ဂျပန်နိုင်ငံတစ်ဝန်း ကန်ဒေါ်လာတစ်သန်းနီးပါး တန်ကြေးရှိလူနေတိုက်ခန်း များစွာဆောက်လုပ် လာလျက်ရှိ

ဂျပန်နိုင်ငံတစ်ဝန်း ကန်ဒေါ်လာတစ်သန်းနီးပါး တန်ကြေးရှိလူနေတိုက်ခန်း များစွာဆောက်လုပ် လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 May 2016 11:21 am တွင် တင်ခဲ့သည်
1328 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံတွင် ယခင်ကတန်ဖိုးကြီး လူနေတိုက်ခန်းများ ကိုတိုကျိုမြို့ တွင်သာဆောက်လုပ်လေ့ရှိခဲ့ရာယခုအခါ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယန်းငွေ သန်း ၁၀၀ ၀န်းကျင် (ကန်ဒေါ်လာ၉၀၅၀၀၀) တန်ကြေးရှိလူနေခန်းများ စတင်ဆောက်လုပ်လာ လျက်ရှိကြောင်း တိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျပန်အိမ်ခြံမြေစီးပွားရေးသိပ္ပံ၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်အတွင်းတိုကျိုအိမ်ခြံမြေဈေးကွက်သို့ ယန်းသန်း ၁၀၀ ကျော် တန်ကြေးရှိတိုက်ခန်းသစ်ပေါင်း ၁၆၈၈ ခန်း ဈေးကွက်သို့ဝင်လာကြောင်း ထုတ်ပြန်သည်။

အသစ်ဆောက်လုပ်လာသောတန်ဖိုးကြီးလူနေခန်းများ၏ ပျှမ်းမျှပေါက်ဈေးမှာစတုရန်းတစ်မီတာလျှင် ယန်းငွေ ၆၀၀၀၀၀ မှ ၇၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၅၀၅ မှ ၅၉၀ ကြား) ဖြစ်သည်။
အပေါ်ဆုံးထပ်များရှိအိပ်ခန်း ၂ ခန်းပါဝင်ပြီး အကျယ်အ၀န်း စတုရန်းပေ ၁၃၃၄ ပေရှိအခန်းများ၏ ပျှမ်းမျှပေါက်ဈေးမှာယန်းငွေ ၁၄၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ဖြစ်သည်။
တိုကျိုမြို့ လယ်တွင် တိုက်ခန်းသစ်တစ်ခန်း၏ ပျှမ်းမျှပေါက်ဈေးမှာယန်းငွေ ၄၆၁၈၀၀၀၀ (ကန်ဒေါ်လာ ၄၂၉၃၉၇)ဖြစ်သည်။

တိုကျိုမြို့ လယ်တိုက်ခန်းများကို အဓိက၀ယ်ယူကြသည်မှာ ကြွယ်ဝချမ်းသာသော ဂျပန်လူမျိုးများဖြစ်ကြပြီး အမွေခွန်ရှောင်လွှဲရန် တိုက်ခန်းများ ၀ယ်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဂျပန်အစိုးရနှင့် အမျိုးသား အကောက်ခွန်အေဂျင်စီ တို့ကယင်းသို့သော အခွန်ရှောင်လွှဲမှုများကိုဟန့်တားရန်အတွက် တိုက်ခန်းများအားတန်ဖိုးတွက်ချက်သည့်စနစ်ပြောင်းလဲရန် သုံးသပ်လျက်ရှိသည်။

ဂျပန် developerတို့သည် တရုတ်စီးပွားရေးနှေးကွေး မှုကဂျပန်အိမ်ခြံမြေကဏ္ဍကိုဂယက်ရိုက်လာမည့် အလားအလာများရှိနေခြင်းအပေါ် ရတက်မအေးဖြစ် လျက်ရှိကြသည်။
တိုကျိုရှိကမ်းစပ်ဘေးပရောဂျက်သစ်များရှိတိုက်ခန်းများစွာကို ၀ယ်ယူထားကြသည်မှာ တရုတ်ဝယ်လက်များ ဖြစ်ကြသည်။

ယန်းငွေ ခိုင်နေလျှင် (သို့တည်းမဟုတ်) တရုတ်စီးပွားရေး ဆုတ်ယုတ်နေလျှင် ကမ်းစပ်ဘေးပရောဂျက်တို့၏ ၀ယ်လိုအားတန့်သွားမည့်အပြင် ၀ယ်ယူပြီး တိုက်ခန်းများပင်လျှင် ဈေးကွက်သို့ ပြန်လည်ရောင်းထုတ်လာနိုင်သည့် အကြောင်းရပ်များပေါ်ပေါက် လာမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service