မန္တလေးတိုင်းဒေသကြီးအတွင်း ကြယ်အဆင့် သတ်မှတ်ထားသောဟိုတယ်များ နည်းပါးနေသေး

မန္တလေးတိုင်းဒေသကြီးအတွင်း ကြယ်အဆင့် သတ်မှတ်ထားသောဟိုတယ်များ နည်းပါးနေသေး - Property News in Myanmar from iMyanmarHouse.com
9 Mar 2015 9:59 am တွင် တင်ခဲ့သည်
928 ကြိမ် ကြည့်ရှု့ပြီး
မန္တလေး တိုင်းဒေသကြီးအတွင်း ဟိုတယ်၊ မို တယ်နှင့် တည်းခို ရိပ်သာများတည် ဆောက်ထားရှိသော်လည်း ကြယ် အဆင့် သတ်မှတ်ထားသောဟိုတယ် များမှာ နည်းပါးနေသေးကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ဟို တယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ တည်ဆောက်ထား ရှိသော်လည်း ကြယ်လေးပွင့်အဆင့် ဟိုတယ် နှစ် လုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ် ရှစ်လုံး၊ ကြယ်နှစ်ပွင့် အဆင့်ဟိုတယ် ၂၅ လုံး၊ ကြယ်တစ်ပွင့်အဆင့် ဟို တယ် ၁၉ လုံးနှင့် ကြယ်အဆင့်အ ဖြစ် အသိအမှတ်ပြုထားသော ဟို တယ်တစ်လုံးတို့သာရှိသည်။

”ကျွန်တော်တို့ဌာနအနေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ် တဲ့အချိန်မှာ သူတို့နေထိုင်စားသောက် ရာမှာ အခက်အခဲမဖြစ်စေဖို့အတွက် ဟိုတယ် လုပ်ငန်း လိုင်စင်တွေကို ချ ထားပေး နေပါတယ်။ အခုချိန်မှာ တည်ဆောက်ဆဲ ဟိုတယ်အရေအ တွက်က ၃၁ လုံးနီးပါးရှိတယ်။ အ ခန်းပေါင်းက ၂၄၆၆ ခန်းဖြစ်တဲ့အ တွက်တည် ဆောက်ပြီးစီးခဲ့ရင် တိုင်း ဒေသကြီးအတွင်း လည်ပတ်နေတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေရဲ့ တည်းခိုနေထိုင်ရေးက ပူစရာမလို တော့ဘူး”ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန (မန္တလေးတိုင်းဒေသကြီး)ညွှန် ကြားရေးမှူးကပြောသည်။

”အရင်တုန်းက ဟိုတယ်လုပ် ငန်းလိုင်စင်ရရှိဖို့ တိုင်းဒေသကြီးအ ဆင့်ကို တစ်ဆင့်တင်ရတယ်။ အခု အချိန်မှာ တိုင်းဒေသကြီးအဆင့်ကို တင်စရာမလိုတော့ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်း ဝန်ကြီးဌာနရဲ့ထောက် ခံချက်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ဆောက်လုပ် မိန့်နဲ့ ကျန်တဲ့လိုအပ်တဲ့အထောက် အထားအပြည့်အစုံတွေနဲ့အတူ ဆောက်လုပ်ခွင့် တင်ရတယ်။ဆောက် လုပ်မိန့်ကျတဲ့အခါမှာ ဟိုတယ်အ ဆောက်အအုံကို ဆောက်လို့ရမယ်။

စည်ပင်ရဲ့ သတ်မှတ်စံချိန်စံညွှန်းအ တိုင်းအဆောက်အအုံ ဆောက်လုပ် ပြီးသွားရင်တော့ ဟိုတယ်ခရီးမှာ ဟို တယ်လုပ်ငန်း လိုင်စင်လျှောက်ထား လို့ရပါတယ်။ အခုချိန်မှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေတိုးပွား လာပြီး တိုးတက်ပြောင်းလဲလာနေ တယ်။ နိုင်ငံရေးကလဲ ပြောင်းလဲတိုး တက်နေတယ်။

ဒီလိုအချိန်မှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့လုပ် ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာဝန် ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအ ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းတွေ စည်းကမ်းတကျဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်”ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးမြင့် အောင်ကပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၄ခုနှစ်တွင် ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာ အ လုံးပေါင်း၁၃ဝကျော်နှင့် အခန်းပေါင်း ၅၅၃ဝ ကျော်ရှိရာ ယခုတည်ဆောက် ဆဲဟိုတယ် ၃၁ လုံး ပြီးစီးသွားပါက တိုင်းဒေသကြီးအတွင်း ဟိုတယ်လုံး ရေ၁၆၇လုံးနှင့် အခန်းပေါင်း၇၉၉၆ ခန်းအထိ ရှိလာမည်ဖြစ်သည့်အ တွက် မန္တလေးမြို့သို့ဝင်ရောက်လာ မည့် နိုင်ငံခြားခရီးသွားဧည့်သည် များ တည်းခိုနေထိုင်ရာတွင် အခက်အခဲမဖြစ်ပေါ်ဘဲ ဝင်ရောက်လာမည့် ဦးရေပမာဏနှင့် ဟိုတယ်၊ အခန်း များမှာလုံလောက်မှုရှိလာမည်ဖြစ် သော်လည်း ကြယ်အဆင့်သတ်မှတ် ထားသောဟိုတယ်များ လိုအပ်လျက် ရှိကြောင်း သိရသည်။

Credit: Democracy today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service