ဒဂုံမြို့သစ် အိမ်ခြံမြေဈေး ၃၀ ရာခိုင်နှုန်းလောက် ဈေးလျှော့လာကြ

ဒဂုံမြို့သစ် အိမ်ခြံမြေဈေး ၃၀ ရာခိုင်နှုန်းလောက် ဈေးလျှော့လာကြ - Property News in Myanmar from iMyanmarHouse.com
13 Sep 2016 10:36 am တွင် တင်ခဲ့သည်
1591 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်တချို့ ပြန်ရှိနေပေမဲ့ ဒဂုံမြို့သစ်တချို့ရပ်ကွက်တွေရဲ့ အိမ်ခြံမြေဈေးတွေ ၃၀ ရာခိုင်နှုန်းလောက် ဈေးကျနေတယ်လို့ သိရပါတယ် ။

တချို့နေရာတွေမှာ ဈေးအမြင့်ပဲ ရှိနေသေးပေမဲ့ နေရာအများစုမှာတော့ အနိမ့်ဈေးတွေပြောင်းပြီး အရောင်းဈေးခေါ်တာတွေရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။ အရင် ၂၀၁၆ နှစ်လယ်ပိုင်းဝန်းကျင်အထိ ကျပ်သိန်း ၁၀၀၀ အထက် ရှိနေသေးတဲ့ မြေကွက်တွေက ကျပ်သိန်း ၆၀၀ ကျော် ၊ သိန်း ၇၀၀ ကျော်သာခေါ်ဈေးဖြစ်နေကြတာလို့ သိရပါတယ် ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘မြောက်ဒဂုံမှာဆို အရင်က သိန်း ၂၀၀၀ ကျော် ၊ သိန်း ၃၀၀၀ အထက် တချို့ခြံတွေဆို သိန်း ၄၀၀၀ ကျော်အထိ ဈေးရှိခဲ့တဲ့ U9 တို့လိုနေရာတွေမှာတောင် အတွင်းလမ်းဆိုပေမဲ့ ၆၈ ပေ x ၉၄ ပေ အကွက်ကို တစ်နေ့က သိန်း ၁၄၀၀ နဲ့ဈေးတန်းတင်လာတာ ၊ ဈေးက ၃၅ ရာခိုင်နှုန်းလောက် လျှော့ပြီးဈေးခေါ်လာကြတယ် ၊ တချို့ရပ်ကွက်တွေဆိုပေ ၄၀ x ပေ ၆၀ တောင် ကျပ်သိန်း ၆၀၀ ကျော်ပဲ ဈေးရတော့တယ်’ လို့ပြောပါတယ် ။

ဈေးတန်းတွေကို ပိုင်ရှင်တွေကိုယ်တိုင်ဈေးလျှော့ပြီး အကျိုးဆောင်တွေကို ဈေးပြောင်းပေးတာတွေ ရှိလာတာပါ။ တချို့နေရာတွေမှာ ၄၀ ရာခိုင်နှုန်းလောက်အထိ ဈေးလျော့လာတာတွေ ရှိတယ်လို့ သိရပါတယ် ။

အရောင်းအဝယ်ကတော့ ပုံမှန်ဈေးကွက်ပဲလို့ ပြောပါတယ် ။ ဒဂုံအရှေ့ပိုင်း ၊ ဒဂုံမြောက်ပိုင်း ၊ ဒဂုံတောင်ပိုင်း စတဲ့နေရာတွေက မြေကွက်တွေရဲ့ဈေးတွေက လမ်းမတန်းနေရာတွေကလွဲပြီး ဈေးတွေလျှော့လာကြတယ်လို့ သိရတယ် ။

ဝသုန်အကျိုးဆောင်ဦးမောင်ဝင်းက ‘ဒီတစ်ပတ်ထဲမှာပဲ ပေ ၄၀ x ပေ ၆၀ အိမ်ပါတာကိုတောင် ကျပ်သိန်း ၆၅၀ လောက်နဲ့ ဈေးခေါ်တာ ၆၂၀ နဲ့ဈေးတည့်တယ် ၊ အတွင်းလမ်းမတန်းနေရာမှာတောင် သိန်း ၁၀၅၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ် ၊ ဝယ်သူတွေစိတ်ဝင်စားအောင် အရင်ကလိုဈေးအမြတ်မတင်ဘဲ ပုံမှန်ရောင်းဈေးနဲ့ ဈေးတန်းပြင်ကြတာ ၊ ဈေးကျတာမဟုတ်ဘူး’ လို့ပြောပါတယ် ။

ဒဂုံအရှေ့ပိုင်းမှာတော့ အရင်က ပေ ၄၀ x ပေ ၆၀ သိန်း ၁၀၀ ကျော်တန်မြေတွေလည်း သိန်း ၆၀ ဝန်းကျင်ပဲ ရှိတယ်လို့ သိရပါတယ် ။

အရင်က သိန်း ၃၀၀ ကျော်တန်တွေက သိန်း ၂၆၀ ဝန်းကျင် လောက်ပဲရှိပြီး တချို့နေရာတွေဆို သိန်း ၁၀၀ ကျော်ပဲရှိတယ်လို့ သိရပါတယ် ။

ဝယ်သူတွေအတွက် ဝယ်ယူသင့်တဲ့ကာလဖြစ်ပြီး နောက်လပွင့်လင်းရာသီတွေမှာ ဈေးပြန်တင်လို့ ရနိုင်တဲ့ နေရာတွေကို ဝယ်ယူထားသင့်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service