တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့ လာရောက်စာရင်းဖွင့်သူ ၃၀၀၀ ကျော်အထိရှိ

တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့ လာရောက်စာရင်းဖွင့်သူ ၃၀၀၀ ကျော်အထိရှိ - Property News in Myanmar from iMyanmarHouse.com
16 Sep 2016 9:59 am တွင် တင်ခဲ့သည်
1738 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေကြေးစုဆောင်းသူ ၃၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ် ။

အဆိုပါငွေကြေးစုဆောင်းသူတွေကတော့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိဖို့ လာရောက်လျှောက်ထားသူတွေဖြစ်ပြီး တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်းကို လာရောက်ပေးသွင်းရတာ ဖြစ်ပါတယ် ။ တန်ဖိုးနည်းအိမ်ရာတွေကို လာမယ့် အောက်တိုဘာလအတွင်း ရောင်းချနိုင်အောင် စီစဉ်လျက်ရှိပြီး မဲစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ် ။

‘ဝယ်ယူဖို့ စာရင်းလာပေးသူပေါင်း ၃၃၀၀ ကျော်ရှိနေပြီ ၊ အားလုံးကတော့ သတ်မှတ်ထားတဲ့ ငွေစာရင်းအကောင့်နဲ့ ငွေလာအပ်ထားကြတယ် ၊ တိုက်ခန်းတန်ဖိုးက သိန်း ၁၀၀ ဝန်းကျင်ဆိုတော့ အများစုက သိန်း ၃၀ ထက်များတဲ့ ပမာဏစုဆောင်းငွေထားကြတယ်’ လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ရောင်းချသွားမယ့် အိမ်ရာတွေကတော့ ဒဂုံဆိတ်ကမ်းမြို့နယ်က တန်ဖိုးနည်းအိမ်ရာတွေနဲ့ လှိုင်သာယာမြို့နယ်က တန်ဖိုးနည်းအိမ်ရာတွေပဲဖြစ်ပါတယ် ။ အခန်းတန်ဖိုးတွေကတော့ ကျပ်သိန်း ၁၀၀ ကျော်ကနေ ကျပ် ၉၈ သိန်းအထိ အထပ်အလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး ဘဏ်ချေးငွေနဲ့ ဝယ်ယူသူတွေကို သတ်မှတ်ထားတဲ့ ဘဏ်စာရင်းသွင်းငွေနဲ့ တစ်လမိသားစုဝင်ငွေ ကျပ် ၃၀၀,၀၀၀ ရှိသူတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အခန်းဝယ်ယူခွင့်ရရှိသူတွေက ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ရှစ်နှစ်နဲ့ လေးနှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်သလို လက်ငင်းနဲ့ အရစ်ကျဝယ်ယူသူတွေကိုတော့ လေးလအရစ်ကျပုံစံနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ် ။ အခန်းတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကိုတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။

Credit: Modern Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service