Knowledge | Posted by Aye Myat Thu
ပွင့်လင်းရာသီ ရောက်တော့မယ်။ ဆောင်းလေအေးအေး နေရောင်နွေးနွေးခံစားရမယ့် ဆောင်းဦးကာလဟာ တစ်နှစ်တာမှာ အလှဆုံးရာသီလို့ဆိုရင် မှားနိုင်မလားနော်။ နေရောင်ခြည်လုံလုံလောက်လောက်ရရှိမယ့် ဆောင်းဦးအချိန်မှာ အပင်စိုက်ချင်တဲ့ အိမ်ရှင်မတို့အတွက် ဒီတစ်ပတ်မှာတော့ မြေနေရာများများရှိစရာမလိုပဲ စိုက်ပျိုးနိုင်မယ့် နွယ်ပင်မျိုးစိတ်သီးနှံလေးများကို ဖော်ပြပေးလိုက်ပါတယ်။
ဆောင်းရာသီနဲ့ နွေရာသီ ပူလောင်တဲ့အချိန်မျိုးမှာ ချဉ်ချဉ်အေးအေးလေးသောက် အမောဖြေနိုင်အောင် ပင်မှည့်သီးကို အခုချိန်ထဲက ပျိုးထားနိုင်ပါပြီ ။ ပင်မှည့်ပင်ဟာ ကြီးထွားနှုန်းမြန်၊ အသီးသီးနှုန်းမြန်တဲ့အပင်မျိုးစိတ်ဖြစ်ပါတယ် ။ နွေးတဲ့ရာသီမှာ ကောင်းကောင်းကြီးထွားနိုင်ပါတယ်။
ပင်မှည့်သီးကို စိုက်ပျိုးဖို့ဆိုရင်တော့ စိုစွတ်ပြီးရေဓာတ်ပြည့်ဝတဲ့မြေဆီလွှာကောင်းကောင်းမှာ အစေ့ချစိုက်ပျိုးနိုင်သလို အပင်ဖြစ်လာတဲ့အခါမှာ ထိန်းကျောင်းပေးဖို့ ဝါးစင်၊ အပင်အကိုင်းအခက်တွေဟာ ကြီးထွားမြန်လွန်းတဲ့အတွက် ကိုင်းဖြတ်ပေးထားဖို့ လိုပါမယ်။
စပျစ်နီ၊ စပျစ်စိမ်း၊ စပျစ်မဲ စတဲ့ စပျစ်သီးမျိုးစိတ်တွေဟာ စင်နဲ့စိုက်ပျိုးနိုင်တဲ့ အသီးမျိုးဖြစ်ပါတယ် ။ သက်တမ်းရှည်သီးပင်အမျိုးအစားဖြစ်ပြီး ရေစီးဆင်းကောင်းတဲ့ မြေဆီပြင်တွေကို ကြိုက်ပါတယ်။
စိုက်ပျိုးသူများအတွက် မိုးတွင်းရာသီမှာ ကိုင်းဖြတ်ထိန်းသိမ်းပေးထားနိုင်ပါက နွေ၊ဆောင်းရာသီမှာ အသီးထွက်အားကောင်းမှာပဲဖြစ်ပါတယ်။ နေရောင်အပြည့်အဝရရှိရန်လည်း လိုအပ်ပါတယ်။
ဈေးကြီးတဲ့ ကီဝီသီးတွေကို မြေနေရာအနည်းငယ်ရှိရုံနဲ့ ကိုယ်တိုင်စိုက်စားနိုင်ပါပြီ ။ ကီဝီသီးပင်ဟာ မျိုးအောင်ဖို့အတွက် အထီးပင်နဲ့အမပင်တစ်ပင်လိုအပ်ပါတယ်။
ဆောင်းရာသီအေးပြီး နေရောင်ခြည်ကောင်းကောင်းရတဲ့ ရာသီဥတုကို ပိုမိုကြိုက်ပါတယ်။ နွယ်ပင်အတက်မြန်တာကြောင့် စင်ကောင်းကောာင်းတစ်ခုဖြင့် အပင်ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။
နွယ်ပင်တစ်မျိုးဖြစ်တဲ့သခွားပင်တွေဟာ အမျိုးနွယ်များစွာရှိတတ်ပြီး အိမ်တွင်းအလွယ်တကူစိုက်ပျိုးနိုင်တဲ့အပင်မျိုးဖြစ်ပါတယ်။ နေရောင်ပြည့်ဝတဲ့ စိုက်ပျိုးနေရာမျိုးကိုလိုအပ်ပြီး ရေစီးဆင်းကောင်းတဲ့ မြေပြင်မှာ ကောင်းကောင်းကြီးထွားပါတယ် ။ နွယ်စင်ခိုင်မာစွာလုပ်ပြီးစိုက်ပျိုးထားပါက အသီးသီးနှုန်းမြန်သော အပင်မျိုးဖြစ်ပါတယ်။ အသီးသီးတဲ့အခါမှာ ခူးဆွတ်ပေးပါက သီးထွက်နှုန်းများနိုင်ပါတယ် ။
ကဲ ဒီတစ်ခေါက်မှာတော့ အိမ်ရှင်မတို့အတွက် ခြံတွင်းမှာ အလွယ်တကူစိုက်ပျိုးနိုင်မယ့် သီးပင်စားပင်တို့အကြောင်းကိုဖော်ပြသွားတာပဲဖြစ်ပါတယ်။ ဆောင်းရာသီလည်း မကြာခင်ရောက်ရှိလာတော့မှာဆိုတော့ အမြန်လေးစိုက်ပျိုးပြီး အသီးအပွင့်ကို ဆွတ်ခူးလိုက်တော့နော် ..
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: https://sustainableholly.com/fruits-that-grow-on-vines/