မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2025 11:54 am တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

⚖️ မေးခွန်း(၁) -စလစ်မြေ နှင့် ပါမစ်မြေ ဘာတွေကွာခြားပါသလဲ။

ပါမစ်မြေဆိုသည်မှာ လူနေအိမ်ဆောက်လုပ်ရန်အတွက် ယခင်ကအိုးအိမ်ဦးစီးဌာန ယခုစည်ပင်သာယာရေးကော် မတီမှ မြို့သစ်များအသစ်ဖော်ထုတ်သည့်အခါတွင် မိသားစုဓာတ်ပုံမှတ်တမ်း၊ လူနေထိုင်ခွင့်ပြုမိန့် စာရွက်စာတမ်းများ ဖြင့် အမည်ပေါက် ချထားပေးခြင်းဖြစ်ပါသည်။

ပါမစ်မြေပိုင်ဆိုင်သူမှာ (၁)လအတွင်း အိမ်ဆောက်လုပ်နေထိုင်ရပါမည်။ ပါမစ်မြေမှာ (၄၀×၆၀) ထွက်ရှိပြီး ဦးပိုင်အမှတ် မထွက်ရှိသေးပါ၊ အမည်ပေါက် ကိုယ်တိုင် ဂရန်လျှောက်ထားမှုပြုလျှင် ပိုအဆင်ပြေပါသည်။

ပါမစ်မြေအား (၂၀×၆၀)ဖြင့်သာ နှစ်ဦးပိုင်ဆိုင် ဝယ်ယူထားလျှင်လဲ ဂရန်လျှောက်ထားသည့်အခါ မူလပါမစ်မြေ အကျယ်အဝန်းအတိုင်း (၄၀×၆၀)ဖြင့် ဂရန်လျှောက်ထားရမည်ဖြစ်သောကြောင့် နှစ်ဦးအမည်ပေါက်ဂရန် ပူးတွဲလျှောက် ထားရပါမည်။ ဂရန်လျှောက်ထားသည့်အခါ အရှုပ်အရှင်းရှိမရှိ ဌာနမှ သတင်းစာကြေငြာစေခြင်း၊ ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းတို့လဲ ဆောင်ရွက်စေပါသည်။

ပါမစ်မြေမှာ မြေပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်း အတုများဖြင့် ရောင်းချကြခြင်းများကြောင့် အရှုပ်အရှင်းများပါသည်။ ထို့ကြောင့် အဆင့်ဆင့်လွှဲပြောင်း ဝယ်ယူသည့်အခါတွင် မြေကွက် မှတ်တမ်းများအား သိရှိစေရန် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် အမည်ပေါက်စစ်ဆေးခြင်း၊ ကန့်ကွက် အရှပ်အရှင်းရှိမရှိ စစ်ဆေးရမည်ဖြစ်ပါသည်။

စလစ်မြေဆိုသည်မှာ ခွင့်ပြုချက်ဖြင့် အကွက်ချပေးသည့် မြေချစလစ်မြေအမျိုးအစားပင်ဖြစ်ပြီး သက်ဆိုင်ရာ မြေစာရင်းဌာနတွင် မြေယာမှတ်တမ်းထားရှိပါသည်။ စလစ်မြေမှာ အကွက်သစ် တိုးချဲ့မြေမြေအမျိုးအစားပင်ဖြစ်ပါသည်။ မြေကွက်အတွက် စလစ်စာရွက်ပေါ်တွင် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (သို့) စည်ပင်သာယာရေးကော်မတီမှ တံဆိပ်တုံး အဝိုင်းပါ မြေပြေစာထွက်ရှိပါသည်။

စလစ်မြေ၊ပါမစ်မြေအား အရပ်ကတိစာချုပ်ဖြင့် အရောင်းအဝယ်ပြုသည့်အခါ ရောင်းချသူမှ အရှုပ်အရှင်း တစ်စုံ တစ်ရာ ပေါ်ပေါက်ပါက တာဝန်ယူပေးမည်ဖြစ်ကြောင်း၊ ဝယ်ယူသူတွင် နစ်နာမှု ပေါ်ပေါက်ပါက ရောင်းဈေးတန်ဖိုးငွေနှင့် နစ်နာကြေးပြန်ပေးလျော်မည်ဖြစ်ကြောင်း ကတိပြုချက်များ ရယူထားသင့်ပါမည်။ စလစ်မြေအား ပါမစ်မြေအဖြစ် ပြောင်း လဲလျှောက်ထားပြီးမှ အမည်ပေါက်မြေငှားဂရန် လျှောက်ထားခြင်း ပြုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါ သည်။

 

⚖️ မေးခွန်း(၂) - ဂရန် (ကတုံး) ဝယ်လို့ရပါသလား။

ဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ - ၇ ၊ ၈ နည်းဥပဒေအပိုဒ် - ၂၉အရ စည်း ကမ်းချက်များ သတ်မှတ်ကာ နှစ်ကာလအပိုင်းအခြားဖြင့် ချထားပေးသော အငှားမြေကို ဆိုလိုပါသည်။ နှစ်တို၊ နှစ်ရှည်ဟူ၍ ကာလအပိုင်အခြားအလိုက် ဂရန်အမျိုးအစားများ ခွဲခြားသတ်မှတ်ထားကာ ကော်မတီမှ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသောမြေ၊ ကော်မတီအမည်ပေါက်ဖြင့် လွှဲပြောင်းရယူထားသောမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ လူ နေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေများကို လျှောက်ထားသူသည် အသက် - ၁၈နှစ်ပြည့်ပြီး နိုင်ငံသားဖြစ်လျှင် မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။

အဆိုပါဂရန်မြေကွက်အား တဆင့်အရောင်းအဝယ်ပြုခြင်းများတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ လွှဲပြောင်းခြင်း မရှိပါက ဂရန်အမည်ပေါက် ပျောက်ဆုံး/ သေဆုံးသည့်အခါ ဝယ်ယူသူမှ ၎င်းအမည်ပေါက်ဂရန် လျှောက်ထားနိုင်ခြင်း မရှိတော့ပါ။ ထိုအခါ ဂရန်မှာ အရပ်အခေါ် ဂရန်ဂတုံး အမည်ပေါက်လျှောက်ထားရန်မလွယ်သော မြေငှားဂရန် အဖြစ်‌သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ ဂရန်ဂတုံးဖြစ်ရင် အရောင်းအဝယ်နှောင့်နှေးကာ ပေါက်ဈေးအတိုင်း မြေကွက်မှာ ဈေးရရှိ မည်မဟုတ်ပါ။ မြေကွက်နှင့် စပ်လျဉ်း၍ မြေယာမှတ်တမ်းများအား စစ်ဆေးလိုလျှင်တော့ စည်ပင်သာယာရေး မြေယာစီမံခန့်ခွဲမှုဌာနတွင် အမည်ပေါက်၊မြေကွက်အမှတ်၊ ဦးပိုင်အမှတ်၊ မြေကွက်၏ မူလအကျယ်အဝန်း တို့ကို စစ်ဆေးနိုင်ပါသည်။ အဆိုပါ မြေကွက်အတွက် မြေပုံကူးယူခြင်း၊ ဘဏ်ချေးငွေ တင်ခြင်း၊ အမွေဆက်ခံမှုတရား ဝင်ပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်မည်တော့ မဟုတ်တော့ပါ။

အဆိုပါမြေကွက်အတွက် အမွေဆက်ခံသူများ ကျန်ရှိနေကာ အဆက်အသွယ်ရပါက အမည်ပေါက်၏ သေစာရင်း၊ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်အထောက်အထားတို့ဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်းနှင့် အရောင်းမြေပုံကူးယူနိုင်ရေးအတွက် ညှီနှိုင်းပြုကာ တောင်းဆိုလျှင် ဂရန်အမည်ပြောင်းအတွက် အဆင်ပြေစေနိုင်ပါသည်။ မူလဂရန်အမည်ပေါက်နှင့် လုံးဝအဆက်အသွယ် ပျောက်တောက်မှုများတွင် တရားရုံးမှတဆင့် ပိုင်ဆိုင်ကြောင်းအား ဂရန် အမည်ပေါက်ကို တရားပြိုင်အဖြစ်ထားရှိပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးစေလိုမှုဖြင့် တရားစွဲဆိုရပါမည်။

တရားရုံး၏ အနိုင်ဒီဂရီ တစ်ရပ်ရရှိပါက ဘီလစ်မှ တရားပြိုင်အစား လက်မှတ်ရေးထိုးကာ မြေပုံကူးယူခြင်း ၊ ရာဖြတ်တင်၊ စာချုပ်စာတမ်း မှတ်ပုံရုံးတွင် (၄)အတွင်း အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းတို့ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ထွက်ရှိပါက လက်ရှိနေထိုင်နေသူ ဝယ် ယူသူ၏ ဂရန်အမည်ပြောင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️ မေးခွန်း(၃) - ကိုယ့်မြေကွက်မှာ တခြားသူတစ်ဦးက ကန့်ကွက်စာတင်ထားတယ်ဆိုရင် ဘယ်လိုပယ်ဖျက်လို့ ရနိုင်မလဲ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အခန်း(၁၄) ပုဒ်မ-၅၈ ၊၅၉ အညီ မြေကွက်နှင့် သက်ဆိုင်သူများမှသာ အဆိုပါမြေကွက်အား လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်းကို ကန့်ကွက်ထားနိုင်ပါသည်။ မြေကွက်အား ကန့်ကွက်သူမှာ မြေပိုင်ဆိုင်မှု အထောက်အထားများ မူရင်းများ၊ မှတ်ပုံ တင် စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် အနိုင်ဒီဂရီ၊ အမှုအတွင်းဖြစ်ပါက တရားရုံး၏ တားဝရမ်းစာတို့ တင်ပြနိုင်မှ ကန့်ကွက်မှု ဆောင်ရွက်နိုင်ပါသည်။ ကန့်ကွက်စာတင်ပြသည့်အခါတွင် ဌာနမှ မြေကွက်အား မြို့မြေစာရင်း၊ အခွန်ခွဲဝေမှုစည်းကြပ်ပုံမှတ်တမ်းများတွင် မှတ်သားထားခြင်းရှိမရှိ ရုံး၏ မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုပြုပြီးမှ ကန့်ကွက်စာကို လက်ခံပါသည်။

ကန့်ကွက်သည့်အကြောင်းအရာပေါ်မူတည်၍ လိုအပ်ပါက ကန့်ကွက်သူမှာ မြေကွက်အတွက် တရားရုံးတွင် အမှုတွဲ ဖွင့်လှစ်နိုင်ရမည်ဖြစ်ပါသည်။ တရားရုံး၏ အမှုတွဲအမှတ်၊ အယူခံဝင်ရောက်နေပါက အယူခံအမှု၏ အထောက် အထားများ၊ ယာယီတားဝရမ်း (သို့) ထာ၀ရ တားဝရမ်းတို့အား ဌာနမှကန့်ကွက်စာနှင့်အတူ တင်ပြစေသည်များလဲ ရှိပါသည်။ ခိုင်လုံသောအထောက်အထားများ မတင်ပြနိုင်ပါက အဆိုပါကန့်ကွက်စာကို ဌာနမှ လက်မခံမည်မဟုတ်ပါ။

အမွေကိစ္စရပ်များ ၊ အငြင်းပွှားမှု၊ အရှုပ်အရှင်း တစ်စုံတစ်ရာကြောင့် ပိုင်ဆိုင်မှုအထောက်အထားများဖြင့် ကန့်ကွက်စာ တင်ပြထားပါကလဲ ကန့်ကွက်စာတင်သူမှာ အဆိုပါမြေကွက်နှင့် ၎င်းသက်ဆိုင်ကြောင်း အမည်ပေါက်၏ သေစာရင်း အထောက်အထားတို့ တင်ပြနိုင်ရပါမည်။ ကန့်ကွက်စာအား ဌာနမှလက်ခံလျှင်လဲ စာဝင်စာထွက် မှတ်တမ်းဖြင့် လက်ခံထားရှိမည်ဖြစ်ပါသည်။ မြေကွက်နှင့် သက်ဆိုင်ခြင်း မရှိသူမှ ကန့်ကွက်စာအား တင်ပြခြင်း မပြုနိုင်ပါ။

ကန့်ကွက်စာအား ရုတ်သိမ်းခြင်း ဆောင်ရွက်လိုသည့်အခါ အမှုဖြစ်နေသော မြေကွက်ဖြစ်ပါက တရားရုံးအနိုင်ဒီဂရီအား ပြသရမည်ဖြစ်ပါသည်။ မူလကတရားရုံး အမှုတွဲနံပါတ်ဖြင့် ကန့်ကွက်စာတင်ပြထားပါကလဲ သက်ဆိုင်ရာ တရားရုံးတွင် အမှုတွဲပိတ်သိမ်းဖြစ်ပြီးကြောင်း အထောက်အထားများဖြင့်သာ ကန့်ကွက်စာအား ပြန်လည် ရုတ်သိမ်းနိုင် သည်။ ကန့်ကွက်သူ ကိုယ်တိုင်မှ ကန့်ကွက်ခြင်းအား ပြန်လည်သိမ်းလိုလျှင်လဲ ၎င်းကန့်ကွက်သူ၏ မှတ်ပုံတင်မူရင်း၊ ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများဖြင့် သက်ဆိုင်ရာအရာရှိ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကာ ကန့်ကွက်စာအား ပယ်ဖျက်ခြင်းပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service