်သွယ်ခွန်မှာ(သွယ်ဝိုက်ခွန်)အမျိုးအစားဖြစ်ပါသည်။ ပြည်တွင်း ကုန်စည် ထုတ်လုပ်ရောင်းချသူ ၊ ပြည်ပမှ ကုန်စည်တင်သွင်းခြင်း၊ ကုန်သွယ်မှုများ ဆောင်ရွက်သူ ၊ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူတို့မှ ကုန်သွယ် လုပ်ငန်းခွင်အား ရောင်းရငွေပေါ်တွင် ဝယ်ယူသူထံတွင် တပါတည်းကောက်ခံမှုပြုရမည်ဖြစ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ရောင်းရငွေ၊ ဝန်ဆောင်မှုရငွေများလဲ ရှိပါသည်။ နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေမှာ သိန်း ၅၀၀ တိတိ ၊ ဝန်ဆောင်မှုလုပ်ငန်းအတွက်ရငွေ သိန်း ၅၀၀ တိတိ၊ ကုန်သွယ်မှုအတွက် ရောင်းရငွေ သိန်း-၅၀၀ တိတိတို့မှာ ကုန်သွယ်လုပ်ငန်းခွန် မစည်းကြပ်ထိုက်သော ရောင်းရငွေ၊ ဝန်ဆောင်မှုရငွေအဖြစ် သတ်မှတ်ထားပါသည်။

အိမ်ခြံမြေများတွင် မြေအား နှစ်ရှည်မြေငှားရမ်းသည့်အခါတွင်လဲ နိုင်ငံပိုင်မြေဖြစ်စေ (သို့) ပုဂ္ဂလိက ပိုင်မြေ ဖြစ်စေ ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရပါမည်။ အိမ်ခြံမြေအား မြေပိုင်ရှင်နှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်သည်ဖြစ်စေ၊ လွှဲပြောင်းရောင်းချလျှင်ဖြစ်စေ၊ အဆောက်အအုံ တည်ဆောက်ရောင်းချလျှင် ဖြစ်စေ၊ ရောင်းရငွေ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၃%) ထမ်းဆောင်ရန် လိုပါသည်။ ရွှေထည်များတွင်လဲ ကုန်သွယ်လုပ်ငန်းခွန် (၁%) ထမ်းဆောင်ရန် လိုပါသည်။ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများတွင် (၁၅%) ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင် ရပါသည်။ ကုန်စည်အမျိုးအစားပေါ်မူတည်၍ ကုန်သွယ်လုပ်ငန်းခွန်မှာ ကွဲပြားခြားနားမှုရှိပါသည်။

ကုန်စည်အား ထုတ်လုပ်ရောင်းချသူမှာ ထမ်းဆောင်ပြီးသော ဘာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အပေါ်တွင် ခုနှိမ်ခွင့်လဲ ရှိပါသည်။

ဟိုတယ်လုပ်ငန်းများတွင်လဲ ပြည်ပမှ တင်သွင်းစဉ်၊ ပြည်တွင်း၌ ဝယ်ယူစဉ်၊ ဝန်ဆောင်မှု ဆောင်ရွက်စဉ်က ပေးဆောင်ခဲ့သော ကုန်သွယ်လုပ်ငန်းခွန်းအား ခုနှိမ်နိုင်ပါသည်။ ပြည်ပမှ ဝယ်ယူတင်သွင်း၍ ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရခြင်းဖြစ်ပါက ပတခ(ကသခ)-၅-၀၂ မူရင်းခွဲအား သိမ်းဆည်းပြီး ခုနှိမ်ပေးအပ်ခြင်းပြုနိုင်ပါသည်။ ပြည်တွင်း၌ ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူပြီး ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရခြင်းဖြစ်ပါက ပတခ(ကသခ)-၅-၀၁ မူရင်းခွဲအား သိမ်းဆည်းပြီး ခုနှိမ်ခြင်းပြုနိုင်ပါသည်။

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်လိုပါက ပတခ(က သခ)-၅-၀၁၊ ပတခ(ကသခ)-၅-၀၃၊ ပတခ(ကသခ)-၀၁-၀၂ပုံစံ မူရင်း/မိတ္တူ တို့ လိုအပ်ခြင်းဖြစ်ပါသည်။ ရွှေထည်များဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပျက်စီးဆုံးရှုံးကုန်စည်များအတွက် ပေးဆောင်ခဲ့သော ကုန်သွယ် လုပ်ငန်းခွန်မှာ ခုနှိမ် ထမ်းဆောင်ခွင့်မရှိသော ကုန်သွယ်လုပ်ငန်းခွန်ဖြစ်ပါသည်။

နှစ်တစ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ထိုက်သော ရောင်းရငွေ(သို့) ဝန်ဆောင်မှုရှိသူသည် ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ် ပတခ(ကသခ)-၀၁-၀၂ လျှောက်ထားရန် လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service