သဲကန္တာရထဲက အိုအေစစ်မြို့တော် အပြင်မှာ တကယ်ရှိ နေကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပီရူး နိုင်ငံ မြို့တော် လီမာမြို့ရဲ့ တောင်ဘက်ကီလိုမီ တာ (၃၀၀) အကွာမှာ သဲကန္တာရ လွင်ပြင်ကြီးရှိ နေပြီး အဲဒီအရပ်မှာ ဟူအာကာချီနာ ဆိုတဲ့ ဒေသတစ်ခုတည် ရှိပါတယ်။
ဒီအရပ်ဒေသ မှာ နေထိုင်သူ (၉၆) ဦးလောက်ရှိပါတယ်။ ဒီဒေသကို သဲကန္တာရ အိုအေစစ်လို့ သတ်မှတ်ထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာဟာ အိုအေစစ်လို သာယာ အေးချမ်းနေ တာကြောင့် ဖြစ်ပါတယ်။ သဲကန္တာရထဲမှာ ဒီလို မြင်ကွင်းမျိုး မြင်ရဖို့ဆိုတာ အလွန်ခက်ခဲပါ တယ်။
ဟူအာကာချီနာ ဒေသဟာ ရေကန်ဘေးမှာ တည်ထားတဲ့ မြို့ငယ်လေးပုံစံ ဖြစ်ပါတယ်။ အမြဲတမ်း နေထိုင်သူ (၉၆) ဦးလောက်သာ ရှိပေမယ့် ဟိုတယ်၊ စားသောက်ဆိုင်၊ စာကြည့်တိုက်စတာတွေကို ဖွင့်လှစ်ထား ပါတယ်။ ဒီနေရာဟာ ရေကန်၊စိမ်းလန်းတဲ့ သစ်ပင်စတာတွေရှိနေ တာကြောင့် လာရောက် သူတွေ အတွက် စိတ်ကြည်နူးမှုကို ရရှိမှာ ဖြစ်ပါတယ်။သဲကန္တာရ လိုနေရာမှာ စိမ်းလန်းတဲ့ နေရာမျိုး ရှိနေခြင်းက ဆွဲဆောင်မှု ရှိစေမှာဖြစ်ပါတယ်။
ဒီနေရာကို လာရောက် သူတွေဟာ သဲကန္တာရထဲက အိုအေစစ် အဖြစ် သတ်မှတ်ထားကြ ပါတယ်။ သဲကန္တာရ ထဲမှာ ဆော့ကစားခြင်း တို့ကို လည်း ပြုလုပ်ကြပြီး လူငယ်တွေကတော့ စကိတ်ဘုတ် စီးနင်းကြ သလို အချို့ကလည်း ရေကန်ထဲမှာ လှေစီးခြင်း တို့ကို ပြုလုပ်တတ်ကြ ပါတယ်။
ဒီနေရာဟာ (၁၉၄၀) ၀န်းကျင်တုန်းက လူချမ်းသာတွေ လာရောက် အပန်းဖြေ တတ်တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ မှာတော့ ရေကန် ထဲမှာရေခန်းခြောက် လာတာကြောင့်ဒေသခံတွေဟာ အနီးစပ်ဆုံးမြို့ ကနေ ရေတွေယူပြီး ကန်ထဲကို ထည့်သွင်းခဲ့ပါ တယ်။ ဒီနေရာကို ပီရူး အစိုးရက အမျိုးသား အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ထား ပါတယ်။
Credit: messenger