ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာချေးငွေစနစ်တစ်ရပ်ကို ထူထောင်ပေးနိုင်ခဲ့

ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာချေးငွေစနစ်တစ်ရပ်ကို ထူထောင်ပေးနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
15 Dec 2016 9:52 am တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပ သည့် (၆) ကြိမ်မြောက် အာရှ-ပစိဖိတ် အိုးအိမ်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံသို့ ဒီဇင်ဘာ ၁၄ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ယခုအခါ တွင် နိုင်ငံရေး ပွင့်လင်း လွတ်လပ်လာမှုနှင့် အတူ ကုန်သွယ်ရေး၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ပြန်လည်ဝင်ရောက်လာသည့် အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အလားအလာကောင်းများ ရရှိနေပြီ ဖြစ် ပါကြောင်း၊ များမကြာမီ ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ရရှိ စေနိုင်တော့ မည်ဖြစ်သော် လည်း အခြား တစ်ဖက်တွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့် အတူ မြို့ပြများအလျင်အမြန် ဖွံ့ဖြိုး လာနိုင်ပြီး အိမ်ရာလိုအပ်ချက်များ၊ အခြေခံ အဆောက်အအုံလိုအပ်ချက်နှင့် မလုံ လောက်မှုများကြောင့် သဘာဝ ပတ်ဝန်း ကျင် ပျက်စီး ယိုယွင်းလာနိုင်မှု များနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့နိုင်ပါ ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ဟန်ချက်ညီသည့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို ရရှိနိုင်ရန်အတွက် အာရှနှင့် ပစိဖိတ် နိုင်ငံများ၏ အတွေ့အကြုံကောင်းများ ကို ဤညီလာခံမှ လေ့လာရရှိနိုင် မည်ဟု ယုံကြည်ပါကြောင်း။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မြို့ပြ များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းမွန်ပြည့်စုံသော မြို့ပြစီမံကိန်း များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အဆိုပါ မြို့ပြစီမံကိန်းအရ ဦးစားပေး လုပ်ငန်းရပ်များကို အဆင့် လိုက် အကောင် အထည်ဖော် ဆောင် ရွက် ရမည်ဖြစ်ပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးလာ သည့် မြို့ပြဝန်ဆောင်မှု အကျိုး ရလဒ် များကို ကျေးလက်ဒေသအထိ အကျိုး ခံစားမှုမျှဝေပြီး မြို့ပြကျေးလက် ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်မှု ရှိရမည်ဖြစ် ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု များ သည် ဒေသတွင်း ရှင်သန်နေသည့် ယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိခိုက် ဆုံးရှုံးမှုများ မရှိစေရေး ကာကွယ် ထိန်းသိမ်းရန်လည်း လိုအပ် ပါကြောင်း။

အိမ်ရာကဏ္ဍအနေဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အိမ်ရာတည်ဆောက် သည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် ဝင်ငွေနည်းပြည်သူများ အတွက် အိမ်ရာချေးငွေစနစ် တစ်ရပ်ကို ထူထောင်ပေးနိုင်ခဲ့ပြီဖြစ်၍ များစွာ ဝမ်းမြောက်ပါကြောင်း။

ယခုအစိုးရ တာဝန်ယူသည့် ငါးနှစ် တာကာလအတွင်း လူတန်းစား မျိုးစုံ နေထိုင်နိုင် မည့် အိမ်ရာယူနစ် တစ်သန်း ထုတ်လုပ်သွား မည် ဟု နိုင်ငံတော် သို့ အသိပေးပြောကြားပြီး ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်မှန်းချက်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် ငွေကြေး၊ နည်းလမ်း လိုအပ်ချက် များ ရှိနေပါကြောင်း။

သို့ပါ၍ဒေသတွင် အာရှ-ပစိဖိတ် နိုင်ငံများမှ စိတ်ဝင်စားသူလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံ လိုသူများအား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ကဏ္ဍများတွင် မြန်မာ နိုင်ငံ သို့ လာရောက်ပြီး P.P.P စနစ်ဖြင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြား သည်။

အဆိုပါ ညီလာခံသို့ အာရှနှင့် ပစိ ဖိတ် ဒေသတွင်းနိုင်ငံ၃ဝ မှ ဝန်ကြီးများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service