ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများအား စတင် ကုန်သွယ်ခွင့်ပြုပြီ

ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီများအား စတင် ကုန်သွယ်ခွင့်ပြုပြီ - Property News in Myanmar from iMyanmarHouse.com
11 Jul 2016 11:48 am တွင် တင်ခဲ့သည်
1477 ကြိမ် ကြည့်ရှု့ပြီး
ယခင်က ပြည်တွင်းကုမ္ပဏီများကိုသာ တင်သွင်းခွင့်ပြုထားသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းများကို နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား စတင်ကုန်သွယ်ခွင့်ပြုပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ် ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေသြဇာ ၊ ပိုးသတ် ဆေးများအပြင် ဆေးဝါးနှင့်ဆက် စပ်ပစ္စည်းများကိုလည်း နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအား တင်သွင်းခွင့်ပြုထားကြောင်းသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက " အစောပိုင်းကလည်း ကုန်စည်အချို့ကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီတွေ ကိုတင်သွင်းခွင့်ပြုထားတယ်။ အခု နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ထပ်မံပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို ထပ်တိုးတင်သွင်းခွင့် ပြုလိုက်တာပါ။

ပြည်တွင်းမှာလည်း ပြည် တွင်း၊ ပြည်ပကုမ္ပဏီတွေကို ခွဲခြားမှုမရှိဘဲနဲ့အခုလိုအရည်အသွေး မြင့်ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းခွင့်ပြုခဲ့တာပါ" ဟု ဇူ လိုင် ၉ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း၊ လက်ရှိပြောင်းလဲ လာသော စီးပွားရေးအခြေအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီး မြှုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများပြားလာမှုအရလည်းကောင်း၊
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပို မိုကောင်း မွန်သော ဆောက်လုပ်ရေးပစ္စည်းများ အသုံး ပြုနိုင်ရန် ရည်ရွယ်ကာ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခြင်းဖြစ်ပြီး ခွင့်ပြုထားသည့်ကုန်ပစ္စည်းများကို ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရာ တွင် လက်ရှိ ပြည်တွင်းကုမ္ပဏီများအား သတ်မှတ်ခွင့်ပြုထားသည့် လုပ်ထုံးလုပ် နည်းများအတိုင်းသာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖက်စပ်ကုမ္ပဏီများအနေဖြင့် ဆောက်လုပ်ရေးပစ္စည်းများကို ကုန်သွယ်မှုပြုရာတွင်ဖက်စပ်ကုမ္ပဏီသည် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့်ကုမ္ပဏီဖြစ်ရမည်၊ ကုမ္ပဏီမှတ်ပုံတင်စဉ် ခွင့်ပြုပေးသည့် ဖက်စပ် ကုမ္ပဏီများ၏ quaity အချိုးအရခွင့်ပြုမည်၊ ဖက်စပ်လုပ်ငန်း ဆောင်ရွက်သည့် နိုင်ငံခြားသား ကုမ္ပဏီများအနေဖြင့် ၎င်းင်းတို့တရား ၀င်ယူဆောင်လာသည့် နိုင်ငံခြား ငွေပမာဏအတိုင်းသာ ကုန်သွယ်မှု ပြုလုပ်ရမည်၊ဖက်စပ်ကုမ္ပဏီအား
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို လက်လီလက်ကား ရောင်းချခွင့်ပြုသည်၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် လာရောက်လျှောက်ထားပါက ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးသည့် Form ၆/၂၆ တို့နှင့်အတူ Bank Statement တို့အားတင်ပြရမည်၊ တင်သွင်းလာသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ထားသော စံချိန်/စံညွှန်းနှင့်အညီဖြစ်ရမည် စသည့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့်ကုန်ပစ္စည်းများစာရင်းကို ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အနေအထား၊ ပြည်တွင်းစီးပွားရေး
လုပ်ငန်းများ၏အခြေအနေအစရှိသည်တို့အပေါ်မူတည်ကာ လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Credit: ‎Democracytoday‬

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service