နေ၀င်ချိန် နီးကပ်လာသော ဆောက်လုပ်ရေး လောက

နေ၀င်ချိန် နီးကပ်လာသော ဆောက်လုပ်ရေး လောက - Property News in Myanmar from iMyanmarHouse.com
14 Jun 2016 11:39 am တွင် တင်ခဲ့သည်
4106 ကြိမ် ကြည့်ရှု့ပြီး
သတင်းစာ ဂျာနယ်များ ရေဒီယို ရုပ်မြင်သံကြားများတွင် ပြီးခဲ့သည့်နှစ်က လူအများစု မက်မောအားကျဝယ်ယူချင်သည်အထိ ဆွဲဆောင် လာသော ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်း ကြော်ငြာဈေးကွက်များ
ယခုရက်ပိုင်းအတွင်း တွေ့မြင်ရမှူ နည်းပါးလာပြီဖြစ်သည်။

ဆောက်လုပ်သူ ၀ယ်ယူသူနှင့် အသားကျခဲ့သည့် ရန်ကုန်မြို့မှ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းဈေးကွက် မှာ
ဝယ်လိုအား လျော့ကျလာမှုနှင့်အတူ ဈေးကွက် အကျပိုင်းသို ၂၀၁၅ နှစ်ကုန် ၂၀၁၆ နှစ်သစ်တွင် စတင်လာခဲ့သည်မှာအဆိုးဆုံး အခြေ အနေသို့ရောက်ရှိလာပြီဖြစ်သည်။

ကြိုပွိုင့် စနစ်ဖြင့် အရစ်ကျ ရောင်းချသည့် ကွန်ဒိုတိုက်ခန်းများအား စရံငွေပေးသွင်းနေမှုကိုအဆုံးခံသူများ အထိပင်ရှိလာပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် များ အတွက် အကျပ်ရိုက်လျှက်ရှိသည်။

တချို့က ဆာက်နေတုန်း ကြိုပွိုင့်ချထားလိုက်တယ် ကြားထဲ မြတ်တာနဲ့ ပြန်ရောင်းမယ် ဆိုစိတ်ကူးကြရင်းရောင်းလို့ မထွက်တော့ ဒီဘက်က ကုမ္ပဏီကို ငွေဆက်သွင်းဖို့ အကျပ်ရိုက်ကုန်တာ ဟု
နာမည်ရဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက လက်ရှိ အခြေအနေကိုပြောသည်.။

ဝယ်လိုအား အတုဖြင့် ဈေးကွက်ကို ရောင်းချလာခြင်းကြောင့် ယနေ့ ဆောက်လုပ်ရေးလောက၏ အခြေ အနေသည် အဆိုးဆုံး အခြေ အနေကိုရောက်ရှိလာခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ဆောက်လုပ်နေသည့် ကွန်ဒို စီမံကိန်းများ တည်ဆောက်နေသည့်ထိပ်သီးဆောက်လုပ်ရေး ကုမ္ပဏီ အချို့တွင် အစိုးရထံမှ ရယူထားသည့် အကြွေးများ ၊ ပြင်ပ
မှရယူထားသည့် အကြွေးများမှာ ဘီလီယံနှင့် ချီပြီး ရှိနေသဖြင့် လုပ်ငန်း များဆက်လက် လည်ပတ်ရန်အခက်အခဲရှိနေပြီဖြစ်သည်။

အခုဖြစ်နေတဲ့ အခြေအနေက လွန်ခဲ့ တဲ့ ၁၅နှစ်လောက်က တရုတ်နိုင်ငံမှာ ငွေကြေး ကျပ်တည်းတဲ့ကာလကဖြစ်ဖူးတဲ့ အခိုက်အတန့်နဲ့ နည်းနည်းဆင်တယ် ဟုစီးပွားရေး ပညာရှင် ဦးလှမောင်က ယနေ့
ဆောက်လုပ်ရေး လောကကို ရည်ညွန်းပြောဆိုသည်။

အရောင်းအဝယ်များ ရပ် ဆိုင်းနေခြင်း၊ လုပ်ငန်းရှင်နှင့်မြေ ရှင်များအကြား ချုပ်ဆိုထားသည့်စာချုပ်စာတမ်းများ ပျက်ပြယ်ရ မည့်အခြေအနေများနှင့်အတူ စီမံကိန်းများ ပြီးစီးရန် သတ်မှတ်ထားသည့်အချိန် မမီနိုင်သဖြင့် ဆောက်လုပ်ရေးလောကအခြေအနေဆိုး ရွားနေကြောင်းNewGenerationဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဉာဏ်သစ်လှိုင်က ပြောသည်။

လုပ်ငန်း လည်ပတ်မှုအားနည်းပြီး အရောင်း အ၀ယ် ရပ်ဆိုင်းလာချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က လက်ရှိ ဆောက်လုပ်နေသည့် အဆောက်အအုံများထဲမှ မူအားဖြင့် ခွင့်ပြုထားသည့်အထပ်မြင့် အဆောက်အအုံ ၁၄၀ကျော်ကို ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်းခဲ့သောကြောင့် ပိုမို
အထိနာစေခဲ့ပြီဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ အခြေ အနေကျဆင်းနေတဲ့ အချိန်မှာ ပြိုလဲ တဲ့အဆင့်မဖြစ်အောင် ထပ်ပြီး ထိုးနှက်တာမျိုး မလုပ်ဖို့လိုတယ် ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုသည်။

မူအားဖြင့် ခွင့်ပြုထား သည့် အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းရန်ကြားထားသဖြင့် ရန်ကုန်မြို့တွင် ကြိုပွိုင့်ကွန်ဒိုဈေးကွက် ရပ်ဆိုင်း နေသည့် သဘော ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များကဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် အစိုးရ လက်ထက်က အလုံးအရင်းဖြင့် တည်ဆောက်ခဲ့သည့်ငါးပွက်ရာ ငါးစာချ ဆောက်လုပ်ရေးလုပ်ငန်း များအပေါ် အစိုးရသစ်က ပြန် လည်ထိန်းချုပ်ရန် ပြင်ဆင်လာခဲ့
ခင်းဖြစ်သည်။ သို့သော် စိစစ်ရန် ရပ်ဆိုင်းရမည့် ကာလမည်မျှကြာကြောင်းမသိရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုများသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကစိုးရိမ်ပူပန်မှုဖြစ်သည်။

‘‘စည်းလွတ်ဝါးလွတ်ဖြစ်နေ တာတွေ တစ်ပုံကြီး။ ဥပဒေ အထက်ကနေ အရင်အစိုးရလက်ထက်တုန်းက ခွင့်ပြုခံခဲ့ရတဲ့ အဆောက်အအုံတွေ အများကြီး။ ဝန်ကြီးချုပ်ရဲ့ အခုစီမံချက်ကို ကြိုဆိုပါတယ်’’ဟု ဓနမြေဆောက် လုပ်ရေး လုပ်ငန်းရှင် ဦးဝင်းလှိုင် ကဆိုသည်။

ကြိုပွိုင့်တိုက်ခန်းများ အ ရာင်းအဝယ်ရပ်သွားချိန်၊ အိမ်ခြံ မဈေးကွက် ကျဆင်းနေချိန် အတွင်း ယခုအထပ်မြင့်စီမံကိန်း များကို စစ်ဆေးမည်ဆိုသည့် ဂယက်မှာ အိမ်ဈေးထပ်မံကျဆင်းရန်
တွန်းအားပေးစေနိုင်သည့် အချက်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ရန်ကုန် တွင် ကွန်ဒိုများအလုံးအရင်းဖြင့် တည်ဆောက်ခြင်းမှာငွချေးယူ ရန်ဗန်းပြလုပ်ကိုင်သည့် ဆောက် လုပ်ရေး လုပ်ငန်းရှင်အချို့ ပေါ်ထွက်လာပြီး အများစုကအခြား စီးပွားရေး လုပ်ငန်းများမှ ခတ် ကောင်းသောကြောင့် ကူးပြောင်းလာသူများလည်း ရှိသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရသည် ဟု
မမြင့်မိုရ် ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

‘‘ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်တဲ့ဈေးကွက် အခက်အခဲ တော့ စတွေ့နေပြီ’’ ဟုဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် တစ်ဦး က ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service