နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးသို့

နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးသို့ - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 11:08 am တွင် တင်ခဲ့သည်
1789 ကြိမ် ကြည့်ရှု့ပြီး
စိတ်ကူးယဉ် နတ်သမီးပုံပြင်တွေ၊ ဒစ္စနေးကာတွန်းကားတွေထဲက ရဲတိုက်ကြီး တွေဟာ အပြင်မှာလည်းတကယ်ရှိတာ အံ့ဩစရာပါ။ ရှေးခေတ်အဆက်ဆက်က ဘုရင်ဧကရာဇ်တွေဟာ သူတို့စံမြန်းဖို့နန်းတော်တွေ၊ ရန်သူတွေတိုက်ခိုက်မှုကိုကာကွယ် နိုင်ဖို့ ရဲတိုက်တွေ ဆောက်ထားခဲ့ကြပါတယ်။

ကမ္ဘာ့အနှံ့မှာရှိတဲ့ ရဲတိုက်ကြီးတွေအနက် အလှဆုံးရဲတိုက်ကြီးကတော့ ဂျာမနီနိုင်ငံရှိ နယူချွမ်(န်)စတိန်း ရဲတိုက်(Neuschwanstein Castle)ပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် Disney ကထုတ်တဲ့ Sleeping Beauty ကာတွန်းကားထဲက ရဲတိုက်ကြီးကို ဒီရဲတိုက်ကြီး အခြေခံပြီး ဆွဲခဲ့ရတဲ့ အထိပါ။ ဒါကြောင့်လည်း ဒီရဲတိုက်ကြီးကို နတ်သမီးပုံပြင်ရဲတိုက်၊ Sleeping Beauty ရဲတိုက်လို့ အမည်ပေးထားကြပါတယ်။

ရဲတိုက်ကြီးရဲ့ တည်နေရာကလည်း ရဲတိုက်ကြီးကို အိပ်မက်ဆန်ဆန်လှစေနေတာပါ။ မြို့တော် မြူးနစ်ကနေ ၂ နာရီကြာ ကား မောင်းသွားနိုင်တဲ့ ဖူဆန်မြို့နားက တောင်ထိပ်ပေါ်မှာရှိပြီး
ရေကန်နဲ့ ဘာဗေးရီးယန်း တောင်တန်းနောက်ခံရှုခင်းက ရဲတိုက်ကြီးနဲ့အတူ ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။

ရဲတိုက်ကြီးဟာ အပြင်ပန်းလှပခမ်းနားရုံမျှမက အတွင်းပိုင်းအခန်းတွေကိုလည်း လက်ရာမြောက်စွာ အနုစိတ်ဖန်တီးထားလေရဲ့။ လှပသက်ဝင်တဲ့ နံရံဆေးရေးပန်းချီ ကားတွေ၊ တဖိတ်ဖိတ်တောက်နေတဲ့ ပရိဘောဂတွေနဲ့ မြင်မြင်သမျှ အံ့အားသင့်စရာပါ။ ဘုရင်ကြီး အိပ်ခန်းတစ်ခုတည်းက ပရိဘောဂတွေ၊ နံရံပန်းပုတွေ အလှဆင်ဖို့အတွက် လက်သမား ၁၄ ယောက်က ၄ နှစ်ကြာ အချိန်ယူပြီး ထုဆစ်ပုံဖော်ပေးခဲ့ရပါတယ်တဲ့။

ရဲတိုက်ကြီးက အပြင်ပန်းမှာ အလယ်ခေတ်ဒီဇိုင်းဖြစ်ပေမဲ့ တကယ်တမ်းက ၁၉ ရာစု ကျမှဆောက်လုပ်ခဲ့တာပါ။ အပြင်ပန်းက ရှေးဟောင်းဆန်ပေမဲ့ အတွင်းဘက်က အဲ့ ခေတ်က ခေတ်ပေါ်နည်းပညာတွေသုံးခဲ့ပါတယ်တဲ့။ အိမ်သာတွေ အလိုအလျောက်ရေ ဆွဲချစနစ်၊ အခန်းတွင်းအပူပေးစနစ်၊ ရေပူရေအေးစနစ်၊ လျှပ်စစ်ခေါင်းလောင်း၊ တယ် လီဖုန်းစတာတို့ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ပလ္လင်ထားရာအခန်းကို နှစ်ထပ် ခေါင်မြင့်ဆောက်ထားပြီး အနုပညာလက်ရာမြောက်ပေမဲ့ ဒီရဲတိုက်ကြီးမပြီးမီ ဘုရင် ကြီးနတ်ရွာစံသွားတာကြောင့် ပလ္လင်မရှိဘဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ရဲတိုက်ကြီးကစိတ်ဝင်စားစရာကောင်းရုံမက ရဲတိုက်ကိုတည်ဆောက်ခဲ့တဲ့ ဘုရင်ကြီးဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီရဲတိုက်ကြီးဟာ ဂျာမနီအင်ပါယာ လက်အောက်မကျရောက်မီ ဘာဗေးရီးယန်းဘုရင့်နိုင်ငံအဖြစ် တည်ရှိနေခဲ့စဉ်က အုပ်ချုပ်ခဲ့တဲ့ ဘာဗေးရီးယန်းဘုရင်ကြီး လူးဝစ် II ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်ခဲ့တာပါ။

အနုပညာကိုချစ်မြတ်နိုးပြီး စိတ်ကူးယဉ်ဆန်တဲ့ဘုရင်ကြီးဟာ ငယ်စဉ် ကလေးဘ၀က ဒီရဲတိုက်ကြီးရှိရာတောင်ခြေရှိ ဖခမည်းတော်စံမြန်းခဲ့တဲ့ Hohenschwangau ရဲတိုက်ကြီးမှာကြီးပြင်းခဲ့ရပြီး ပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့ တောင်ထိပ် ပေါ်မှာ နန်းတော်ကြီးတည်ဆောက်ဖို့ စိတ်ကူးခဲ့တာပါ။ အသက် ၁၉ နှစ် အရွယ်မှာ ဘုရင်ဖြစ်ပြီး နောက် ၅ နှစ်အကြာ ၁၈၇၉ ခုနှစ်မှာ စိတ်ကူးကိုအကောင် အထည်ဖော်ပြီး ဒီရဲတိုက်ကြီးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ခဲ့တုန်းက ၃ နှစ်နဲ့အပြီး မှန်းထားပေမဲ့ အသေးစိတ်အနုစိတ်လွန်းတဲ့ဘုရင်ကြီးကြောင့် ၁၇ နှစ် ကြာသွားကာ ၁၈၈၆ ခုနှစ်မှာ ဘုရင်ကြီးရုတ်တရက် နတ်ရွာစံသွားတဲ့အထိ ရဲတိုက်ကြီးကို အဆုံး မသတ်နိုင်ခဲ့ပါဘူး။ ဘ၀တလျှောက်လုံး ဒီရဲတိုက်ကြီးကို အားစိုက်ပြီး ဆောက်လုပ်ခဲ့ ပေမဲ့ ဘုရင်ကြီးဟာ ရဲတိုက်မှာ ၁၁ ရက်သာ စံမြန်းခဲ့ရတာတော့ စိတ်မကောင်းစရာပါ။

လူးဝစ်ဘုရင်ကြီးဟာ ကမ္ဘာကျော်ဂျာမာန်အော်ပရာပြဇာတ်ဒါရိုက်တာ ရစ်ချတ် ဝက်ဂ်နာရဲ့အမာခံပရိသတ်ဖြစ်ပြီး ဒီရဲတိုက်ကြီးကို သူ့ကိုရည်စူးပြီးဆောက်လုပ်ခဲ့တာပါ။ Neuschwansteinဆိုတဲ့အမည်ဟာ အင်္ဂလိပ်လို New Swan Stone (ငန်း ကျောက်တုံးအသစ်)လို့ အဓိပ္ပါယ်ရပြီး ဝက်ဂ်နာရဲ့ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ငန်းသူရဲကောင်းကို ရည်စူးပြီး အမည်ပေးထားတာပါ။ ရဲတိုက်ထဲက အခန်းတွေ၊ ပန်းချီ ကားတွေဟာ ဝက်ဂ်နာရဲ့အော်ပရာပြဇာတ် ဇာတ်ဝင်ခန်းတွေလွှမ်းခြုံနေပါတယ်။ အဲဒီ ခေတ်က လူးဝစ်ဘုရင်ကြီးဟာ ဒီရဲတိုက်အပါအဝင် အခြားနန်းတော်တွေကို မလိုအပ် ဘဲဆောက်လုပ်မွမ်းမံခြင်းကြောင့် တိုင်းပြည်ဘဏ္ဏာထိခိုက်တယ်ဆိုကာ ဘုရင်ကြီးကို စိတ်မနှံ့သူဟု တောင် စွပ်စွဲခဲ့ကြပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ ဒီရဲတိုက်ကြီးဟာ ခရီး သွားတွေဆီကနေ နေ့စဉ်ဝင်ငွေများစွာ ပြန်ယူပေးနေတာတော့ အသေအချာပါပဲ။ ဘုရင် ကြီး နတ်ရွာစံပြီး ၇ ပတ်အကြာမှာ ရဲတိုက်ကြီးကို အများပြည်သူကြည့်ရှုဖို့ ဖွင့်ပေးခဲ့ပါ တယ်။ ရှက်တတ်ပြီး လူတွေနဲ့ဝေးရာမှာ အေးအေးဆေးဆေးနေလိုတဲ့ ဘုရင်ကြီးဟာ သွားလာရခက်ခဲတဲ့ တောင်ထိပ်ပေါ်မှာ ရဲတိုက်ကြီးကို တည်ဆောက်ခဲ့ပေမဲ့ ခုချိန်မှာ တော့ ခရီးသွားဧည့်သည်များစွာ လာရောက်လေ့လာနေပါတယ်။
တစ်နှစ်ကို ဧည့်သည် ပေါင်း ၁ ဒသမ ၄ သန်းနီးပါးလာလေ့လာကြတယ်လို့သိရပါတယ်။

ကဗျာဆန်တဲ့လူးဝစ်ဘုရင်ကြီးရဲ့ ဒီနတ်သမီးပုံပြင်ရဲတိုက်ကြီးဟာ ဂျာမနီနိုင်ငံ မှာ အလှပဆုံးနေရာဖြစ်ပြီး နှစ်ပေါင်းရာကျော်တိုင် ဒဏ္ဏာရီဆန်စွာလှပ ခမ်းနားနေပါ တယ်။
ရဲတိုက်ပိုင်ရှင်ဘုရင်ကြီး ရေကန်ထဲမှာသေဆုံးနေပြီး သေဆုံးရခြင်းအကြောင်း ရင်း ရှာမတွေ့ဘဲဖြစ်နေတာကလည်း ပဟေဠိဆန်လှပါတယ်။ ဒီလောက် အပင်ပန်းခံ ဆောက်လုပ်ထားပြီး ဘယ်သူမှမနေခဲ့ရတာလည်း ထူးဆန်းတဲ့အချက်တစ်ချက်ပါ။ ဘယ်သူမှအသုံးမပြုခဲ့ရဘဲ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့သက်သက်ဆောက်ထားသလား
အောက်မေ့ရလောက်တဲ့ စိတ်ကူးယဉ်ရဲတိုက်ကြီးလို့ပဲဆိုရမှာပါ။

Credit: PYI Myanmar
နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးသို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service