ဧရာဝဏ်နှင့် ရတနာစီမံကိန်း တိုက်ခန်းများကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချမည်

ဧရာဝဏ်နှင့် ရတနာစီမံကိန်း တိုက်ခန်းများကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
8 Jan 2016 10:00 am တွင် တင်ခဲ့သည်
4944 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တည်ဆောက်နေဆဲ
ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများက
ထွတ်ပေါ်လာသည့် တိုက်ခန်းများကို
၁၀ နှစ် အရစ်ကျ ငွေပေးချေမှုစနစ်ဖြင့် ရောင်း
ချနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"ပထမအဆင့်လုပ်မယ့် ၁၁ လုံးထဲမှာ ခြောက်လုံးကို မတ်လမှာ အပြီးနဲ့ ကျန်တဲ့ငါးလုံးကတော့
ဒီဇင်ဘာမှာ အပြီးသတ်တည်ဆောက်ဖို့ ကြိုးစားလုပ်နေတယ်။ တိုက်ခန်းဝယ်ခွင့်
ရတဲ့သူကိုတိုက်ခန်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ရှစ်လအတွင်း အကျေပေးသွင်း ပြီး ကျန်တဲ့
အခန်းတန်ဖိုးရဲ့၅၀ ရာခိုင်နှုန်းကို တော့ ၁၀ နှစ်အရစ်ကျစနစ်နဲ့ ရောင်းဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်"
ဟု ၎င်းကပြောသည်။

အခန်းတစ်ခန်းလျှင် စတုရန်းမီတာ ၆၀၀ အကျယ်အ၀န်းရှိသည့် ဧရာဝဏ်နှင့်
ရတနာ အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများမှာ အမေ ရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာ
သည့် အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးနှုန်း မြင့်တက်ခဲ့ရာ တစ်ပေပတ်လည်
ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၁၁၀,၀၀၀ ၀န်းကျင်အထိ ကျသင့်နေပြီး၊ အခန်းတစ်ခန်းလျှင်
ကျပ်သိန်း ၆၀၀ ကျော် ဖြင့်သာ အများပြည်သူထံ ရောင်းချနိုင်မည်ဖြစ်ကြောင်း သတင်းများထွတ်ပေါ်
လာသည့်အတွက် ရန်ကုန်လူထုအကြား ဝေဖန်မှုများ မြင့်တက်လာနေသည့် တန်ဖိုးမျှတအိမ်ရာ
စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

"ဈေးများတယ်လို့ အပြင်မှာ ပြောနေကြတာက ဒီအဆောက်အအုံတွေက အထပ်မြင့်ဖြစ်နေတော့
လိုအပ်တဲ့ပစ္စည်းတွေ ထည့်ရင်းပြုရင်းနဲ့ တစ်ပေပတ်လည်ကို တစ်သိန်းကျော် လောက်အထိ
ဖြစ်သွားတယ်၊ ဒေါ်လာဈေး မြင့်လာတဲ့ အကျိုးသက်ရောက်မှုလည်း နည်းနည်းပါတယ်။
ဈေးထပ်လျှော့ပြီးရောင်း ဖို့ထက် ရောင်းမယ့်စနစ်လေးကိုတော့ ပြင် ထားတာရှိတယ်"ဟု
ဦးမင်းထိန်ကပြောသည်။

မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းဆောက်
လုပ်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများမှာ လက်ရှိတွင်
တည်ဆောက်ရေးလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းသာ ပြီးစီးသေးသည်။

အဆို ပါ အိမ်ရာများတွင်
၁၈ ထပ်အမြင့် အဆောက် အအုံ ၄၉ လုံးပါဝင်ပြီး တိုက်ခန်းပေါင်း ယူနစ် ၁၉,၆၀၀ အထိ
အကောင်အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်သည်။ ပထမ အဆင့် တိုက်အလုံးရေ
၁၁ လုံးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ဆောက် လုပ်ရန်လျာထားပြီးဖြစ်ရာ
အဆိုပါ တိုက် အလုံးရေ ၁၁ ခုမှ အခန်းပေါင်း ၆,၀၀၀ ကို ယခုနှစ်အတွင်း အများပြည်သူထံ
ရောင်းချ သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က စတင်ပြီး ယင်းစီမံကိန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံပိုင်မြေ နေရာများပေါ်
တွင် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ အခြေခံ
အဆောက်အအုံများဖြစ် သည့်လမ်းများ၊ ဈေးများ၊ ကျောင်းများ၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေး
ဘတ်စ်ကား လိုင်းများအပါအ၀င် နေထိုင်သူများ အပန်း ဖြေနိုင်မည့် ပန်းခြံများပါ တစ်ပါတည်း
ထည့်သွင်းတည်ဆောက်ထားသည့် စီမံကိန်း တစ်ခု ဖြစ်သည်။

အခန်းတစ်ခန်းလျှင် ကျပ်သိန်း
၆၀၀ ကျော် ကျသင့်သည့်အတွက် ၎င်းစီမံကိန်းများအနီးရှိ ယုဇနဥယျာဉ်မြို့တော်နှင့် စစ်တောင်း
အိမ်ရာ တိုက်ခန်းများ၏ ဈေးနှုန်းနှင့်ယှဉ်လျှင် များစွာ ဈေးနှုန်းကွာခြားလျက်ရှိသည့်အပြင် အထပ်
မြင့် အဆောက်အအုံဖြစ်သည့်အတွက် လစဉ် ပေးချေရမည့် အိမ်ရာပြုပြင်ထိန်းသိမ်းစရိတ်
များပါ ကုန်ကျနိုင်သည့်အတွက် ယင်းတိုက် ခန်းများကို ၀ယ်ယူသူနည်းပါးနိုင်ကြောင်း ယုဇန
ဥယျာဉ်မြို့တော်က အိမ်ခြံမြေ အကျိုး ဆောင် ဦးမြသန်းက ပြောသည်။

"အခန်းတစ်ခန်းကို သိန်း ၆၀၀ နဲ့ ပေးဝယ် နိုင်မှတော့ ဘယ်သူတွေက ဒီနေရာမှာ လာနေ
မလဲ။ သူ့နောက်က ယုဇနထဲမှာတောင် သိန်း ၁၅၀ လောက်နဲ့ တိုက်ခန်းက ၀ယ်လို့ရနေသေး
တယ်။ အထပ်မြင့်ဖြစ်တဲ့အတွက် လစဉ် ပြုပြင်ထိန်းသိမ်းစရိတ်ကလည်း သေးမှာ မဟုတ်တော့
တော်ရုံတန်ရုံလူက ၀ယ်နေကြ မယ်လို့ မထင်ဘူး။၊ တန်ဖိုးမျှတ ဆိုပေမယ့် ဈေးက တော်တော်
များနေသေးတယ်" ဟု ၎င်းက ပြောသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်
အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတစ်ခု ဖြစ်သည့် လှိုင်သာယာမြို့နယ်
ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ရွှေလင်ပန်း တန်ဖိုးမျှတအိမ်ရာစီမံ ကိန်းက တိုက်ခန်းများကို
တစ်ခန်းလျှင် ကျပ် သိန်း ၁၂၀ ဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လအတွင်းက စတင်၍
ရောင်းချခဲ့ပြီးဖြစ် သည်။

ရွှေလင်ပန်းတန်ဖိုးမျှတ အိမ်ရာစီမံကိန်း က တိုက်ခန်းများကို လက်ငင်းငွေချေစနစ်၊
အရစ်ကျစနစ်များဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချ
ခဲ့ခြင်းဖြစ်ပြီး ကနဦးသွင်းငွေအဖြစ် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းကာ ကျန်ငွေ
၇၀ ရာခိုင်နှုန်းကို နှစ်အပိုင်း အခြားအလိုက် ပေးသွင်းစေသည့်စနစ်ဖြင့် ရောင်းချခဲ့ခြင်း
ဖြစ်သည်။

လက်ရှိ ဆောက်လုပ်နေဆဲဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းမှာ
နိုင်ငံတော်အဆင့် ဆောက်လုပ်နေသည့် တန်ဖိုး မျှတအိမ်ရာစီမံကိန်းကြီး တစ်ခုဖြစ်ပြီး
အခန်း အရေအတွက် အများဆုံး ထွက်ရှိနိုင်မည့် စီမံကိန်းလည်း ဖြစ်သည်။

အများပြည်သူအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၂ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ မြန်မာ တစ်နိုင်ငံ
လုံးရှိ မြို့ပေါင်း ၈၁ မြို့တွင် အိမ်ရာ ယူနစ်ပေါင်း တစ်သန်းကို ဖော်ဆောင်နိုင်ရန် လျာထားသည်။

Credit: Myanmar Tines

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service