ဗဟုသုတ | Posted by အေးမြတ်သူ
တရားရုံးမှ အမှုတစ်မှုတွင် အငြင်းပွှားသည့်အကြောင်းအရာအား ရှင်းလင်းတိကျစေရန်၊ နစ်နာကြေးအတွက် ကာလတန်ဖိုးစီစစ်ချက်၊ ကြားကာလ အမြတ်အစွန်းများ ခန့်မှန်းနိုင်ရန်အတွက် ကော်မရှင်စာထုတ်၍ အစီရင်ခံစာတင်ရန် အတွက် ညွှန်ကြားနိုင်ပါသည်။ တရားရုံးမှ မိမိသင့်သည့် ထင်မြင်သူအား ကော်မရှင်နာအဖြစ် အတည်ပြုပေးနိုင်ပါသည်။ ကော်မရှင်နာက ကြည့်ရှုစစ်ဆေးခြင်းများ၊ ထင်မြင်ချက်များကို လက်မှတ်ရေးထိုးကာ အစီရင်ခံစာ ပြန်လည်တင်ပြရမည် ဖြစ်ပြီး အဆိုပါအစီရင်ခံစာသည် အမှုအတွက် အရေးပါပါသည်။
အမှုအတော်အတွင်း မြေတိုင်းတာခြင်းများတွင်လဲ မြေတိုင်းကော်မရှင်အဖွဲ့ ဆောင်ရွက်သည်များလဲ ရှိနိုင်ပါသည်။ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုများတွင်လဲ ကော်မရှင်နာခန့်အပ်ကာ အစီရင်ခံစာ တင်ပြစေပါသည်။ စီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ ရုံးသို့လာရောက်ရန် ကင်းလွှတ်ခွင့်ပြုထားသော မကျန်းမာသူ၊ မသန်စွန်းသူအား မေးခွန်းများမေးမြန်းနိုင်ရန် ကော်မရှင်စာထုတ်ပေးနိုင်သည်။ ကော်မရှင်မှပစ္စည်းစာရင်းများအား ကောက်ယူရသည့်အခါတွင်လဲ တိကျစွာမှတ်တမ်းတင် ရမည်ဖြစ်ပါသည်။
အမှုသည်တစ်ဦးဦးမှလဲ ကော်မရှင်နာ၏ အစီရင်ခံစာအား ပြန်လည်မေးမြန်းခြင်းပြုနိုင်သလို ကန့်ကွက်ခြင်းလဲပြု နိုင်ပါသည်။ ကော်မရှင်နာ၏ အစီရင်ခံစာမှာ အမှုတွင် သက်သေခံချက်သာဖြစ်ပါသည်။ ကော်မရှင်နာ၏ အစီရင်ခံစာမှာ ၎င်းတို့တွေ့ရှိချက်အား တရားရုံးအား အစီရင်ခံရန်သက်သက်သာ ဖြစ်ပါသည်။ ကော်မရှင်နာသည် သက်သေခံချက်များကို အခြေခံကာ ၎င်းမှ ဆုံးဖြတ်ချက် ရေးမှတ်ခွင့်မရှိပါ။
ကော်မရှင်နာ ခန့်အပ်ခြင်းဖြင့် အမှုအတွက် သက်သေခံများရယူနိုင်ကာ သံသယရှိသည်များကို ရှင်းလင်းစေပါသည်။ ကော်မရှင်နာများမှ မြေပြင်အခြေအနေများနှင့် စာရင်းပိုင်းဆိုင်ရာအား တိကျသည်များ တင်ပြနိုင်ကာ တရားရုံး၏ အဆုံးအဖြတ်မှုကို အထောက်အပံ့ပြုနိုင်ခြင်း ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းအတွက် ကော်မရှင်နာခန့်အပ်ခြင်းများတွင်လဲ ကာလစည်းကမ်း သတ်မှတ်ချက် မရှိပါ။ တရားရုံးတစ်ရုံးရုံး၏ ကော်မရှင်စာအား လက်အောက်ခံတရားရုံးသို့ ပေးပို့ကာညွှန်ကြားခြင်းလဲ ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com