မြို့နယ်အချို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်းရာကျော်ပေး၍ နေရာငှားရမ်းမှုများရှိ

မြို့နယ်အချို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်းရာကျော်ပေး၍ နေရာငှားရမ်းမှုများရှိ - Property News in Myanmar from iMyanmarHouse.com
7 Jul 2015 9:48 am တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရန်ကုန်မြို့တွင်းပိုင်း မြို့နယ်များရှိ အချက်အချာနေရာ များကို ယခုရက်ပိုင်းအတွင်းကျပ် သိန်းရာကျော်ပေး၍ ငှားရမ်းနေ ကြကြောင်း သတင်းရရှိသည်။

ကျောက်တံတား၊ လသာ၊ လမ်းမတော်မြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနှင့် လှိုင်သာယာမြို့နယ်များ၌ အဓိကအားဖြင့် မြေညီထပ်များတွင် ဆိုင်ခန်းဖွင့် ရန် အငှားဈေးကွက်အားကောင်း နေခြင်းဖြစ်သည်။

စားသောက်ဆိုင်၊ အဝတ် အထည်ဆိုင်နှင့် ဟန်းဆက် အရောင်းဆိုင်များ ဖွင့်လှစ်ရန် အဓိက ငှားရမ်းနေရပြီး လမ်းမကြီးတန်း အချက်အချာကျသည့်နေရာများကို တစ်လလျှင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ခန့်အထိ ဈေးကောင်းပေး ငှားရမ်းဖွင့်လှစ်လာခြင်း ဖြစ်သည်ဟု အောင်စည်ဟိန်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင် ဦးမြတ်ဝင်းမင်း ကပြောသည်။

‘‘ဒီရက်ပိုင်း မြို့ထဲဘက်မှာ ကိုးကန့်ဘက်ကရှမ်းတရုတ်တွေ ဟန်းဆက်ဆိုင်ဖွင့်ဖို့ တစ်လကို သိန်း ၁၀၀ လောက်ထိသုံးပြီး ငှား နေကြတယ်။ အရောင်းဈေးကွက် ငြိမ်နေချိန်မှာ အငှားဈေးကွက်က တော့ ကောင်းနေတုန်းပဲ’’ဟု ၎င်း ကဆိုသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာအတွင်း အဆင့် မြင့် လုံးချင်း တိုက်ခန်းများကို တစ်လလျှင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၄၀ အထိဈေးကောင်းပေးငှားရမ်းနေထိုင်ကြကြောင်း လှိုင်သာယာ မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြား သည်။

‘‘လှိုင်သာယာထဲက အိမ် ရာတွေက တော်ရုံမြန်မာနိုင်ငံ သားမငှားနိုင်ဘူး။ ဒီရက်ပိုင်း ဒလ နဲ့ တွံတေးဘက်ကမြေတွေလာ ကြည့်ဖို့ ကိုရီးယားတွေကို တော် တော်လေး ငှားနေရတယ်’’ ဟု အထက်ပါအကျိုးဆောင်ကပြော သည်။

အဆင့်မြင့် အိမ်ရာများ အတွင်းမှ ပေ ၄၀×ပေ ၁၀၀ လုံး ချင်းတိုက်ခန်းများ အဓိကငှားရမ်း နေရပြီး ယခုတစ်ပတ်အတွင်း ပန်း လှိုင်အိမ်ရာမှ အိမ်လုံးချင်းနှစ် လုံးကို ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် အငှားဈေးကွက်ဖြစ်ပေါ်ခဲ့ကြောင်းလှိုင်သာယာအိမ်ခြံမြေဈေးကွက် မှ စုံစမ်းသိရသည်။

နိုင်ငံခြားသား အများစုက အိမ်လုံးချင်းများကို ငှားရမ်းရာ တွင် အိမ်ထောင်ပရိဘောဂအစုံ၊ ပစ္စည်းအစုံအလင်ပါသည့် အဆင့်မြင့်လုံးချင်းတိုက်ခန်းများကိုပိုမို စိတ်ဝင်စားကြပြီး အဆိုပါပစ္စည်း များပါဝင်ပါက ငှားရမ်းခကို အိမ် ရှင်များဘက်က ပိုမိုတိုးမြှင့်ရယူကြကြောင်းသိရသည်။

ယခင်က ဈေးကွက်၏အငှား ဈေးကွက်တွင် အမြဲဦးဆောင်လေ့ ရှိသည့် နိုင်ငံခြားသားများကို ငှား ရမ်းသည့် ကွန်ဒိုတိုက်ခန်းဈေး ကွက်မှာမူ လွှတ်တော်တွင် စုပေါင်းပိုင်အဆောက်အအုံဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းတော့ မည်ဆိုခြင်းကြောင့် အများစုက ဈေးကွက်အခြေအနေကို စောင့် ကြည့်လျက်ရှိသည်။

ထို့ပြင် တန်ဖိုးကြီးမြေကွက် နှင့် အိမ်ကြီးအိမ်ကောင်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ လည်း ယခင်ကလောက် အလုပ် မဖြစ်ဘဲငြိမ်နေကြောင်း စိုင်းခွန် နောင်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြော ကြားသည်။ ရောင်းချသူများသည် ဈေးကွက်အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချ ခြင်းဖြစ်သည်ဟု အကျိုးဆောင် များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲရှိသဖြင့် လာမည့် နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအဝယ် ပြန်ကောင်းလာနိုင်သည်ဟု အကျိုးဆောင်အချို့က မျှော်လင့်နေကြသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service