ရန်ကုန်မြို့တွင် ကွန်ဒိုမီနီယံ တိုက်ခန်းများ ခပ်စိပ်စိပ်ဆောက်လာ သဖြင့် ငွေကြေးတတ်နိုင်သူများက ဝယ်ယူနေထိုင်ရန် စိတ်ဝင်စားသော် လည်း ကွန်ဒိုမီနီယံ ဥပဒေအတည်ပြု ပြဋ္ဌာန်းမည့် အချိန်ကို စောင့်မျှော်နေ ကြကြောင်း သိရသည်။
ကွန်ဒိုမီနီယံ တိုက်ခန်းများသည် မြို့ပြအင်္ဂါရပ်တစ်ခုအဖြစ် ရောက်ရှိ လာပြီး နေထိုင်မှုအဆင့်အတန်း မြင့်မားစွာ ရှိသဖြင့် စီးပွားရေးလုပ်ငန်း ရှင်များ အပါအဝင် ငွေကြေးတတ်နိုင် သူများက သာမန်တိုက်ခန်းများတွင် နေထိုင်သည်ထက် ပိုမိုအဆင့်မြင့်ပြီး လုံခြုံစိတ်ချရမှု ပိုရှိသော ကွန်ဒို တိုက် ခန်းများ၌ နေထိုင်ရန် စိတ်ဝင်စား မှုမြင့်မားလာကြသည်။ သို့သော် ကွန်ဒိုမီနီယံများကို မည်သည့်ပုံစံဖြင့် ဆောက်လုပ်ထားသည် ဆိုခြင်းနှင့် ပတ်သက်၍ သဲကွဲရေရာစွာ မသိရှိ ခြင်းကြောင့် ဝယ်ယူရန် နှောင့်နှေးနေ ကြောင်း ကွန်ဒိုတိုက်ခန်း ဝယ်ယူနေ ထိုင်လိုသူတစ်ဦးက The Trade Times ကို ပြောသည်။
”ကွန်ဒိုတိုက်ခန်းတွေကတော့ တစ်ခန်းကို ကျပ် သိန်းထောင်ချီပြီး တန်တယ်။ သိန်း ၁,၅ဝဝ ကျော် လောက်ကနေ သိန်း ၅,ဝဝဝ ကျော် အထိ ရှိတယ်။ ဒီလောက် ငွေအရင်း အနှီးကြီးကြီးနဲ့ ဝယ်ယူပြီးခါမှ မြေကBOT (Build Operate Transfer) ဖြစ်နေရင် သွားပြီ။ အဲဒါကြောင့် မဝယ်ရဲသေးဘူး။ ကွန်ဒိုဥပဒေ ပြဋ္ဌာန်းမှာကို စောင့်နေတာလည်း ပါတယ်” ဟု ကွန်ဒိုမီနီယံတိုက်ခန်း ဝယ်ယူရန် စိတ်အားထက်သန်သူ စီးပွားရေးလုပ်ငန်းရှင် ကိုကျော်သူ ငြိမ်းက ပြောသည်။
မြန်မာနိုင်ငံ၌ လူနေအဆောက် အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက် ၍ ဆောက်လုပ်သည့် မြေနေရာ ရယူခြင်း ပုံစံများစွာရှိသည့်အနက် ကွန်ဒိုမီနီယံ ဆောက်လုပ်ရာတွင် BOT စနစ်ဖြင့် ဆောက်လုပ်ခြင်း၊ မြေငှားရမ်းစနစ်ဖြင့် ဆောက်လုပ် ခြင်း၊ ဘိုးဘွားပိုင်မြေကို ဝယ်ယူ ဆောက်လုပ်ခြင်းဟူသော စနစ်များ က အများဆုံးဖြစ်သည်။ BOT စနစ် ဖြင့် ဆောက်လုပ်ပါက အဆောက် အအုံကို ကာလသတ်မှတ်ချက် အတိုင်းအတာတစ်ခုအတွင်း ဆောက် လုပ်ကာ လုပ်ငန်း လုပ်ကိုင်ပြီးပါက အစိုးရထံ ပြန်လည်လွှဲပြောင်းပေးရ သည်။ ထိုအခါ အိမ်ရာ ဝယ်ယူထား သူများအနေဖြင့် ¤င်းတို့၏ ပိုင်ဆိုင်မှု မည်သို့မည်ပုံ ဖြစ်လာမည်ကို ရေရာ သဲကွဲစွာ မသိနိုင်သဖြင့် စိတ်ပူပန်မှု များခံစားရမည် ဖြစ်သည်။
မြေငှားရမ်း ဆောက်လုပ်သည့် စနစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက မြေကို အစိုးရထံမှ နှစ် ၃ဝ၊ နှစ် ၇ဝ စသည်ဖြင့် ကာလ အတိုင်းအတာတစ်ခု သတ်မှတ်ကာ ငှားရမ်းခွင့် ရယူ၍ အဆောက်အအုံ ဆောက်လုပ်ကြသည်။ ထိုသို့ ငှား ရမ်းဆောက်လုပ်လျှင် မြေငှားရမ်းခ ကို အစိုးရထံ လုပ်ငန်းရှင်က နှစ်စဉ် သွင်းရသည်။ မြေငှားရမ်းခ ပေးသွင်း ခြင်း ပျက်ကွက်လျှင် အစိုးရက ထိုမြေကို ပြန်သိမ်းခွင့်ရှိသည်။ ထို့ ကြောင့် အစိုးရထံပေးသွင်းရမည့် မြေငှားရမ်းခ မည်သို့မည်ပုံပေးသွင်း ရမည်၊ နှစ်ရှည်အတိုင်းအတာအတွင်း မည်သူက တာဝန်ခံပေးသွင်းရမည် ကို တိတိပပ မသိရှိခြင်းများကလည်း ကွန်ဒိုဝယ်ယူနေထိုင်သူတို့ လက် ရှောင်နေသော အကြောင်းတစ်ချက် ဖြစ်လာသည်။
လက်ရှိ ဆောက်လုပ်ပြီးစီးပြီး ဝယ်ယူနေထိုင်သူများ အပြည့်အဝ ရှိနေပြီးဖြစ်သော ကွန်ဒိုမီနီယံ အဆောက်အအုံများတွင် နေထိုင်သူ များနှင့် မြေပိုင်ဆိုင်သူတို့ကြား ပြဿနာများ ကြုံတွေ့ရင်ဆိုင်နေရ ကြောင်း လက်ရှိ နေထိုင်နေသူတို့က ရင်ဖွင့်ကြသည်။ များသောအားဖြင့် အဆောက်အအုံ ထိန်းသိမ်းစရိတ်၊ ဝန်ဆောင်မှုစရိတ် စသည်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ မပြေ လည်မှုများ ကြုံတွေ့ရသကဲ့သို့ ဝယ်ယူခြင်း မပြုမီက အာမခံသည့် Facility များ လုံလောက်အောင် မရခြင်းကြောင့်လည်း အပြန်အလှန် စကားပြောနေရခြင်းများ ရှိနေသည် ဟု ကွန်ဒိုတိုက်ခန်းများတွင် လက်ရှိ နေထိုင်နေသူတို့က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဈေးကွက်သစ်ဖြစ်လာသည့် ကွန်ဒို မီနီယံဈေးကွက်ကို ဥပဒေနှင့်အညီ ကြပ်မတ်ကာ စနစ်တကျ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် ဆောင် ရွက်ရမည်ဖြစ်သည်။ ဤသို့ဆောင် ရွက်ရာတွင် တိကျသေချာသော မြန်မာနိုင်ငံ ကွန်ဒိုမီနီယံ ဥပဒေကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် တကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်သွင်းကာ အတည်ပြုပြဋ္ဌာန်းနိုင် ရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ယင်းဥပဒေ အတည် ပြုပြဋ္ဌာန်းနိုင်ပြီဆိုလျှင် တိုက်ခန်း ဝယ်ယူနေထိုင်သူများအနေဖြင့် ကျပ် သိန်း ထောင်ချီမြှုပ်နှံကာ ဝယ်ယူ ထားသော ကွန်ဒိုမီနီယံတိုက်ခန်း အပေါ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စိတ်ချလက်ချ ရှိသွားမည်ဖြစ်သဖြင့် ကွန်ဒိုတိုက်ခန်းအရောင်းဈေးကွက် သည်လည်း ယခင် အချိန်များက ထက် ပိုမိုမြင့်တက်လာမည် ဖြစ် ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များနှင့် ကွန်ဒိုတိုက်ခန်းဝယ်ယူ နေထိုင်လိုသည့် ငွေကြေးတတ်နိုင် သူ မြန်မာနိုင်ငံသားများက တညီ တညွတ်တည်း ပြောကြသည်။
Credit: The Trade Times