ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ်

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုထက် ငှားရမ်းနေထိုင်မှု မြင့်တက်နေဆဲဖြစ် - Property News in Myanmar from iMyanmarHouse.com
21 Apr 2016 10:34 am တွင် တင်ခဲ့သည်
1918 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း တိုက်ခန်းဝယ်ယူမှုများထက် ငှားရမ်းနေထိုင်မှု မြင့်တက်လျက် ရှိနေဆဲ ဖြစ်ကြောင်းကို အိမ်ခြံမြေ ဈေးကွက်နှင့် အိမ်ခြံမြေ လုပ်ငန်းများမှ စုံစမ်းသိရသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများ အနေဖြင့် ၂၀၁၄၊ ၂၀၁၅ ခုနှစ် တိုက်ခန်းဈေးနှုန်းများထက် ကျပ်သိန်း ၃၀ မှ စတင်၍ ဈေးနှုန်း ကျဆင်းလျက် ရှိနေသော်လည်း တိုက်ခန်းဝယ်ယူမှုများမှာ အနည်းငယ်သာ ရှိသေးကြောင်း တိုက်ခန်းဝယ်ရောင်း ပြုလုပ်သူများထံမှ သိရသည်။

“တိုက်ခန်းတွေက အ၀ယ်သိပ်မလိုက်ဘူး။ နောက်ပြီး အရင်က ကျပ်သိန်း ၁၅၀ လောက် တန်ဖိုးရှိတဲ့ တိုက်ခန်းဆိုရင် အခု သိန်း ၁၀၀ ကျော်ကျော်၊ သိန်း ၁၀၀ ၀န်းကျင်လောက်ပဲ ဈေးရှိတယ်။ နောက်ပြီး ၀ယ်သူထက် ရောင်းချင်တဲ့သူတွေက ပိုများနေတယ်။ တိုက်ခန်းအငှားကတော့ လတိုင်း ရှိတယ်။ ကျပ် ၈ သောင်းကနေ ၂ သိန်းကြား တိုက်ခန်းတွေက ပိုငှားကြတယ်။ တိုက်ခန်း အငှားသွက်တော့ တချို့တိုက်ခန်း ရောင်းတဲ့သူတွေဆိုရင် မရောင်းတော့ဘဲ အငှားပဲ တင်တော့တာတွေ ရှိတယ်” ဟု အိမ်ခြံမြေ ၀ယ်ရောင်းနှင့် အငှားလုပ်ကိုင်လျက်ရှိသူ ကိုဇင်မင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း ငှားရမ်းနေထိုင်မှု များပြားလျက်ရှိသည့် မြို့နယ်များမှာ ယုဇနဥယျာဉ်မြို့တော်၊ ရှုခင်းသာအိမ်ရာ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့နယ်များတွင် ငှားရမ်းမှု များလျက်ရှိပြီး ဈေးနှုန်းများ အနေဖြင့် ကျပ် ၈၀၀၀၀ မှ ကျပ် ၂၀၀၀၀၀ ကြား ဈေးနှုန်းရှိ တိုက်ခန်းများမှာ ပိုမို ငှားရမ်းမှု မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။

ထို့အပြင် ကျပ်နှစ်သိန်းထက် တိုက်ခန်းများ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် စပ်တူ ငှားရမ်းနေထိုင်လိုသူများ ငှားရမ်းမှု များပြားလျက်ရှိသည်။

“ဒီနှစ်တွေ အတွင်းမှာ စပ်တူငှားရမ်းတာတွေလည်း များလာတယ်။ ယုဇနဥယျာဉ်တို့၊ ရှုခင်းသာ အိမ်ရာတွေဆိုရင် အခန်းဖွဲ့တွေ ပါတဲ့အတွက်ကြောင့် ၀န်ထမ်း၊ ကျောင်းသားတွေနဲ့ ကလေးမရှိသေးတဲ့ အိမ်ထောင်သည်တွေစပ်ပြီး ငှားရမ်းတာတွေရှိတယ်။ တချို့ဆိုရင်လည်း ၃ သိန်း၊ ၄ သိန်းတန် အခန်းငှားလိုက်ပြီး အချင်းချင်း နားလည်မှုနဲ့ တစ်ယောက်ကို ၅ သောင်း၊ ၆ သောင်းနှုန်းနဲ့ တစ်လတစ်ခါ ရှင်းတဲ့ပုံမျိုး အငှားချတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း အငှားဈေးကွက် ပိုမို တွင်ကျယ်လာခြင်းမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနှင့် ခြံမြေဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း ကျဆင်းသည်ဟု ဆိုသော်လည်း ၀န်ထမ်းများနှင့် သာမန် လူတန်းစားများ အနေဖြင့် တိုက်ခန်းဝယ်ယူရန်အတွက် လက်လှမ်းမမီနိုင်သေးခြင်း စသည်တို့ကြောင့် အငှားဈေးကွက် အနေဖြင့် တစ်နှစ်တစ်နှစ် ပိုမိုတွင်ကျယ်လာခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ ၀ယ်ရောင်းလုပ်ငန်းများမှ သိရသည်။

Credit : Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service