အိမ်မရှိသူများကို မဟာဗန္ဓုလအိမ်ရာတွင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့်ငှားရမ်းရန် တိုင်းအစိုးရစီစဉ်

အိမ်မရှိသူများကို မဟာဗန္ဓုလအိမ်ရာတွင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့်ငှားရမ်းရန် တိုင်းအစိုးရစီစဉ် - Property News in Myanmar from iMyanmarHouse.com
1 Feb 2016 11:32 am တွင် တင်ခဲ့သည်
3749 ကြိမ် ကြည့်ရှု့ပြီး
ရန်ုကုန်မြို့ရှိ မဟာဗန္ဓု လအငှားအိမ်ရာကို အိမ်ပိုင်မရှိသူ များအား တစ်လလျှင် ကျပ်သုံး သောင်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။

အိမ်ရာတွင် နေထိုင်ခွင့်အ တွက် ဖေဖော်ဝါရီ ၁ ရက်မှစတင် ကာ ၁၅ ရက်အတွင်း လျှောက် ထားနိုင်ပြီဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မဟာဗန္ဓုလအိမ်ရာကို ဒဂုံ မြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အမှတ်(၂) လမ်းနှင့် ဗန္ဓုလလမ်း ထောင့်တွင် ၂၀၁၅ ဒီဇင်ဘာက တည်းက ဆောက်လုပ်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၂၀ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု ဦးကျော်စိုးက ပြော သည်။

‘‘ခန့်မှန်းထားတာကတော့ မတ်လကုန်လောက်မှာပြီးစီးမယ်။ အဲဒီမတိုင်ခင် နေထိုင်ခွင့်ရနိုင် မယ့်သူတွေ ရွေးချယ်မှာပေါ့’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့အစီအစဉ်ဖြင့် ဆောက် လုပ်နေသည့် အဆိုပါအခန်းများ ကို အမှန်တကယ်အိမ်ပိုင်မရှိသူ များ နေထိုင်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ယင်းအစိုးရအဖွဲ့ရုံး၌ လျှောက် လွှာများ လက်ခံပေးမည်ဟု သိရ သည်။

‘‘ကျွန်တော်တို့အစိုးရသက် တမ်းအတွင်းမှာတော့ ရရှိလာ မယ့် အခန်းတွေကို ဈေးသက် သက်သာသာနဲ့နေနိုင်အောင်လုပ် ပေးတဲ့သဘောပါ။
လျှောက်တဲ့သူ များရင် ထင်သာမြင်သာစွာမဲနှိုက် ပြီး ရွေးပေးသွားမှာဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် စွမ်းအင်ဝန် ကြီးဦးကျော်စိုးက ပြောသည်။

အိမ်ရာငှားရမ်းနေထိုင်ခွင့် အတွက် လျှောက်လွှာများရောင်းချပေးမည်မဟုတ်ဘဲ သက်ဆိုင် ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးများတွင် လျှောက် လွှာပုံစံကပ်ထားပေးမည်ဖြစ်ရာ လျှောက်ထားလိုသူများသည် ယင်း ပုံစံအတိုင်း ကွန်ပျူတာစာစီ၍ဖြစ် စေ၊ လက်ရေးဖြင့်ရေး၍ဖြစ်စေ မိမိအစီအစဉ်ဖြင့် လျှောက်ထား နိုင်သည်ဟုဆိုသည်။

လျှောက်ထားသူမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း နေထိုင် သည့် အိမ်ထောင်စုစာရင်းရှိသူ ဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ် ထောင်စု စာရင်းရှိရမည်ဖြစ်ပြီး အိုးပိုင်၊ အိမ်ပိုင် မရှိသူဖြစ်သည် ဆိုသည့်သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် ပြသရမည်ဖြစ်ကာ နေထိုင်ခွင့်ရရှိ ပါက အငှားစနစ်ဖြစ်သည့်အ တွက် လက်လွှဲငှားရမ်းခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန် သတ် မှတ်ထားသည်။

နေထိုင်ခွင့်ရရှိသူများကို ၎င်းတို့အစိုးရလက်ထက်အတွင်း ၌ပင် ချထားပေးမည်ဖြစ်ပြီး မရရှိ သူများအနေဖြင့် နောက်ပိုင်းအ လားတူစီမံချက်များတွင် ဦးစား ပေးရန်ရှိ၊ မရှိမှာ နောက်အစိုးရ၏ အစီအမံဖြင့်သာ သက်ဆိုင်မည် ဟုဆိုသည်။

အဆိုပါအငှားအိမ်ရာမှာ ခြောက်ခန်းတွဲ လေးထပ်တိုက် များဖြစ်ပြီး လှေကားသုံးစင်းပါဝင် ကာ အခန်းအကျယ်မှာ ပေ ၂၅ ပတ်လည်ခန့်ရှိကြောင်း သိရ သည်။

ရန်ကုန်မြို့တွင် အိမ်ရာပိုင် ဆိုင်မှုမရှိသူ အိမ်ထောင်စုသိန်းချီ ရှိနေပြီး ပထမဆုံးချထားပေးမည့် အခန်းအရေအတွက်မှာ တစ် ထောင်ကျော်သာရှိသည့်အတွက် လိုအပ်သည့်အရေအတွက်နှင့် မျှ တမှုမရှိဖြစ်နေသည်ဟု မြို့ခံများ ကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service