ပြည်ပ ကုန်တင်သင်္ဘောများဆိုက်ကပ်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဆိပ်ခံ
တံတားပေါင်း ၁၃ စင်း တည်ဆောက်ရန် ရှိသည့်အနက် သုံးစင်း တည်ဆောက်ပြီးဖြစ်ကြောင်း
သိရသည်။
"ရန်ကုန်ဘက်ခြမ်းဆိုရင်တော့ မြန်မာ့စက်မှုဆိပ်ကမ်း၊ မြတ်မေတ္တာမွန်၊ အဏ္ဏ၀ါ ဆိပ်ခံတံတား
တွေပြီးပြီ။ ကျန်တဲ့ဆယ်စင်းက တော့ တည်ဆောက်နေဆဲပဲ။ သီလ၀ါမှာ လည်း တံတားတွေ
အများကြီးဆောက်နေ တယ်။
"ဒါတွေက နိုင်ငံတကာက သင်္ဘောတွေ ဆိုက်ကပ်ပြီး ကုန်သေတ္တာတွေ တင်ချနိုင်ဖို့၊ ဆီတင်
သင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့လည်း ပါပါတယ်။ တခြားအသုံးပြုမှုတွေအတွက်လည်းပဲ ပါပါတယ်။
သီလ၀ါမှာကတော့ အကွက်နဲ့ တွက်တာဆိုတော့ အကွက်ပေါင်း ၃၇ နေရာမှာ ကုမ္ပဏီပေါင်း ၂၀
ကျော်က တည်ဆောက်နေကြတာ ဖြစ်ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာ
ချုပ် ဦးမြသန်းက ပြောသည်။
ရန်ကုန်တွင် ဆက်လက်တည်ဆောက်ဆဲ ဆိပ်ခံတံတားများမှာ အလုံသစ်တောဝင်းအမှတ်(၁)၊
(၂)၊ (၃)၊ နှင့် မြန်မာ့စက်မှု ဆိပ်ခံတားတစ်စင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ အမ်ပီအေ၊
အေရှားဝေါ၊ ရွှေနာဝါ၊ ရွှေတောင်နှင့် မက်စ်ကုမ္ပဏီတို့၏ ဆိပ်ခံတံတားများဖြစ်သည်။
သီလ၀ါဆိပ်ကမ်းဒေသတွင်မူ နေရာခွဲဝေချထားမှုများအရ အကွက်ပေါင်း ၃၇ ကွက်ရှိရာ အထွေ
ထွေကုန်စည်/ကုန်သေတ္တာတံတား နေရာများအတွက် ၁၀ ကွက်၊ စက်သုံးဆီတင်/ချတံတားများ
အတွက် ၁၀ ကွက်နှင့် သုံးပုံတစ်ပုံကွက်၊ ကတ္တရာတံတားအတွက် တစ်ကွက်၊ ကောက်ပဲသီးနှံ
တံတားအတွက် ငါးကွက်နှင့် သုံးပုံနှစ်ပုံကွက်၊ အမ်ပီအေ တံတားအတွက် ငါးကွက်၊ သင်္ဘောဖျက်
လွန်းကျင်းအတွက် လေးကွက်၊ စက်သုံးဆီတံတားအတွက် တစ်ကွက်တို့ဖြစ်ပြီး တည် ဆောက်
နေဆဲဖြစ်သည်။
Credit: mmtimes