ကန်ဒေါ်လာတန်ဖိုး အတက်အကျကြမ်း၊ တစ်ရက်အတွင်း ၂၂ ကျပ်အထိ ဈေးတက်ခဲ့

ကန်ဒေါ်လာတန်ဖိုး အတက်အကျကြမ်း၊ တစ်ရက်အတွင်း ၂၂ ကျပ်အထိ ဈေးတက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Aug 2016 9:52 am တွင် တင်ခဲ့သည်
1978 ကြိမ် ကြည့်ရှု့ပြီး
ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် တစ်ရက်အတွင်း တစ်ဒေါ်လာလျှင်၂၂ ကျပ်ခန့်ဖြင့် ဈေးကစားမှုဖြစ်ပြီး အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၂၄ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်ဒေါ်လာ သည် နံနက်ဈေးဖွင့်ချိန်တွင် တစ် ဒေါ်လာလျှင် ၁,၂၃၁ ကျပ်ဖြင့် စတင်ခဲ့ပြီး ညနေဈေးပိတ်ချိန်တွင် ၁,၂၀၉ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။

တစ်ရက်အတွင်း ဈေးနှုန်း အပြောင်းအလဲ ကြီးမားခြင်းကြောင့် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် ရပ်တန့်သွားကြောင်း ပြင်ပငွေလဲဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

‘‘တစ်ရက်အတွင်း အတက် အကျများတာက လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဈေးကစားမှု ကြောင့်ပါ၊ ဘယ်သူတွေဈေးက ကစားလဲဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စိစစ်စစ်ဆေး ဖော်ထုတ်မှာပါ။ ဗဟိုဘဏ်အနေနဲ့ကတော့ ဈေးကွက်မှာ ရုတ် တရက်အပြောင်းအလဲဖြစ်တဲ့အ ပေါ် ထိန်းညှိမှုတွေလုပ်ဆောင် လေ့မရှိဘူး’’ဟု မြန်မာနိုင်ငံ ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ငွေလဲ နှုန်းတည်ငြိမ်ရန် ပြင်ပဈေးကွက် ကိုလိုက်ပြီး ရည်ညွှန်းငွေလဲနှုန်း ဖြင့် ထိန်းညှိပေးနေသော်လည်း ထူးခြားသည့် လိုအပ်ချက်မျိုး မဟုတ်သဖြင့် ဈေးကွက်အတွင်း သို့ ဝင်ရောက်ထိန်းညှိမည်မဟုတ် ဟု ၎င်းက ပြောသည်။

သွင်းကုန်များပြီး ပို့ကုန်နည်း သဖြင့် ကုန်သွယ်မှုလိုငွေ ပြနေ ခြင်းကြောင့် အမေရိကန်ဒေါ်လာ ဈေးနှုန်း ဆက်လက် မြင့်တက် နိုင်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရ၏ ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲ ၌ ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး ရုတ်တရက်အပြောင်းအလဲသည် ကုန်သွယ်ရေးလုပ်ငန်းအတွက် ဆုံးရှုံးမှုများ ရှိလာမည်ကို ပို့ကုန် လုပ်ငန်းရှင်အချို့က စိုးရိမ်နေပြီး လက်ရှိ ပို့ကုန်လုပ်ငန်းများ ကျ ဆင်းနေသဖြင့် ငွေလဲနှုန်းမတည် ငြိမ်ပါကဆုံးရှုံးမှုပိုများနိုင်ကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။

အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်ရခြင်းသည် မြန်မာနိုင်ငံ မှ ဝယ်ယူသော ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများကြောင့် ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှ တစ်ဆင့်ခံကုန် သွယ်ရေးဖြင့် တင်သွင်းထားသော သကြား၊ စက်သုံးဆီများအပါအ ဝင် ကုန်ပစ္စည်းများ တရုတ်နိုင်ငံ သို့ ရောင်းချမရဘဲ ပြည်တွင်း၌ ကျန်ရှိနေခြင်း၊ အိန္ဒိယနိုင်ငံက ပဲ မျိုးစုံဝယ်ယူမှုကို တစ်လကျော်ကြာရပ်နားထားခြင်းတို့ကြောင့် နိုင်ငံခြားငွေအဝင်မရှိသဖြင့် ငွေ ရှားပြီး ဒေါ်လာဈေးမြင့်တက်လာ ခြင်းဟု ကုန်သည်အချို့က ပြော ကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service