လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၃ ဘီလျံကျော် ၀င်ရောက်ထားပြီး အိမ်ခြံမြေကဏ္ဍတွင် မြှုပ်နှံမှု အများဆုံးဖြစ်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၃ ဘီလျံကျော် ၀င်ရောက်ထားပြီး အိမ်ခြံမြေကဏ္ဍတွင် မြှုပ်နှံမှု အများဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
28 Apr 2015 10:10 am တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၉၇၃ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း အိမ်ခြံမြေကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။

နိုင်ငံသားလုပ်ငန်းရှင်များက ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၄၅ ခုတွင် ကျပ် ၉၇၃၉၇၅ ဒသမ ၉၉ သန်း (ကျပ် ၉၇၃ ဘီ လျံကျော်) ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုဇုန်ဆိုင်ရာ ကဏ္ဍနှင့် အခြားလုပ်ငန်းကဏ္ဍတို့တွင် ၀င်ရောက်မြှုပ်နှံမှု အသီးသီး ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ရောက်မြှုပ်နှံမှုပြုသည့် ကဏ္ဍအလိုက် ပမာဏများမှာမူ အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၄၆၈၃၄၉ သန်းကျော်ဖြင့် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၁၈၈ သန်းကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၁၅၃၉၈၃ သန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၈၃၉၇၁ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၅၉၁၅၁ သန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၂၂၄၄၂ သန်းကျော်၊ စက်မှုဇုန်ဆိုင်ရာ ကဏ္ဍတွင် ကျပ် ၁၄၂၄၈ သန်းကျော်နှင့် အခြားကဏ္ဍတွင် ကျပ် ၆၉၆၄၀ သန်းကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားလုပ်ငန်းရှင်များအား ၀င်ရောက်မြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ စုစုပေါင်း ၁၂ ခုရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် သတ္တုတူးဖော်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်း မရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံသား လုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများတွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာတင်ပြ လျှောက်ထားကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြု လျှောက်ထားလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင်အစည်းအဝေးမှတစ်ဆင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service