လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းတွင် ကျပ်သိန်း တစ်ရာတန် တိုက်ခန်း နှစ်ထောင်ကျော် ယခုလအတွင်း ရောင်းချပေးမည်

လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းတွင် ကျပ်သိန်း တစ်ရာတန် တိုက်ခန်း နှစ်ထောင်ကျော် ယခုလအတွင်း ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
19 Aug 2016 11:04 am တွင် တင်ခဲ့သည်
13340 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျပ်သိန်းတစ်ရာတန်ဖိုးရှိ တိုက်ခန်း နှစ်ထောင်ကျော်အား ယခုလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာများအား ရောင်းချနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီး ဝန်ကြီးချုပ်၏ အစည်းအဝေး ဆုံးဖြတ်ချက်ကျပါက အမြန်ဆုံး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ရန်ကုန်တိုင်းက ရာခိုင်နှုန်း ၇ဝ ရောင်းချမယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ရာခိုင်နှုန်း ၃ဝ ရောင်းမယ်။ သြဂုတ် ၁၈ ရက်မှာတော့ ဝန်ကြီးချုပ် အစည်းအဝေးမှာ ဒီကိစ္စ ဆွေးနွေးမယ်လို့ တော့ တင်ပြထားတယ်။ အဖြေလွှာမှာ ဘာလုပ်မယ်ဆိုတာတော့ မသိသေးဘူး'' ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။

ယခုရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများမှာ လှိုင်သာယာ ရွှေလင်ဗန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ စီမံကိန်းတို့ဖြစ် ကြောင်းသိရသည်။ ''ကျပ်သိန်းတစ်ရာကျော် တန်ဖိုးနည်း အိမ်ရာတွေကို ရောင်းချသွားမှာပါ။ အပေါ်ဆုံး အထပ်တစ်ခုကိုပဲ ၉၈ သိန်းနဲ့ ရောင်းချပေးသွားမှာပါ။ ကျန်အခန်းတွေ ကတော့ ကျပ်သိန်းတစ်ရာကျော်ပါ''ဟု ၎င်းက ဆက်ပြောသည်။ ထိုသို့ရောင်းချရာတွင် အကျေပေး စနစ်၊ လေးလ လေးရစ်စနစ်တွင် တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ပေးသွင်းရမည့် စနစ်နှင့် နှစ်ရှည်စနစ်ဖြစ်သည့် ရာခိုင်နှုန်း ၃ဝ ပေးသွင်းပြီး ကျန် ၇ဝ ရာခိုင်နှုန်းအား လေးနှစ်၊ ခြောက်နှစ်၊ ရှစ်နှစ်စသည်ဖြင့် ပေးသွင်းရမည့် စနစ်တို့ ဖြစ်ကြောင်းသိရသည်။

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း နှစ်ထောင်ကျော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုက်ခန်းပေါင်း ၁၅၅ဝ ကျော် ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုက် ခန်းပေါင်း ၆ဝဝ ကျော်အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ထိုသို့ ရောင်းချရာတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၏ အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖြစ်သည့် CHDB ဘဏ်တွင် အိမ်ရာဝယ်ယူရန် အကောင့်ဖွင့်ထားသူများအား ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မှု အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံတောင်တို့တွင် အခြေခံလူတန်းစားများပြားခြင်းကြောင့် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Credit : Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service