အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း

အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Sep 2025 12:17 pm တွင် တင်ခဲ့သည်
220 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

နေ့တိုင်းက အသီးအရွက်တွေ နဲ့ သစ်သီးဝလံတွေနဲ့ မကင်းကြပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုပြီးတော့ စားသောက်နေထိုင်ကြရတဲ့ နေ့စဉ်ဘဝတွေမှာ အစာအဆိပ်သင့်မှုတွေနဲ့ ဓာတုဆေးဝါး ဓာတ်ကြွင်းတွေကိုလည်း အမြဲရင်ဆိုင်နေကြပါတယ်။

ဆိုတော့ အတတ်နိုင်ဆုံး ဘာလုပ်ကြမလဲဆိုရင်

အားလုံးနဲ့လည်းကိုက်ညီပြီး အကုန်လုံးလိုက်လုပ်လို့ရနိုင်တာကတော့ သေသေချာချာဆေးကြောခြင်းပါပဲ။

အသီးအရွက်နဲ့ သစ်သီးဝလံတွေကို ဘာကြောင့်ဆေးကြောဖို့လိုအပ်တာလဲ?

ဆိုတော့ ဘယ်လိုဟင်းမျိုးချက်ချက်၊ ဘယ်လိုမျိုး ပြင်ဆင်ဆင်၊ အစိမ်းစားစရာပဲဖြစ်ဖြစ် ရေဆေးတဲ့အဆင့်က လုံးဝကို အခြေခံအဆင့်ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အဆင့်ပါ။

ရေဆေးလိုက်ခြင်းအားဖြင့် အသီးအရွက်နဲ့ သစ်သီးဝလံတွေမှာ ပေနေတတ်တဲ့ အညစ်အကြေးတွေကို ဆေးချပေးရာလည်းရောက်သလို ရောဂါဖြစ်စေတဲ့ သက်ရှိအချို့တွေကိုလည်း ဖယ်ရှားပြီးသားဖြစ်သွားစေပါတယ်။ အီကိုလိုင်းလို အစားနဲ့ပတ်သတ်ပြီး ဖျားတာနာတာဖြစ်တတ်တဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေလိုမျိုးဆို တစ်ခါတည်း ပါသွားပါတယ်။

ဒါပေမဲ့လို့ အပူနဲ့ မထိတွေ့ရဘူး။ အစိမ်းစားမယ်ဆိုရင် ဒီလိုဆေးကြောခြင်းက အန္တရာယ်ဖြစ်စေနိုင်တဲ့ သက်ရှိတို့ကိုဖယ်ရှားဖို့အတွက် အရမ်းအရေးပါတဲ့အဆင့်ဖြစ်ပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုဆေးကြောကြမလဲ?

ပုံမှန်ဆိုရင်တော့ ရေနဲ့ဆေးကြတယ်။ ဒါပေမဲ့ ပိုအေးတဲ့ရေ၊ ပုံမှန်အပူချိန်မဟုတ်ပဲနဲ့ (၄၅-၅၅) ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ဆေးတယ်ဆိုရင် အသီးအရွက်တွေမှာပါတဲ့ အနာတွေ အပေါက်လေးတွေကနေ တစ်ဆင့် ဝင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ဟန့်တားပြီးသားဖြစ်သွားစေပါတယ်။ ပြီးတော့ ရေစိမ်တာနဲ့စာရင် ရေစီးနေတဲ့ ရေပိုက်ခေါင်းဖွင့်ဆေးတာလိုမျိုးက အသီးအရွက်တွေရဲ့ မျက်နှာပြင်ပေါ်က အညစ်အကြေးနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို ဆေးချပြီးသားဖြစ်သွားစေပါတယ်။ အဲ့လိုဆေးချပြီးသွားရင်တော့ ရေမစိမ်ထားသင့်တော့ပါဘူး။ ရေထဲကျသွားတဲ့ အညစ်အကြေးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေနဲ့ ထပ်ပြီးတော့ တွေ့ဆုံနိုင်တာကို လျှော့ချချင်တာကြောင့်ပါ။

ဆပ်ပြာတို့၊ ရှာလကာရည်တို့ ဒါမှမဟုတ် ဆေးကြောဖို့အတွက် ထုတ်ထားတဲ့ ထုတ်ကုန်တွေနဲ့ ဆေးကြောဖို့လည်း မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆပ်ပြာက အစားအသောက်အတွက် ထုတ်ထားတာမဟုတ်တာရယ်၊ ရှာလကာရည်က အသီးအရွက်တွေရဲ့ အရသာကိုပြောင်းလဲစေတတ်တာရယ်၊ နောက်ပြီး ထုတ်ထားတဲ့ ဆေးကြောလို့ရတဲ့ ကုန်ပစ္စည်းတွေဆိုတာကလည်း ရေစီးရေကြောင်းနဲ့ ဆေးတာလောက် ပြောင်စင်တယ်ဆိုတာကို သက်သေမပြသေးနိုင်ဘူးလို့ Kimberly Baker, Ph.D., RD, LD, director of the Clemson Extension Food Systems and Safety Program Team က ပြောထားပါတယ်။

 

ဒါဆိုရင် ဘယ်လိုဆေးကြမလဲ?

အရွက်စားတဲ့ ဟင်းသီးဟင်းရွက်တွေအတွက်ဆိုရင်

စစချင်းဆေးဖို့ဆိုရင် သူတို့ အခက်အလက်တွေနဲ့ ပြန်မရှုပ်သွားအောင်လို့ သေသေချာချာလေး ဖြတ်လိုက်မယ်။ ပြီးတော့ ရေထဲကို ညင်ညင်သာသာ နှစ်မယ်။ ဇကာနဲ့ဆိုလည်း ဇကာလိုက် နှစ်လိုက်ပြီးတော့ နည်းနည်းလေး လှုပ်ပေးတာ ဖြည်းဖြည်းချင်း ပွတ်ဆေးပေးတာမျိုးက ကပ်တွယ်နေတဲ့ အညစ်အကြေးတွေ ကွာကျပြီးတော့ အောက်မှာ အနယ်ထိုင်သွားစေပါတယ်။ ဒီလိုနည်းနဲ့ အရွက်တွေက ပြောင်စင်လာပြီး အစိမ်းရောင်တောက်လာတဲ့အထိ ဆေးပေးပြီးတော့မှ စားသုံးတာက အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။

ပန်းဂေါ်ဖီလို၊ ပန်းပွင့်စိမ်းလိုမျိုးသီးနှံ အုပ်စု

သူတို့ရဲ့ သဘာဝအရ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေက အရမ်းကြီး မကပ်ကြတဲ့ အနေအထားရှိပါတယ်။ အဲ့တော့ မဖြတ်ခင် ဆေးတာ ဒါမှမဟုတ် ဖြတ်တောက်ပြီးမှ ဆေးတာ တစ်ကြိမ် ဆေးရင် လုံလောက်ပါတယ်။ ခြောက်သွေ့နေတုန်းမှာ ဖြတ်တောက်ကိုင်တွယ်ရတာ ပိုလွယ်တာမို့ နောက်မှ ဆေးတာကတော့ ပိုအဆင်ပြေပါတယ်။ ရေအေးနဲ့ပဲ ညင်ညင်သာသာ ဆေးရင်ရပါတယ်။ သူတို့ကို လက်နဲ့ပွတ်တိုက်စရာမလိုပါဘူး။ အဲ့လို လုပ်ရင် ပန်းပွင့်သေးသေးလေးတွေ ကြွေကုန်မှာပါ။

နံနံပင်လို ဟင်းခတ်ရွက်တွေ

သူတို့ကတော့ မလှီးမဖြတ်ခင်လေးမှာရေ မြန်မြန်လေး သေချာဆေးကြောပေးဖို့လိုပါလိမ့်မယ်။ သူတို့က ရေနဲ့ ဆေးတာလည်း ခံနိုင်ရည်ရှိလို့ မြန်မြန်ဆေးလို့ရပါတယ်။ ဒါပေမဲ့ ဖိတာ ပွတ်တာ မျိုး ကြမ်းကြမ်းတော့ လုပ်လို့မရပါဘူး။

ဖရုံသီး လိုမျိုး

ဒီတိုင်းဝယ်လာရင် အခွံနဲ့တကွ ရေဆေးဖို့ လိုအပ်ပါမယ်။ ဒီမှာက အသီးကို လှီးပြီး ရောင်းကြတာဆိုတော့ ရေဆေးသင့်ပါတယ်။ အခွံမှာနေကြတဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက အသားမှာလည်း လာရောက်ကပ်တွယ်နေထိုင်တာမို့ပါ။

အမြစ်တွေကိုစားတဲ့ရတဲ့ ဟင်းသီးဟင်းရွက်တွေ

မုန်လာဥတို့ အာလူးတို့လို့မျိုးတွေကို ဆေးကြောသန့်ရှင်းတဲ့အချိန်မှာ အခွံခွာတဲ့အချိန် အခွံခြစ်တဲ့အချိန်မှာ စီးနေတဲ့ရေနဲ့ ဆေးကြောပေးဖို့လိုပါတယ်။ ဘရက်ရှ် သီးသန့်လေးထားပြီးတော့ ပြောင်စင်အောင်ပွတ်တိုက်ပေးတာကလည်း မှန်ကန်တဲ့ ဆေးနည်းတစ်မျိုးပါပဲ။

မှိုတွေ

ဒါတွေက စားခါနီးမှဆေးကြောတာ အကောင်းဆုံးပါပဲ၊ မဟုတ်ရင် ချွဲသွားတတ်ပါတယ်။ အမြစ်တွေကိုဖြတ်၊ မှိုကို ရေဇလုံထဲထည့်ပြီး သာသာလေး လှုပ်ပေးရင် မှိုတွေမှာ ကပ်တွယ်နေတဲ့ အညစ်အကြေးတွေက အောက်မှာကျပြီး အနည်ထိုင်သွားမှာပါ။ အဲ့လိုနည်းနဲ့ ဆေးပြီးရင် ရေပြန်စစ် ရေပြန်သုပ်ပေးပြီး လိုအပ်သလို ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

 

ပဲအမျိုးမျိုး

သူတို့ကိုတော့ ရေမစိမ်ပဲနဲ့ ဘေစင်မှာ ဇကာနဲ့ ရေလောင်းချပြီးဆေးပေးသင့်ပါတယ်။ ဆေးပြီးသားရေတွေနဲ့ စိမ်မထားသင့်ပါဘူး။ အပေါ်ယံတွေပြောင်အောင်လို့ မွှေပြီးဆေးပြီးတော့ ရေပြန်စစ်ထားပေးလို့ရပါတယ်။

 

ကြက်သွန်ဖြူ၊ ကြက်သွန်နီ

သူတို့မှာက အလွှာအထပ်ထပ်နဲ့ အခွံကလည်း ကာကွယ်ပေးထားတာရှိတဲ့အတွက်ကြောင့်မို့ အရမ်းကြီးဆေးစရာမလိုပေမဲ့လို့ မလှီးမချွတ်ခင်မှာ ရေနဲ့ပြောင်စင်အောင် ဆေးကြောဖို့လိုပါတယ်။ မဆေးဘူးဆိုရင် အခွံမှာရှိနေတဲ့ ရောဂါပိုးမွှားတွေက အထဲက အလွှာတွေကို ကူးစက်လာနိုင်လို့ ဆေးပေးသင့်ပါတယ်။ လိုအပ်ရင်တော့ ဘရက်ရှ်သုံးပြီး ဆေးလို့ရပါသေးတယ်။

ဒီတိုင်းစားတဲ့ အသီးတွေ

ခရမ်းချဉ်သီး၊ သခွား စတဲ့ အသီးတွေဆို မဖြတ်မတောက်ခင်မှာ ရေသေချာဆေးပေးဖို့ လိုပါတယ်။

 

ဆိုတော့ အနှစ်ချုပ်အနေနဲ့ဆိုရင်ကျတော့

စီးနေတဲ့ရေ၊ ရေဘုံဘိုင်ကရေ ကျတဲ့ရေအတိုင်း ရေအေးအေးနဲ့ဆေးပေးတာ၊ အာလူးတို့ ကန်စွန်းဥတို့လိုမျိုးတွေဆို လက်နဲ့ သေချာပွတ်တိုက်ဆေးပေးတာ၊ အရွက်စိမ်းတွေ ဆိုရင် အရွက်လေးတွေပြောင်တက်လာတဲ့အထိကို ရေစိမ်ပြီးဆေးကြောပေးတာမျိုး လုပ်ပေးရင် လုံလောက်ပါတယ်။

အရမ်းကြီး စိတ်မသန့်လို့ ထပ်ဆေးချင်ပါတယ်ဆိုရင်တော့ လုပ်လို့ရတာတွေက

ရှာလကာရည် ဒါမှ မဟုတ် လီမွန်ရည် နဲ့ ဆေးတာမျိုးနဲ့ ရေထဲမှာ တစ်ဇွန်းစီလောက်ထည့်ပြီးတော့ ခဏစိမ်ပေးတာမျိုးပါ။ အာမတော့ မခံနိုင်သလို အရသာလည်းပြောင်းနိုင်တယ်လို့ အပေါ်မှာတော့ပြောထားပါတယ်၊

မုန့်ဖုတ်ဆိုဒါ - ရေတစ်ဂါလန်မှာ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပြီး (၁၀-၁၅) မိနစ်လောက်စိမ်ပြီး ရေပြန်ဆေးတဲ့ နည်းလမ်းလည်းသုံးကြပါတယ်။

ဆားရည်စိမ်ပြီးဆေးတာမျိုး

အခွံခွာတာမျိုး- ရေသေချာဆေးပြီးတော့ ဓာတုဆေးတွေနဲ့ ထိနိုင်တယ်ဆိုတဲ့ အခွံကိုခွာထုတ် ရေပြန်ဆေးပြီးမှ စားကြတာလည်း ဓာတုဓာတ်ကြွင်းတွေ ခန္ဓာကိုယ်ထဲ မရောက်စေတဲ့ နည်းအဖြစ်လည်း အသုံးပြုကြပါတယ်။

ဒါပေမဲ့လို့ ခုချိန်မှာ ရေဆေးလို့ပြောင်သွားတဲ့ ဆေးမျိုးလည်းရှိသလို သီးနှံအထဲ စိမ့်ဝင်နေတဲ့ ဆေးမျိုးတွေလည်း ရှိတာကြောင့် အော်ဂဲနစ် ဆိုတာကို လူတွေက အရမ်းကို အာရုံစိုက်လာကြတာပါ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar Ref: marthastewart, publichealth , timesofindia

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service