ရန်ကုန်မြို့တွင် ၀န်ဆောင်မှုပါသော လူနေအိမ်ခန်းများ ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထား ကျဆင်း

ရန်ကုန်မြို့တွင် ၀န်ဆောင်မှုပါသော လူနေအိမ်ခန်းများ ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထား ကျဆင်း - Property News in Myanmar from iMyanmarHouse.com
14 Dec 2016 9:48 am တွင် တင်ခဲ့သည်
1650 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ခုနှစ် တတိယ သုံးလပတ်၌ ရန်ကုန်မြို့တွင် ၀န်ဆောင်မှုပါသော လူနေအိမ်ခန်း အခန်းပေါင်း ၁၅၀၀၀ ကျော် ဈေးကွက်အတွင်း ရှိခဲ့သော်လည်း ငှားရမ်းနေထိုင်မှုနှုန်းထားမှာ ပြီးခဲ့သည့် သုံးလပတ်ကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သော Colliers International မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ် တတိယသုံးလပတ် အစီရင်ခံစာအရ သိရသည်။

ရန်ကုန်မြို့၏ ၀န်ဆောင်မှုပါသော လူနေအိမ်ခန်းများဆိုင်ရာ ရောင်းကုန်လက်ကျန်သည် Pyay Garden Residence ဖွင့်လှစ်ပြီးနောက် အခန်းပေါင်း ၁၅၀၀၀ ကျော်ဖြင့် သုံးလပတ်အလိုက် ၁၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး ယခင် သုံးလပတ်တွင်လည်း အခန်းပေါင်း ၅၆ ခန်းပါရှိသော Clover Suites Royal Lake ၏ မိတ်ဆက်မှုကြောင့် အခန်းအရေအတွက် တိုးတက်ခဲ့သည်။

လာမည့် လေးနှစ်တာ အချိန်ကာလအတွင်း ဈေးကွက်ဝင်လာမည့် အခန်းပေါင်း ၃၀၀၀ ကျော် ရှိနိုင်သောကြောင့် ၀န်ဆောင်မှုပါသော လူနေအိမ်ခန်းများ ထွက်ရှိမှု အားကောင်းနေမည်ဖြစ်သည်။ ယင်းပြီးစီးမည့် အခန်းများအနက် အများစုသည် အဆင့်မြင့်တန်းသို့ ၀င်ရောက်မည် ဖြစ်သောကြောင့် အကန့်အသတ်ရှိသည့် ၀န်ဆောင်မှု ပါရှိသော အိမ်ခန်းများ သို့မဟုတ် အလယ်အလတ်တန်းစား ၀န်ဆောင်မှုပါသော လူနေအိမ်ခန်း အရေအတွက်များ ဈေးကွက်တွင် နည်းပါးလာမည်ဟု Colliers က ခန့်မှန်းထားသည်။

၂၀၁၆ ခုနှစ် တတိယ သုံးလပတ်အတွင်း ၀ယ်လိုအား အနေအထားမှာ ၀န်ဆောင်မှုပါသော အခန်းများတွင် ငှားရမ်းနေထိုင်မှု နှုန်းထားသည် သုံးလပတ်အလိုက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းနေသော်လည်း လာမည့် သုံးလပတ်အတွင်း ပြန်လည်အားကောင်းနိုင်သောကြောင့် ထိုကျဆင်းမှုမှာ ယာယီသဘောသာ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၇ ခုနှစ် ပထမ သုံးလပတ်တွင် စတင်မိတ်ဆက်မည့် Daewoo Amara Services Apartments မှ အခန်းများကို ထည့်ပေါင်းပါက အခန်းငှားရမ်းနေထိုင်မှု ရာခိုင်နှုန်းတွင် ထပ်မံကျဆင်းမှုသို့ ဦးတည်နေသော်လည်း အာမခံလုပ်ငန်း ကဏ္ဍ၏ ၀င်ရောက်မှုနှင့် အခြားဈေးကွက်များ အကြားတွင် ဘဏ္ဍာရေးဈေးကွက် ဆက်လက်ကျယ်ပြန့်မှုအားတို့ဖြင့် ပြန်လည်မြင့်တက်နိုင်သည်ဟု မျှော်မှန်းထားသည်။

လက်ရှိ အခန်းငှားရမ်းသူများသည် အိုဟောင်းပြီး ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းသော ၀န်ဆောင်မှုပါသည့် အခန်းများမှ ပိုမိုခေတ်မီပြီး ပိုမိုအရည်အသွေးကောင်းသည့် အလယ်အလတ်တန်းစား စီမံကိန်းများကို ပိုမို ရွေးချယ်လာကြကြောင်း သိရသည်။ ၀န်ဆောင်မှုပါသော လူနေအိမ်ခန်းများဆိုင်ရာ ဈေးကွက်တွင် ဘဏ္ဍာငွေ သုံးစွဲမှုသည် အရည်အသွေး ကောင်းမွန်သော အခန်းများအတွက် ပိုမို များပြားလာသော်လည်း အခြားတစ်ဖက်တွင်လည်း အရည်အသွေး အနည်းငယ်နိမ့်သော အလယ်အလတ်တန်းစား လူနေအိမ်ခန်းများကလည်း အဓိကကျသည့် ၀ယ်လိုအား တစ်ရပ်အဖြစ် ကျန်ရှိဦးမည်ဟု Colliers က သုံးသပ်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service