မကွေးမြို့ ၀န်ထမ်းများ အတွက် တန်ဖိုးနည်း အငှားအိမ်ရာ (၁၀၀) ကျော်အား ငှားပေးမည်

မကွေးမြို့ ၀န်ထမ်းများ အတွက် တန်ဖိုးနည်း အငှားအိမ်ရာ (၁၀၀) ကျော်အား ငှားပေးမည် - Property News in Myanmar from iMyanmarHouse.com
1 Apr 2015 9:18 am တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး
မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် ရွာသစ် (၁၉) လမ်းထောင့်တွင် ဆောက်လုပ် လျက်ရှိသော တန်ဖိုးနည်း ၀န်ထမ်း အိမ်ရာများအား မကွေးမြို့ပေါ်တွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ အသီးသီးမှ ၀န်ထမ်းများကို ငှားရမ်း သွားမည် ဖြစ်ပြီး လက်ရှိ အခန်း အရေအတွက်အရ ၀န်ထမ်းဦး ရေ (၁၀၀) ကျော်အထိ ငှားရမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မကွေး တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်အေးက The Messenger Media သို့ ပြောသည်။

ဝန်ထမ်းများအား ငှားရာတွင် သက်ဆိုင်ရာဌာနများ၏ စီစဉ်မှုဖြင့် ငှားရမ်း သွားမည် ဖြစ်ပြီး ငှားရမ်းခ အဖြစ် အရာထမ်းများအား မူရင်း လစာ၏ (၅) ရာခိုင်နှုန်း၊ အမှုထမ်း များအား မူရင်းလစာ၏ (၃) ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ် ထားကြောင်း သိရသည်။ ဒီမြို့က ပြောင်းသွားရင် ဒါမှ မဟုတ် ပင်စင်ယူ သွားရင် ပြန်အပ်ရမှာပါ။ အမှုထမ်း တစ်ယောက်ရဲ့ ၀င်ငွေနဲ့ဆို (၂၆၀၀) လောက် ပဲ ကျမှာပါ။ အမြင့်ဆုံးမှ (၉၀၀၀) လောက်ပဲ ကျမှာပါ။ ကျွန်မတို့က ဌာနကို ပေးလိုက်မှာပါ။ သူ့ဌာနက နေရေးခက်ခဲတဲ့သူကို သူတို့ဆုံး ဖြတ်ပြီးပေးမှာ ဟု ဒေါ်မြင့်မြင့်အေးက ပြော သည်။

မကွေးမြို့သည် တိုင်းဒေသကြီးရုံးစိုက် ရာ တိုင်းမြို့တစ်ခု ဖြစ်ပြီး ဌာနဆိုင်ရာများ များ ပြားခြင်း နယ်ပေါင်းစုံမှ ၀န်ထမ်းများရှိခြင်းကြောင့် ၎င်း ၀န်ထမ်း အများစုအနေဖြင့် တန်ဖိုးနည်း အငှားအိမ်ရာကို စောင့်မျှော်လျက် ရှိကြောင်း ဌာနဆိုင်ရာ အသီးသီးမှ ၀န်ထမ်း အများစုက ဆိုသည်။ အဆောင် ငှားခတွေက တစ်နှစ်ထက် တစ်နှစ် ဈေးကတက်နေတယ်။ နောက်တစ်ခု က အဆောင်မှာက ချက်စားဖို့၊ အင်္ကျီမီးပူထိုးဖို့က အစ မလွယ်ဘူး။ ဒီမှာက ကျောင်းသား အဆောင်တွေက များတော့ အဲဒီမှာ ကျောင်းသားတွေနေ သလို နေရတော့ မလွယ်ဘူး ဟု အောင်လံ မြို့နယ် အတွင်းမှ မကွေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင်နေသူ ၀န်ထမ်းတစ်ဦးက ပြောသည်။

မကွေးမြို့ပေါ်တွင် ၀န်ထမ်း အိမ်ရာရှိသော ၀န်ကြီးဌာနများ ရှိသကဲ့သို့ ၀န်ထမ်း အိမ်ရာ မရှိသော ၀န်ကြီးဌာနများ ရှိခြင်းကြောင့် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို ၀န်ထမ်းများ အနေဖြင့် သိလိုကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။ ၀န်ထမ်း အိမ်ရာရှိတဲ့ ၀န်ထမ်းတွေရှိ တယ်။ ဒါပေမဲ့ အိမ်ခန်းက သုံးလေးခန်းလောက် ရှိပြီး အရာရှိတွေပဲ တက်နေကြတဲ့ ဟာမျိုးတွေဆို ဘယ်လို ဆုံးဖြတ်မလဲ။ အရင်ဖုန်း ကတ်တွေ မဲနှိုက် တယ်၊ ဌာနတစ်ခုကို ဖုန်းကတ် နှစ်ကတ်လောက်ပဲ ခွဲတမ်းရတဲ့ အပေါ် နောက်ဆုံး ဒီလိုနဲ့ ပြီးသွား ရတယ်။ အဓိက,ကတော့ နယ်က ၀န်ထမ်းတွေ ရစေ ချင်တယ် ဟု မြို့ခံ ၀န်ထမ်း တစ်ဦးက ဆိုသည်။

ယခင်က မကွေးမြို့တွင် တန်ဖိုးနည်း အငှားအိမ်ရာအဖြစ် (၉၅) ခန်းရှိပြီး ယခု အိမ်ရာစီမံကိန်း ပြီးစီးပါက နောက်ထပ်ခွင့်ပြု မည့် ဘတ်ဂျက်အပေါ် မူတည်၍ ထပ်မံတိုးချဲ့ ဆောက်လုပ်နိုင်ရန် စီစဉ်မှုများလည်းရှိကြောင်း မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။

Credit : Messenger News Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service