ရုရှားဗိသုကာပညာရှင် Vasily Kylukin က မြွေဟောင်တစ်ကောင်နှင့်တူသည့် မိုးမျှော်တိုက်ဒီဇိုင်းကို ရေးဆွဲပြသလိုက်သည်။
၎င်းက ယင်းမြွေဟောက်ပုံတာဝါကို အရှေ့အလယ်ပိုင်းဒေသရှိ အထင်ကရမြို့တစ်မြို့ သို့မဟုတ် အာရှမြို့တစ်မြို့တွင် တည်ဆောက်ရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ယင်းကြီးမားလှပသည့် ဒီဇိုင်းက စင်စစ်မြွေတစ်ကောင် ခွေပတ်၍ မြေပေါ်ထိုင်ကာ ပါးပြင်းထောင်နေပုံပီပြင်ရန် အောက်ခြေကို အ၀ိုင်းပုံဖော်ထားသည်။
ပါးစပ်ဖွင့်နေသည့် ဦးခေါင်း၌ စားသောက်ဆိုင် သို့မဟုတ် နိုက်ကလပ်ထားရှိမည်ဖြစ်ပြီး ကိုယ်လုံးတစ်ခုလုံး၌ လူနေတိုက်ခန်းများနှင့် ရုံးခန်းများ ထားရှိမည်ဖြစ်သည်။
မိုနာကိုအခြေစိုက် မော်စကိုမှ ဗိသုကာပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်ဟောင်း Vasily Klyukin က ဒီဇိုင်းနှင့်အလွန်သင့်လျော်စွာ
ဒီဇိုင်းအမည်အား အာရှမြွေဟောက်တာဝါ Asian Cobra Tower ဟု အမည်ပေးထားသည်။
ယင်းမြွေဟောက်တာဝါသည် မြွေအား ဥာဏ်ပညာ၊ အသက်ရှည်ခြင်းနှင့် ကံကောင်းခြင်းတို့၏ သင်္ကေတတစ်ခုအဖြစ် မှတ်ယူကြသည့် အာရှနှင့် အရှေ့အလယ်ပိုင်းမြို့များရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို အဆွဲဆောင်နိုင်ဆုံးဖြစ်မည်ဟု ထိုဗိသုကာပညာရှင်က ယူဆထားသည်။
မြွေအား အနက်နှင့် ရွှေရောင်ဟူ၍ အရောင်အဆင်း ၂ မျိုး လိုသလိုပြောင်းလဲနိုင်ရန်လည်း ဒီဇိုင်းဆွဲထားကြောင်း ၎င်းက ရှင်ပြခဲ့သည်။ ထူးခြားသည့် ဒီဇိုင်းများစွာရေးဆွဲခဲ့သော Vasily Kylukin က ၎င်းဒီဇိုင်းများသည် အနာဂတ်ကို မျှော်တွေးမှန်းဆထားသော ဒီဇိုင်းများဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)