မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ငွေကြေးတတ်နိုင်သူများက မြို့အစွန်လယ်မြေများကို ၀ယ်ယူနေမှုကြောင့် မြို့အနီးဝန်းကျင်ရှိလယ်မြေများ အရောင်းအ၀ယ် ကုန်သလောက်နီးပါး ဖြစ်လာ

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ငွေကြေးတတ်နိုင်သူများက မြို့အစွန်လယ်မြေများကို ၀ယ်ယူနေမှုကြောင့် မြို့အနီးဝန်းကျင်ရှိလယ်မြေများ အရောင်းအ၀ယ် ကုန်သလောက်နီးပါး ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
22 Nov 2016 9:42 am တွင် တင်ခဲ့သည်
2178 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် မြို့ Down Town ဧရိယာအတွင်း အရောင်း လုံးဝ မရှိတော့သလောက်ဖြစ်နေပြီး ယခုနှစ်ပိုင်းအတွင်း ငွေကြေးတတ်နိုင်သူများက မြို့အနီး ၀န်းကျင်ရှိ လယ်ယာမြေများအား လိုက်လံ ၀ယ်ယူလာမှုကြောင့် မြို့ဝန်းကျင်ရှိ လယ်ယာမြေများပါ အရောင်းအ၀ယ် ကုန်သလောက်နီးပါး ဖြစ်လာသည်ဟု ၀ါရင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် အမှန်တကယ် နေထိုင်မှုထက် ဈေးကစားပြီး အရောင်းအ၀ယ် ဖြစ်ပေါ်ခြင်းကြောင့် မြေဈေးနှုန်းများမှာ အခြေခံလူတန်းစားများ လက်လှမ်း မမီတော့သည့် အနေအထားဖြစ်နေကာ မြို့တွင်း အချက်အချာကျသည့်နေရာများတွင် ကျပ်သိန်းသောင်းကြီးပိုင်းအထိ ကာလပေါက်ဈေးရှိကြောင်း၊ အဆိုပါမြို့တွင်းနေရာများမှာလည်း အရောင်း လုံးဝမရှိတော့ သည့်အခြေအနေတွင် ငွေကြေးတတ်နိုင်သူများက မြို့အစွန်ရှိ လယ်မြေများကို လိုက်လံ ၀ယ်ယူလျက်ရှိလာခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“သူဌေးကြီးတစ်ယောက်က သိန်းငါးသောင်းတန်တို့၊ ခြောက်သောင်းတန်တို့နဲ့ ၀ယ်ထားတဲ့မြေတွေက သော့ခတ်ထားတာတွေ အများကြီး။ ဘယ်တော့မှလည်း လျှော့ရောင်းမှာလည်း မဟုတ်ဘူး။ သူကလည်း မွဲမနေတဲ့အတွက် ဆင်းရဲတဲ့သူတွေပဲ ထိခိုက်တဲ့ စနစ်ကြီးဖြစ်နေတယ်။ ကျွန်တော်တော့ အခွန်အခ ဈေးကြီးတာကိုမကြိုက်ပါဘူး။ အိမ်ခြံမြေဈေးနှုန်းတွေက အခြေခံလူတန်းစားတွေ လက်လှမ်း မမီတော့သလို အခုနောက်ပိုင်း မန္တလေးအိမ်ခြံမြေ ဈေးကွက်က ဘယ်လို ဖြစ်လာလဲဆိုတော့ မြို့အစွန်အဖျားက လယ်လေးတွေ ယာလေးတွေကို တစ်ဧက သိန်း ၂၀၀၊ သိန်း ၃၀၀ လောက်နဲ့ ၀ယ်ယူထားကြပြီး လယ်တွေကိုဖျက်၊ အိမ်ဆောက်ကြနဲ့ နောင်ရေးအတွက် ပြင်ဆင်လာကြတာများတယ်။ မန္တလေးမှာရှိတဲ့ သူဌေးတိုင်းလိုလိုက လယ်ဧကကွက်တွေ ပိုင်ကြတယ်။ ကြောက်စရာ ကောင်းလောက်အောင်ကို ပိုင်ထားကြတာ။

အခုဆို မန္တလေးမြို့ပတ်ဝန်းကျင်က လမ်းမတန်းဘေးမှာ ရောင်းစရာလယ်ကွက် မရှိသလောက်ပါပဲ။ လယ်သမားတွေက ၀ယ်ထားတာ မဟုတ်ပါဘူး။ မြို့ထဲကသူဌေးတွေကပဲ ၀ယ်ထားကြတာ။ အထူးသဖြင့် လူမျိုးခြားတွေပဲ ပိုင်ကြတာပါ။ ဒါပေမဲ့ လယ်စိုက်စားကြမှာတော့ မဟုတ်ဘူး။ ပိုနေလို့ လျှံနေလို့သာ ၀ယ်ထားကြတာ။အခု မြို့ပတ်ချာလည်က လယ်ကွက်တွေကိုသွားကြည့်ရင် ၀ယ်ပြီးသားတွေချည်း ဖြစ်ကုန်ပြီ။ ဘယ်လယ်မြေ ဧကကွက်တွေကြည့်ကြည့် ရောင်းပြီးသားတွေဖြစ်နေပြီ။ ဒါပေမဲ့ ဒီလယ်မြေတွေက လန/၃၉ ပေါက်သေးတာ မဟုတ်ပေမယ့် ရွာနဲ့အရမ်း နီးကပ်တဲ့ လယ်မြေတွေဆိုရင် ဖျက်ပစ်လိုက်ပြီး အဆောက်အအုံတွေဆောက်နေကြပြီ။ လမ်းတွေဖောက်နေကြပြီ” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ လယ်မြေများကို လိုက်လံဝယ်ယူနေမှုနှင့် ပတ်သက်၍ အမရပူရမြို့နယ် ယဉ်တော်ကျွန်းရှိ ရွှေ့ပြောင်းတောင်သူ ဦးခင်မောင်ဝင်းက“အမရပူရမြို့သစ် စီမံကိန်းရှိတဲ့အတွက် ကျွန်းမြေတွေကို တရုတ်အပါအ၀င် လုပ်ငန်းရှင်တွေက ၀ယ်ပြီးသားဖြစ်နေပြီ။ ဈေးကောင်းရတဲ့အတွက် မြေပိုင်ရှင်တွေကလည်း ရောင်းချကြတာများတယ်။ ဘိုးဘွားပိုင်ကျွန်းမြေတွေကလည်း မြစ်ကြောင်းပြောင်းလဲလာလို့ ကျွန်းပျက်သွားပြီး အခုပြန်ပေါ်တဲ့ အခါကျတော့လည်း အခြားရွာသားတွေက စိုက်ပျိုးနေတဲ့အတွက် မန္တလေးအနီးဝန်းကျင် ကျွန်းမြေတွေပေါ်မှာ ငှားရမ်းစိုက်ပျိုးစားရတာ။ အခုတိုင်းသာဆိုရင် လက်ရှိစိုက်ပျိုးနေတဲ့ ကျွန်းမြေမှာ စိုက်ပျိုးနိုင်ဖို့ကလည်း မသေချာတော့ဘူး” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ယင်းသို့ ငွေကြေးတတ်နိုင်သူများက မြို့ဝန်းကျင်ရှိ လယ်ယာမြေများအား လိုက်လံ ၀ယ်ယူလျက် ရှိသော်လည်း မြို့အစွန်ပိုင်းကျသည့်နေရာများရှိ ကျပ်သိန်း ၂၀၀၊ ၃၀၀ ၀န်းကျင် မြေကွက်အချို့ အရောင်းအ၀ယ်ရှိနေရာ မြေပွဲစားတစ်ဦးက “မြို့အစွန်အဖျားပိုင်းကျတဲ့ သိန်း ၂၀၀၊ ၃၀၀၊ သိန်း ၅၀၀ ၀န်းကျင်ဈေးနှုန်းတွေမှာတော့ လူနေထိုင်ဖို့လောက်တော့ ၀ယ်ကြတာရှိတယ်။ ဒါကလည်း မြို့ထဲမှာ ခွဲခြမ်းစိတ်ဖြာရောင်းချပြီး အမွေရတာမျိုးနဲ့ မဖြစ်မနေ ၀ယ်နေကြတာမျိုးပါပဲ။

အမရပူရဘက်တွေနဲ့ ရွှေကြက်ယက်ဘက်တွေ အရောင်းအ၀ယ်ဖြစ်တာ များတယ်။ မြို့သစ်ဘက်ပိုင်းကကျတော့ လုယက်တာမျိုးတွေနဲ့ သိပ်ပြီးလုံခြုံမှုမရှိလို့ မြို့သစ်ဘက်က အ၀ယ်နည်းတယ်။ နောက်ပြီး မိတ်ဆွေ ခင်ရာမင်ရာတွေနဲ့ ပုသိမ်ကြီးဘက်ခြမ်းတွေမှာလည်း သွားနေကြတာရှိတယ်။ သို့သော်လည်း အဲဒီလိုဝယ်ယူကြပေမယ့် အများစုဆိုရင်တော့ သူတို့ရဲ့အလုပ်အကိုင်တွေက မြို့ထဲမှာရှိတာဆိုတော့ သွားရေးလာရေးအရ မြို့ထဲမှာပဲ အငှားနဲ့ ကုတ်ကပ်ပြီး နေကြရတာ များပါတယ်” ဟု ပြောကြားသည်။

မြို့ပြနှင့် ထိစပ်လျက်ရှိသည့် ယာမြေများအား ယခင်အစိုးရလက်ထက်များတွင်သာမက လက်ရှိအစိုးရလက်ထက်တွင်လည်း မြေယာပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ၀ယ်ယူမှုများရှိနေပြီး ထိုသို့ဝယ်ယူထားသည့် ယာမြေများမှာ လယ်ယာမြေဥပဒေများအရ လယ်ယာစိုက်ပျိုးရေးမှ အခြားနည်း သုံးစွဲခွင့်မရှိကြောင်း သိရသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် ရရှိနိုင်ရန်အတွက် လန (၃၉) လျှောက်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် အများစုမှာ အငြင်းပွားဖွယ် ယာမြေများကို ၀ယ်ယူထားကြပြီး လန (၃၉) လျှောက်ထားခြင်းမရှိဘဲ အခြားနည်း အသုံးပြုမှုများလည်း ရှိနေကြောင်း စုံစမ်းမှုများအရ သိရသည်။

လယ်ယာမြေ သိမ်းဆည်းခံထားရသည့် မူလပိုင်ရှင်နှင့် တောင်သူများမှာလည်း ယင်းတို့၏ ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံး တိုက်ပွဲများ ပြုလုပ်လျက်ရှိသည်။ ဒေသခံများ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည့် ယာမြေများမှာ ယခင်သိမ်းဆည်းခဲ့သူများက တစ်ဆင့်ပြန်လည်၍ သီးစားစနစ်ဖြင့်ငှားရမ်းထားခြင်း၊ သိမ်းဆည်းခဲ့သူများက ပြန်လည် ရောင်းချမှုများကြောင့် မူလမြေပိုင်ရှင်များ ဒေသခံတောင်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားလျက် ရှိနေရာ ပုသိမ်ကြီးမြို့နယ် မန္တလေးနည်းပညာ တက္ကသိုလ်ဝင်းအတွင်းမှ လယ်ယာမြေသိမ်းဆည်းခံ တောင်သူ ဦးအောင်ကိုကိုက “စပြီး သိမ်းယူတာကတော့ အမှတ် (၁) စက်မှုဝန်ကြီးဌာနဖြစ်ပြီး အခု ဒီယာမြေတွေက ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ဖြစ်ပါတယ်။

သိမ်းဆည်းထားတဲ့ မြေဧက ၇၀၀ ကျော်မှာ ဧက ၂၀၀ လောက်ပဲ အသုံးပြုထားပြီး ကျန်မြေတွေက ပိုလျှံနေတာမို့ သိမ်းဆည်းခံ တောင်သူတွေအနေနဲ့ ဥပဒေနဲ့အညီ ပြန်လည်ချထားပေးဖို့ တောင်းဆိုတယ်။ သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ပြီး ပြန်လည်စွန့်လွှတ်ပေးဖို့ တင်ပြခဲ့ပေမယ့် အကြိမ်ကြိမ်လျစ်လျူရှု ဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီယာမြေတွေပေါ်မှာ မူလတောင်သူတွေ မဟုတ်တဲ့ သူတွေလာရောက်ပြီး ဈေးဆိုင်ဖွင့်တာ၊ ပျိုးကြဲစိုက်ပျိုးလုပ်ကိုင်လာတွေ ရှိလာလို့ သိမ်းဆည်းခံတောင်သူတွေအနေနဲ့ ကိုယ့်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ရာသီချိန်အမီ ထွန်ယက်ပြီး စိုက်ပျိုးမှုတွေကို ၀င်ရောက် လုပ်ကိုင်ရတာပါ” ဟု ပြောကြားသည်။

“စစ်ကိုင်း-မန္တလေး ကားလမ်းဘေးက မြစ်ရေတိုးရင် ရေ၀င်လယ်မြေတွေဖြစ်ပြီး အခုဆိုရင် အဲဒီမြေတွေကို အကွက်ရိုက်ဝယ် အုတ်တံတား ကာရံနေတာတွေ တွေ့ရတယ်။ပြီးတော့ မြေတွေဖို့ပြီး အဆောက်အအုံတွေ နေ့ချင်းညချင်း ဆောက်လုပ်နေကြတယ်။ ဒါတွေက အစဉ်အဆက် သီးနှံစိုက်ပျိုးခဲ့တဲ့ မြေတွေပါ” ဟု အမရပူရမြို့နယ်တွင် နေထိုင်သူ ကိုဝင်းမျိုးက ပြောကြားသည်။

လက်ရှိ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ကျပ်သိန်းသောင်းချီသော အရောင်းအ၀ယ်အချို့ဖြစ်ပေါ်ခဲ့ပြီး အရောင်းအ၀ယ် အများစုမှာ ယာယီ စာချုပ် အလွှဲအပြောင်းများဖြင့်သာ ရောင်းဝယ်၍ လက်လွှဲ လက်ပြောင်း ပြုလုပ်ကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

“သိန်းတစ်သောင်းတန် အကွက်ကိုဝယ်ပြီး အခွန်စည်းကြပ်မယ်ဆိုရင် သူ့အရင်းက ကျပ်သိန်းတစ်သောင်းခွဲလောက် ဖြစ်သွားမယ်။ ဒီတော့ ၀ယ်ပြီးရင်တော့ ပတ်ကားစာချုပ်ထွက်ဖို့ အခွန်စည်းကြပ်မှု မလုပ်နိုင်ဘူး။ ဒါကြောင့် GP နဲ့ပဲ ချုပ်ကြတာပေါ့။ လက်ရှိ ဈေးကွက်ကတော့ ငွေဖြူရှိတဲ့သူတွေက ၀ယ်ယူကြတာ များတယ်။ ငွေဖြူရှိတယ်ဆိုတာက တရုတ်နယ်စပ် ကုန်သွယ်ရေးဘက်ကနေ ဆိုင်ကယ်နဲ့ ဆိုင်ကယ် အပိုပစ္စည်းသွင်းတဲ့သူတွေ၊ စက်ပစ္စည်း သွင်းတဲ့သူတွေက ကုန်ပစ္စည်း သွင်းကတည်းက ကုန်သွယ်ခွန်နဲ့ ၀င်ငွေခွန်တို့ ဆောင်ထားတော့ ငွေဖြူပေါတာပေါ့။

အဲဒီလို ကုန်သည်တွေအနေနဲ့ ဈေးကျသွားတဲ့ အချိန်မှာဝယ်ကြလို့ အိမ်ခြံမြေက နည်းနည်းပါးပါးတော့ အရောင်းအ၀ယ် ဖြစ်လာတယ်။
သိန်းတစ်သောင်း၊ နှစ်သောင်းနဲ့ သုံးသောင်းကျော် လေးသောင်းလောက်အထိ ဖြစ်တယ်။ မျက်နှာပွင့် တစ်ပေကို သိန်း ၅၀၀ ကနေ သိန်း ၇၀၀ လောက်အထိ ပေးကြတယ်” ဟု အဆိုပါအကျိုးဆောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် အိမ်ခြံမြေ စည်းကြပ်မှုမှ ဘဏ္ဍာနှစ်အလိုက် ကောက်ခံရရှိငွေမှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၁၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုတွင်၂၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၃၈ ဘီလျံနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇၆ ဘီလျံရရှိခဲ့ကြောင်း အခွန်ဌာန မှတ်တမ်းများအရ သိရပြီး လတ်တလောတွင် အခွန်နှုန်းထားသစ်ကြောင့် အခွန်ပေးဆောင်မှု လျော့ကျလျက်ရှိကြောင်း သိရသည်။


Credit:Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service